တိုးတက်လာခြင်း
Monday, December 28th, 2009တလော က ရွာကအမျိုးတယောက် ပိုက်ဆံလှမ်းချေးတယ်( စီ့ကို အထင်ကြီးပုံများ.. တပြားနဲ့ တချပ်ပဲရှိတယ်ဆိုတာမသိလေရော့ပဲ) စီကလည်း လူအထင်ကြီးအောင် ဘယ်လောက်လဲပေါ့။ ဟိုဘက်က လှမ်းပြောတယ်။ မများပါဘူး။ သိန်း၂၀တည်းပါတဲ့ ။အဲဒါနဲ့  သိန်း၂၀ဆိုတာ စလုံးဘယ်လောက်လဲ လျှောက်တွက်ကြည့်တော့ စလုံး၂၀၀၀ကျော်နေတယ်။ အို ပါ့.. ဖုရာ..ဖုရာ..စလုံး၂၀၀၀ကျော်ကို သိပ်မများပါဘူးတဲ့။ သွပ်ပြားမှာတော့ မစားရက်မသောက်ရက် ၂၀၀၀မပြောနဲ့ ၂၀၀တောင်မထိရက်ဘူး။ အချိန်ပိုတွေဇွတ်ရမ်းလုပ်လို့  တိုတိုကတောင်အစာမကြေချင်တော့တဲ့ ဘ၀မှာ သူ က တောင်းရက်လေခြင်း။ အဲဒါနဲ့ ရှေ့ မျက်နှာကို ရှေ့ မှာထားပြီး အဲလောက်တော့မရှိသေးပါဘူးရှင်လို့ ပဲ အမှန်တရားကို ရဲရဲဝံ့ဝံ့ကြီးရင်ဆိုင်ပစ်လိုက်တယ်။ အဲဒါနဲ့ ပဲ မြန်မာသူငယ်ချင်းတယောက်ကိုမေးကြည့်မိတယ်။ ရန်ကုန်မှာသိန်း၂၀ဘာလုပ်လို့ ရလဲဟင်လို့ ..။မနှဲလေးနတ်တင်လို့ ရတယ်တဲ့။ ဘယ်နှယ့် သူများတွေသိန်း ၅၀၀၀ [...]