တိုးတက်လာခြင်း
တလော က ရွာကအမျိုးတယောက်  ပိုက်ဆံလှမ်းချေးတယ်( စီ့ကို အထင်ကြီးပုံများ.. တပြားနဲ့ တချပ်ပဲရှိတယ်ဆိုတာမသိလေရော့ပဲ)
စီကလည်း လူအထင်ကြီးအောင် ဘယ်လောက်လဲပေါ့။
ဟိုဘက်က လှမ်းပြောတယ်။ မများပါဘူး။ သိန်း၂၀တည်းပါတဲ့ ။အဲဒါနဲ့  သိန်း၂၀ဆိုတာ စလုံးဘယ်လောက်လဲ လျှောက်တွက်ကြည့်တော့ စလုံး၂၀၀၀ကျော်နေတယ်။
အို ပါ့.. ဖုရာ..ဖုရာ..စလုံး၂၀၀၀ကျော်ကို သိပ်မများပါဘူးတဲ့။ သွပ်ပြားမှာတော့ မစားရက်မသောက်ရက် ၂၀၀၀မပြောနဲ့ ၂၀၀တောင်မထိရက်ဘူး။
အချိန်ပိုတွေဇွတ်ရမ်းလုပ်လို့  တိုတိုကတောင်အစာမကြေချင်တော့တဲ့ ဘ၀မှာ သူ က တောင်းရက်လေခြင်း။
အဲဒါနဲ့ ရှေ့ မျက်နှာကို ရှေ့ မှာထားပြီး အဲလောက်တော့မရှိသေးပါဘူးရှင်လို့ ပဲ အမှန်တရားကို ရဲရဲဝံ့ဝံ့ကြီးရင်ဆိုင်ပစ်လိုက်တယ်။
အဲဒါနဲ့ ပဲ မြန်မာသူငယ်ချင်းတယောက်ကိုမေးကြည့်မိတယ်။ ရန်ကုန်မှာသိန်း၂၀ဘာလုပ်လို့ ရလဲဟင်လို့ ..။မနှဲလေးနတ်တင်လို့ ရတယ်တဲ့။ ဘယ်နှယ့် သူများတွေသိန်း ၅၀၀၀
သိန်း ၉၀၀၀ ပြောနေတဲ့ အချိန်မှာ စီက သိန်း၂၀အကြောင်းလာမေးတယ်။ ရှက် ရှက်..(မရှိတဲ့ အရှက်ကိုရှက်နေတာ)။
မရှိလို့ နိုင်ခြံကားမှာလုပ်စားနေပါတယ်ဆိုမှ ရှင်တို့ ကလူကြီးတွေပဲ။သိန်း၁၀၀၀လောက်က အသာလေးပေါ့။
စီမှတ်မိသေးပါတယ်။ ငယ်ငယ်တုန်းကပေါ့ (အူဝဲတော့မဟုတ်ဘူး) ။ ကျောင်းတက်တော့ တရက်မှ ၂၀ကျပ်ပဲရတယ်။ အဲဒီတုန်းက ဒွေးခေါင်းစွပ်အင်္ကျီလက်ပြတ်လိုချင်လို့ 
ပိုက်ဆံကို အသေအလဲစုခဲ့ရတယ်။ အဲဒီတုန်းက ၇၀၀ကျပ်လားမသိဘူး။အတော်လေးစုမိဆောင်းမိတော့မှလိုချင်တဲ့အင်္ကျီကိုဝယ်နိုင်ခဲ့တယ်။ခုတော့ ၇၀၀ကျပ်ဆိုတာ ready-madeငါးခြောက်ပုတ်တထုပ်တောင်ဝယ်စားလို့ မရဘူး။
အရင်တုန်းက ၁၄သိန်းဆိုရင်ပဲ တိုက်ခန်းတခန်းဝယ်လို့ ၇နေပြီ။ခုတော့ သူငယ်ချင်းက ရွဲ့ ပြီး သိန်း၂၀ဆိုတာ မနဲလေးနတ်စင်ပဲတင်လို့ ရမယ်တဲ့။ သွပ်..သွပ် ပြောရက်လိုက်တာကွယ်။ အဲဒီ သိန်း၂၀ဆိုတာ စလုံး ၂၀၀၀ကျော်နဲ့ ညီတယ်ကွဲ့ ။ မစာနဲ့ မနာ ပြောရက်လိုက်တာ။ရှင်တို့ လူတွေရော ဟုတ်သေး၇ဲ့ လား။
ခုလိုလကုန်ခါနီးရက်များဆို  စီ့မှာ ဒေါ်လှက အနားမကပ်ချင်တော့ဘူး။ ဒေါ်လှမရှိတော့  စီမှာ တိုတိုအနားကပ်နေရတယ်။တိုတိုနဲ့ အပြင်ထွက်တိုင်း တိုတိုကျွေးတာစား။တိုတိုပြတဲ့ရုပ်ရှင်ကြည့်နဲ့ ။
ဒီမှာ လစာ ၂၀၀၀ကျော်ရရင် လူရာဝင်သေးတယ်။စားနိုင်သောက်နိုင်၊bus လေးစီးပြီး အလုပ်သွားအလုပ်ပြန်၊
တပတ်တခါ ရုပ်ရှင်တကား၊dinnerတပွဲစားလို့ ဝင်သေးတယ်။
မြန်မာပြည်မှာ  သိန်း၂၀ရှိရင်ပဲ လူရာသိပ်မ၀င်ချင်တော့ ဘူး။ နတ်စင်ဆောက်ပြီးနတ်တွေနားသွားနေမှပဲရမယ်။ဒါမှလည်း စီ့ positionကလူတွေထက်မြင့်မှာ။
အဖတို့ နိုင်ငံခြားထွက်ပြီးအလုပ်လုပ်တော့  သူ့ ခေတ်သူအခါက မြန်မာပိုက်ဆံနဲ့ တဆွေလုံးတမျိုးလုံးကိုကြည့်နိုင်တယ်။
စီတို့ ကျောင်းပြီး အလုပ်လုပ်လို့ ရတဲ့ လစာနဲ့  စီတို့ ခေတ်စီ့ တိုအခါက မြန်မာပိုက်ဆံက တဆွေလုံးတမျိုးလုံးမပြောနဲ့  အဖနဲ့ အမေတို့  အသက်ကြီးလို့ မြန်မာပြည်မှာပြန်နေရင်
တောင် ကောင်းကောင်းကြည့်နိင်ပါ့မလား မသိ။
တော်ကြာ။  သမီးစီရေ..အမေတို့ ခရီးထွက်ဖို့  သိန်း ၃၀၀၀လောက်လှမ်းဖို့ လိုက်ပါကွယ်ဆိုရင်တော့ ..ဖုရာ..ဖုရာ..မတွေးဝံ့မကြားဝံ့ တွေဖြစ်ကုန်ရော့မယ်။
One Response to “တိုးတက်လာခြင်း”
  1. လေလွင့်သူ Says:
    ကျားကြီးတော့ ခြေရာကြီးသွားတာပေါ့ဗျာ။ အထက်တန်းစား၊ လူ့မလိုင်၊ ရေပေါ်ဆီ၊ အခွင့်ထူးခံ၊ အခွင့်ရေးသမားတွေကတော့ သိန်း ၂၀ ဆိုတာ ဘယ်ပြောပလောက်မလဲ။ မနေ့ကပဲ သတင်းမှာတွေ့လိုက်တယ် MRTV 3 New Studio Complex လုပ်ငန်းကို သန်းပေါင်း ၁ သောင်း ၃ ထောင်နဲ့ ရွှေတောင်ကုမ္ပဏီက ၀ယ်လိုက်တယ်ဆိုပဲ။ သန်း ၁ သောင်း ၃ ထောင် .. ဘုရား ဘုရား။ ပြီးခဲ့တဲ့လက ပဲခူးမှာ ရေလှူသွားခဲ့တယ်။ ရေဘောက်ဆာကားနဲ့ လာလှူတဲ့ရေတွေကို ခံထားဖို့ ပုံးတွေ ခွက်တွေတောင် မရှိကြတဲ့ ဆင်းရဲသားနင်းပြားတွေ အများကြီးမှ အများကြီးတွေ့ခဲ့ရတယ်။ မြန်မာပြည်မှာ ဆင်းရဲသားနဲ့ အထက်တန်းလွှာ ကွာဟမှုက သိပ်ကြီးသွားပြီဗျ။
Leave a Reply
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 6 months ago[*]
:where ya? about 1 year ago