နောက်ဆုံးတော့လည်း..
Friday, January 22nd, 2010NOTEBOOKကိုပဲပြန်ေ၇ာက်တာပဲ။ window7နဲ့ မြန်မာစာကို installလုပ်လို့ မရဘူး။ ဒီတော့ လည်း အဖရဲ့  notebookကိုခဏငှားသုံးပြီးစာရေးရတယ်။ ဘ၀ ဘ၀.. အဲလို .. ဘာပဲဖြစ်ဖြစ်စီ ကတော့ စီ့ PCကိုကြိုက်တယ်။ မြန်မာလို ရေးလို့ မရတာကလွဲလို့  ကျန်တာအကုန်လုပ်လို့ ရတာကိုး။နဂိုတည်းကလည်း ကြိုက်လို့ ဝယ်ထားတာကိုး။စီမကြာခင် အလုပ်တွေအရမ်းများတော့မယ်။ စာသိပ်ရေးဖြစ်တော့မှာမဟုတ်ဘူး။ ဒီလိုပါပဲ။ အလုပ်နဲ့ အိမ်၊ တိုတိုနဲ့ စီ..၊ချာလပတ်လည်နေတာပဲ။ ခရီးတော့ထွက်ဖြစ်သေးတယ်။ အနီးအနားပါပဲ။ ဒီနှစ်တော့  မြန်မာပြည်ပြန်မယ်စဉ်းစားတိုင်းအခွန်ဆောင်ရမှာစိုးလို့  အသက်ပင်သေသေ ဂေါ်နဲ့ ကော်တာတောင်မပြန်ဘူးဆိုပြီး တင်းခံနေတာ။ အခွန်ဆောင်မယ့်ပိုက်ပိုက်တွေကို တိုတိုနဲ့ တနိုင်ငံသွားပြီး လျှောက်လည်လိုက်ရင်တောင် ပျော်ရွင်မှုကိုရအုံးမယ်။ ဘယ်နှယ့် မစားရက်မသောက်ရက်.. ပင်ပင်ပန်းပန်းနဲ့ ရှာထားတဲ့ပိုက်ဆံတွေကို အလကားသွားလှူနေရတယ်။ မသဒါလိုက်တာ.. ထွီ! [...]