foxie284
ရေးချင်တာရေးထားတဲ့ crapbook

ရင်နာတယ်

Posted in မြန်မာ့အရေး  by foxie284 on March 30th, 2010

စီပဲအသက်ကြီးလာလို့ လားမသိဘူး။ စီမျက်စိနဲ့ မတည့်တဲ့ အရာတွေခဏခဏတွေ့ နေတယ်။

တနေ့  က အားလို့ facebookကို ၀င်မိတယ်။ ဘာရယ်မဟုတ်ပါဘူး။ ပျင်းတာနဲ့ ဝင်ကြည့်မိတယ်။…

စင်ကာပူက မြန်မာကလေးလေးတွေအတော်လေးကိုပျက်စီးနေတာ။ ပျက်စီးနေတာက တော်သေးတယ်။ ကိုယ့်အရှက်ကိုယ်ခွဲတာက တော်သေးတယ်…

ဘဲတွေနဲ့ အိပ်ခန်းထဲမှာ ခုတင်ပေါ်မှာ အတူတူရိုက်ပြီး တင်ထားတဲ့ဓါတ်ပုံတွေတင်ထားတယ်…အဲဒီအထိ စီဘာမှမဖြစ်သေးဘူး။ ကြွားချင်လို့ နံ့ တာအပြစ်မဟုတ်ဘူး။

ပြီးတော့  နောက်တပုံမှာ မိဘပုံတွေထင်တားတယ်။ …

ဘာကြောင့်တင်ထားတာလဲတော့ မသိဘူး…။

စီသာ အဖေတယောက်ဖြစ်ခဲ့ရင် .. ကိုယ့်သမီးလုပ်ရပ်အတွက်အတော်လေးရင်နာမိတယ်ထင်တာပဲ။

စီကတော့ ပြတ်တယ်။ မိုက်ချင်ရင် တယောက်တည်းမိုက်တယ်။ လုပ်ချင်တာရှိရင် တယောက်တည်းလုပ်ချလိုက်တယ်။

မိဘတွေ ဆွေမျိုးတွေမထည့်ဘူး။


စီ တယောက်တည်းရဲ့  လုပ်ရပ်ဟာ စီတယောက်တည်းမှာပဲပြီးတယ်။စီ့ မိဘတွေဘယ်သူ ဘယ်ဝါဆို တာ တခြားသူတွေသိစရာမလို ဘူး။

တခါတလေ မြန်မာမိန်းကလေးတွေဟာ အတော်လေး ignorance ဖြစ်တယ်။ ကိုယ်ဘာလုပ်မိတယ်.. ကိုယ့် လုပ်ရပ်က ကိုယ့်အပြင် ဘယ်သူ့ ကို ထိခိုက်သေးလဲဆိုတာမျိုး

ကြိုတင်တွေးခေါ်တတ်တဲ့ အတွေးအမြင်မျိုးမရှိဘူး။…

အဲဒါကြောင့်လည်း အမြဲတမ်းခံနေရတာ… နဲသေးတယ်။

5 Responses to “ရင်နာတယ်”

  1. လေလွင့်သူ Says:

    အင်း … အဲ့ဒီလို မိန်းကလေးမျိုးတွေကို ဓာတ်ပုံနဲ့တကွ စုဆောင်းပြီး ဂျီမေးလ်လိပ်စာတွေ၊ ကိုယ်ရေးအချက်အလက်တွေပါ ဖြည့်စွက်ပြီး ယောက်ျားလေးအချင်းချင်း မျှနေကြတာ တွေ့ရတယ်။ ဘယ်ဆော်ကတော့ ဒီမှာသားကြီးရေ၊ ဘယ်လိုရွနေတာ ဘာညာနဲ့ပေါ့လေ။ ဒီပုံတွေဟာ တစ်ချိန်ချိန်မှာ သူတို့အတွက် မလိုလားစရာ ဖြစ်လာနိုင်တယ်ဆိုတာ မသိနိုင်လောက်အောင် အသိဥာဏ်ပဲ နုံနဲ့တာလား (သို့မဟုတ်) ကိုယ့်မှာရှိတာ ပြချင်တဲ့ရောဂါကပဲ အသိစိတ်ကို ဖုံးလွှမ်းသွားကြတာလား။ ရှေ့မှာလည်း အွန်လိုင်းကပုံတွေ၊ အွန်လိုင်းကမူဗီတွေနဲ့ ဘယ်လိုတွေဖြစ်သွားကုန်တယ်ဆိုတာ သင်ခန်းစာတွေလည်း အများကြီးရှိပါတယ်။

  2. လေလွင့်သူ Says:

    ဘိုင်သယ်ဝေး … မစီရေ ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ရတာ ၀မ်းသာပါတယ်။ ဆက်လက်ရေးသားပါဦး။

  3. foxie284 Says:

    ကျန်းမာပါစ.. လေလွင့်သူ?
    စီက တော့်ကို ရေပြတ်လို့ ရေငတ်ပြီးရှောသွားပြီထင်နေတာ။ဟီးဟီးဟီး

  4. လေလွင့်သူ Says:

    အမလေး … ပူလောင် ခြောက်သွေ့ မီးပျက် ဖုန်ထူ ရေမရှိ ခြင်ကိုက်တဲ့ နွေကာလတွေက တကယ့် ခြောက်အိပ်မက်တွေလိုပဲ။ အသက်တောင် ဆယ်နှစ်လောက် တိုသွားတယ်လို့ ခံစားလိုက်ရတယ်။ လာမယ့်နွေကိုတော့ … အင်း … ဒီတောင်တော့ မကျော်နိုင်လောက်တော့ဘူး။ တို့ပြေ တို့မြေက မြန်မြန်ခွာမှပါပဲ….

  5. foxie284 Says:

    ၀ါး အာဂ ခြင်ပဲ။ ဒီလောက်ပူလောင် ခြောက်သွေ့ မီးပျက် ဖုန်ထူ ရေမရှိတာတောင် ခြင်ဖြစ်နိုင်သေးတယ်။
    ဘယ်ရေမရှိတဲ့ မြောင်းထဲမှာ လေဥဥပြီး ခြင်ပေါက်တာလဲမသိဘူးနော်. ဟားဟားဟား

    ဒီကျော်ကိုမတောင်နိုင်ရင်တော့ အောက်ကပဲ ကျွင်းတူးပြီးဖြတ်ခဲ့ပါ :)

Leave a Reply

foxie :where ya? about 1 month ago[*]
Tsamina mina eh eh Waka Waka eh eh 2 months ago