တကယ်ပေါက်တဲ့ ဗုံး..

ဒီတခါတော့ တကယ်ပေါက်သွားတယ်နော်။ စီအရမ်းဝမ်းသာ မိပါတယ်။စီတို့ မြန်မာတွေ ဒီတခါတော့ လူသေနိုင်တဲ့ ဗုံးမျိုး ထောင်နိုင်တဲ့ အတွက်ပါ။

အရင်ကဆို အမှိုက်ပုံနားပေါက်လိုက်။ မြောင်းနား တွေ့ လိုက်။မပေါက်ခင် သူများတွေ့ ရတာနဲ့ ။ ပေါက်တော့လည်း လူကမသေတာနဲ့ ..

မြန်မာပြည်က ဗုံးဆိုရင် လူတွေ ခနဲ့ ချင်ကြတယ်<စီအပါအ၀င်ပေါ့>

မြန်မာပြည်က ဗုံးများခမျာ..ဗုံးလို့ ခေါ်ပေမယ့်  ဗုံးအရည်အချင်းနဲ့ မပြည့် ဝတဲ့ အတွက် ဗုံးဖြစ်ရကျိုး အတော်မနပ်နိုင်ရှာမှာပဲ။ကြည့်ရတာ made in chinaနဲ့ တူတယ်။

ဘယ်သူ့  ဘယ်ဝါလက်ချက်ပဲဖြစ်ဖြစ် စီလက်ချက်မဟုတ်တာကတော့ အသေချာပဲ။ ဗုံးပေါက်တုန်းကစီ အိမ်မှာအိပ်နေတယ်။ စီမှာလည်း၂ပုံးတော့ရှိတယ် ရေပုံး။

စီစဉ်းစားမိတယ်။ ဘာလို့ များ ဒီအချိန်ကြီးကျမှပေါက်တာလဲပေါ့… အော..election တောင်ရောက်တော့မှာကိုး။

အဲဒါ အင်တာနက်ထဲက မြန်မာနိုင်ငံရေးwebsiteတချို့ ဖတ်ကြည့်မိတယ်.. အဲလိုပဲ ရေးနေ တွေးနေကြတယ်.. ။hello…၂၀၀၈ကနေ ၂၀၁၀တောင်ရောက်လာပြီ။..Do somethingလေ။ စီကတော့ ဘာမှ မdo နိုင်လို့ မdoတော့ဘူး။မdoနိုင်ပဲနဲ့ ဘာမှလျှောက်မပြောနဲ့ ပြီးတော့ လာမပြောပါနဲ့ ။ ကိုယ့်အပေါက်နဲ့ ကိုယ်ပြောတာ.. သူများဟာငှားပြီးပြောနေတာမဟုတ်ဘူး..ဟွန့် ။

စလုံးမှဆိုရင်လေ electionနားနီးရင် အစိုးရက ပြည်သူစကားသိပ်နားထောင်တာပဲ။ဗုံး ပေါက်ဆိုဝေလာဝေး။ ပြည်သူတွေကလည်း electionနားနီးရင် progress packageတွေရကြတော့ ပျော်တာပေါ့..ပျော်တာပေါ့..။ စီတို့  မြန်မာနိုင်ငံကျတော့ electionနားနီးရင် ကြောက်ရလေပဲ။ တော်ကြာ မတော် ခရီးသွားရင်း ဗုံးပေါ်တက်နင်းမိနေမှ.. အရှင်လတ်လတ်နတ်ပြည်တပိုင်း ငရဲပြည်တပိုင်းရောက်နေလိမ့်မယ်။

Leave a Reply

foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 6 months ago[*]
:where ya? about 1 year ago