28/11/2009
ရင်ထဲမှာ အရမ်းခံစားနေရတယ်။ သူ့ ကို ဘာလို့ ဒီလောက်ချစ်နေရတာလဲလို့  ကိုယ့် ကိုကိုယ်မနေ့ ညက အကြိမ်ကြိမ်ပြန်မေးမိတယ်။ ကိုယ် အုတ်ခုံပေါ်မှာ ငိုရင်း အချိန်အကြာကြီးစဉ်းစားမိတယ်။
သူ မရှိရင် ကိုယ်တကယ်ပဲမနေနိုင်တော့ဘူးလား။ ကိုယ်အဲလောက်တောင် ရူးသွပ်နေပြီလား။
ကိုယ်စိတ်ကူးပေါက်ပေါက်နဲ့  ရွဲ့ ပစ်လိုက်ချင်တယ်။ သူ ကပြောတယ်။ မျို သိပ်ထားရတာတွေများပြီတဲ့ ။ ကိုယ်ကရော..?
ကိုယ် က control freakတဲ့ ။သူ့ ကို သိပ်ချစ်တဲ့ အချစ်တွေက ကိုယ့် ကို control freakတယောက် အသွင်ပြောင်းပေးမိလိုက်တာလား။ဒီလို control freakတယောက်မဖြစ်ချင်ရင် သူ့ ကိုမုန်းပြီး ဒီrelationship ကို ဆက်လျှောက်သွားရမှာလား။
ကိုယ်တို့ နှစ်ယောက်က ပြောင်းပြန်ဖြစ်နေပြီ။ မနေ့ ညက ကိုယ်တို့ အကြီးအကျယ်စကားများကြတယ်။သူ ကလမ်းခွဲဖို့ စပြောတယ်။ ကိုယ်အ၇မ်းဝမ်းနည်းမိတယ်။
ကိုယ့်ကိုမနိုင်တိုင်း break up ဆိုတဲ့ စကားလုံးနဲ့ ထိန်းချုပ်တာကို ကိုယ် အရမ်းရွံတယ်။
ကိုယ်ငိုနေတာတွေ့ တော့ သူမပြန်ရက်ဘူး။ ကိုယ့် ကို မေးတယ်။ How many chance do you want?တဲ့ ။ကိုယ်ရင်ထဲမှာ အားရပါးရရီမိလိုက်တယ်။ ကိုယ် သိပ်ချစ်ရတဲ့ ယောက်ျားတယောက်ပါးစပ်က ထွက်တဲ့ စကား။ သူများ ချစ်သူတွေကြားမှာ ဒါမျိုးက မိန်းကလေးရှင်ဘက်ကပြောရမယ့်စကား။ ဒါပေမယ့် ကိုယ်ပြောလိုက်တယ်။ what is the point you are giving me a chance when you yourself wanna over with me??
So be it တဲ့ ။ဒီစကားပြောပြီးသူပြန်သွားတယ်။ ကိုယ်ဆက်ပြီးကျန်ခဲ့တယ်။ကိုယ်တို့ နှစ်ယောက် ဒီလို အကြီးအကျယ်ရန်မဖြစ်တာကြာပြီ။ရန်ဖြစ်ရင်လည်း break up အထိတော့ေ၇ာက်ကြတာပဲ။
ကိုယ့်ဘ၀မှာ သူဟာ တစိတ်အပိုင်းဖြစ်တဲ့ အချိန်ကစပြီး ကိုယ် အရှုံးကို ပျော်ပျော်ကြီး မယူချင်ပဲနဲ့ ယူနေရတယ်။ ကိုယ့်ကို သူ give inဆိုပြီး တကယ်တမ်းအနိုင်ပိုင်းနေတာ သူကိုယ်တိုင်ပဲဆိုတာ ကိုယ်တို့ ၂ယောက်စလုံးသိတယ်။
ကိုယ် သူ့ အပေါ်ချစ်တဲ့ ပုံစံတွေကို ပြောင်းရတော့ မယ်။ ဒါမျိုးတွေမလုပ်ချင်ဘူး။
ဒါပေမယ့်ကိုယ် ပြောင်းပစ်၇တော့ မယ်။
သူ့ ကို နာကျည်းပစ်ရတော့ မယ်။
သူ့ အပေါ်ဖောက်ပြန်ပစ်ရတော့ မယ်။
သူ့ ကို လိမ်လည်ရတော့ မယ်။
ယောက်ျားတယောက်ကို သစာရှိရှိ နှစ်အကြာကြီးတွဲလာရတာ တကယ့်ကို ဆုံးရှုံးမှုကြီးတခုပါလား။
ကိုယ့်အချစ်တွေက သူ့ ကို မွန်းကျပ်စေတယ်တဲ့ ။ သူ့ ကို ထိန်းချုပ်ထားတယ်တဲ့ ။
ကောင်းပြီ။ ကိုယ်လုပ်နေကြတွေနဲ့ ပြောင်းပြန်တွေ ကိုယ်လုပ်ပြတော့မယ်။
ဒီနေ့ ကစပြီး ကိုယ်ပြောင်းပြန်တွေလုပ်တော့မယ်။ ၂၈၊၁၁၊၂၀၀၉- ကိုယ်တို့  ချစ်သူသက်တမ်း ၅၁ လ ပြည့်တဲ့ နေ့ မှာပဲ ကိုယ်ဟာ ကိုယ်သိပ်ချစ်ရတဲ့ ယောကျာ်းကို မုန်းရတဲ့ မိန်းမ၊
သစာမရှိတဲ့ မိန်းမတယောက်ဖြစ်ခွင့်လိုက်ရတယ်။
သိပ်မုန်းရတဲ့ မိန်းမကိုသိပ်ချစ်ရတဲ့ ယောက်ျားတယောက်နဲ့  သိပ်ချစ်ရတဲ့ ယောက်ျားတယောက်ကို မုန်းရတဲ့  မိန်းမတယောက်တို့ ရဲ့  ဇာတ်လမ်းက ခုချိန်က စပြီးကြည့်ကောင်းနေတော့မှာ သေချာသွားပြီ။