မင်းသမီး
Sunday, January 24th, 2010“ဟေ့ အမေကြီး မင်းသမီး ကို နဲနဲပြောအုံး။ မင်းသမီး ပေါက်စ ဖြစ်တာနဲ့ ပဲ ဟိုလူနဲ့ လိုက်သွားလိုက်။ ဒီလူက partyရှိလို့ ခေါ်လို့ သွားလိုက်နဲ့ ။ ညည ဆို အိမ်တောင်ပြန်အိပ်သေးရဲ့ လား” “အော် ကိုကိုကလည်း ဒါက သမီးတို့ အနုပညာ အသိုင်းအ၀ိုင်းဓလေ့ထုံးစံဟာကို..ဒီလောက်လဲပူမနေပါနဲ့ ။ သမီးအသက်က ၂၀တောင်ရှိနေပြီ။နိုင်ငံခြားမှာဆို ၁၆နှစ်နဲ့ တောင်အကုန်လုပ်လို့ ရနေတာ” “အေး ၂၀ပဲရှိသေးလို့ သတိပေးနေရတာပေါ့။ဒါ နိုင်ငံခြားမဟုတ်ဘူး။ မြန်မာနိုင်ငံ။သမီးက မင်းရဲ့ သမီးဆိုတာလည်းမမေ့နဲ့ အုံး။ ပိုက်ဆံထုတ်တဲ့ စက်မဟုတ်ဘူး။မင့် သမီးက မင်းသုံးဖို့ သိန်း၅၀ သိန်း ၁၀၀ ပေးလိုက်။ မင်းက မျက်စိမှိုတ်ပြီးသမီးလုပ်ချင်တာလုပ်ခိုင်းနဲ့ ။” “အော် သမီလေး မင်းသမီးဖြစ်လို့ ခင်တို [...]