foxie284
ရေးချင်တာရေးထားတဲ့ crapbook
Archive for June, 2010
သိပ် သိပ်ချစ်ရပါတော့ တိုတို..
Posted in Uncategorized  by foxie284 on June 30th, 2010
Dနေ့  အိပ်ရာက ထတော့ စိတ်ကလေးက အတော်ကြည်နေတယ်။
စီနဲ့ တိုတိုနဲ့  ဘယ်သူခေါင်းမာကြေးပြိုင်ရာမှာ စီကနိုင်သွားတယ်။
သဘောတူပြီး၃ရက်မြောက်နေ သူ ဖုန်း အရင်စခေါ်တယ်။
စီသူ့ ကို အဆက်အသွယ်မလုပ်တာ၂ရက်ရှိသွားပြီ။
စီ ငြိမ်နေရင် သူ စိတ်ချမ်းသာပေမယ့် ၂၄နာရီကျော်ရင်တော့ သူစိတ်ပူလာပြီ။
စီကလည်း ဘယ်ရမလဲ။ စီ စိတ်ဝင်စားနေတဲ့ မလေးဘဲ တဗွေ(သူ)နဲ့ water follow fish follow လုပ်နေတာကိုး။
တိုတိုက တခါကပြောဖူးတယ်။ မင်းကို မေ့ပျောက်ဖို့ တခြားမိန်းမ ကိုယ်မလိုဘူးတဲ့ ။ ကိုယ့်အလုပ်ထဲမှာတင်ကိုယ် busy ဖြစ်နေတာ။
မင်းကတော့ ကိုယ့်ကို မေ့ပျောက်ချင်ရင် တခြားယောက်ျားတယောက်ကိုအစားထိုးဖို့ အမြဲကြံနေတယ်တဲ့။
ဒါတွေကိုတိုတိုသိရင် ပြီးတာပါပဲ တိုတိုရယ်လို့ ပြောလိုက်ချင်ပါတော့တယ် …hmmmm.
စီ့ လက်ကိုင်ကတော့ ရေများရေနဲ့ လိုက် ယောက်ျားများယောက်ျားနဲ့ လိုက်..အဲပါဘူး..ပေါ်ကုန်ပြီ။
ဥပမာ အလုပ်တခုပြုတ်ရင် နောက်အလုပ်ထပ်ရှာရမယ်.. ဒါcommon senseပဲဟာ။
အလုပ်ပြုတ်တာ ယောက်ျားယူလို့ မှမရတာ။
ပိုက်ဆံမရှိရင် ပိုက်ဆံရှာရမယ်..
ယောက်ျားရှာလို့ မရတာ။(ပိုက်ဆံလို သုံးလို့ မရပေမယ့် ပိုက်ဆံနီးပါးသုံးလို့ ရတဲ့ ယောက်ျားများလည်းရှိပါတယ်။ဒါကလည်း စီ က ချူစားတဲ့အထဲမပါတော့ တိုတိုနဲ့ ရန်ဖြစ်တိုင်း အစားထိုးဖို့ 
အဲလို ယောက်ျားမျိုးမရှာချင်လည်းပါတယ်)။ စီအတွက် ကဘောလုံးကောင်းကောင်းကန်တတ်တဲ့ ဘဲတဗွေနဲ့ အမြဲတမ်း ဘောပွဲအကြောင်းပြောနေရင် တော်ပြီ။အဲလို လူမျိုးတယောက်ကိုလည်း
စီရထားပြီးပြီ။ တိုတိုတော့ နာပြီမှတ်။ ဒါကြောင့်လည်းသူ စိတ်ပူပြီးစီ့ကိုD နေ့ ဖုန်းဆက်လိုက်တာ ။ဝါး ကား ကားကား။
ပြောမယ့်သာပြောရတာ။ တိုတိုသာ  စီစိတ်ဝင်စားနေတဲ့ သူဟာ Paraguayက နံပါတ်၁၆တူတယ်လို့ သာသိလို့ ကတော့ ပွဲကြီးပွဲကောင်းပဲ။
Dဇာတ်လမ်းကို တိုတိုပဲစခဲ့တာပါ။စီ ယောက်ျားတယောက်ကို တစိုက်မတ်မတ်ချစ်ခဲ့ပေမယ့် တိုတိုအနေနဲ့ စီအတွက်သိပ်ချစ်ရတဲ့ ယောက်ျားဟာ သူတယောက်တည်းရှိလို့ 
အားအားတိုင်း သူကို ပြသာနာရှာနေပါတယ်လို့ ပြောခဲ့တဲ့အချိန်ကစပြီး
စီ ဟိုတယောက်ကို standbyထားထားတာ။ စီမတရားဘူးဆိုတာ စီသိပါတယ်။အထူးသဖြင့် (သူ )အတွက်ပါ။ဘဲနဲ့ အဆင်ပြေရင်သူ့ ကိုခေါက်ထားလိုက်။
လူစားမျိုး။
ဒါပေမယ့် သူလို လူမျိုးကသူငယ်ချင်းတယောက်အနေနဲ့ ပဲကောင်းတယ်ဆိုတာ စီအသိဆုံးပဲ။စီ့ဘဲနဲ့ သာ ပြတ်လို့ ကတော့ (သူ)နဲ့ တွဲပြီးသားပဲ။
ဒါကြောင့်လူကြီးတွေကပြောတာ ယောက်ျားမယူနဲ့ သောကများတယ်တဲ့ ။ ယောက်ျားမယူနဲ့ တဲ့ တယောက်ပဲရမယ်တဲ့။
အပျိုကြီးဂိုဏ်းထူပြီး သောက နဲနဲနဲ့  ယောက်ျားအများကြီးယူလိုက်အုံးမယ်.. ဟားဟားဟား..
စီကသာ ကြံစည်တုန်းရှိသေးတာ.. စီ့ထက်ငယ်တဲ့သူတွေ  စီ့ထက် ၁၀ဆလောက် ကမြင်းပြီးနေပြီ။
စီ့အသက်အရွယ် သူတို့ေ၇ာက်လာရင်တော့ အိမ်ထောင်မကျသေးပဲ ယောက်ျား၁၀ယောက်လောက်ရနေလောက်ပြီ။
နှလုံးရောဂါရတော့မယ်
Posted in အားကစား  by foxie284 on June 30th, 2010
အဲဒါတွေကြောင့်ဘောပွဲမကြည့်ချင်တာ။
မနေ့ ညကparaguay နဲ့ japanကန်တာကိုသွားကြည့်မိတာ..အောင်မလေး..လေး..။ရင်တွေခုန်လိုက်တာ။penalty မှာစီ သေချင်စိတ်ပေါက်လောက်အောင်ကို မကြည့်ရဲ တာ။ သရဲကားထက်တောင်ဆိုးသေးတယ်။ စီ့မှာ ညကြီးသန်းခေါင်အော်လိုက်၇တာ..။
အဖက တောင်ဆူသေးတယ်။ စီ့အသံဗြဲကြီးနဲ့ လူတွေ လန့် ကုန်မယ်တဲ့ ..
သားအဖနှစ်ယောက်က ဘယ်တော့မှမတည့်ပေမယ့် ဘောလုံးပွဲတို့ ဟာသကားတို့ ကြည့်ရင်တော့ တလေသံတည်းပဲ။
မနေ့ က စီတို့ ဘောပွဲကြည့်နေတာနဲ့ ချစ်မေမေက တခြားမှာသွားအိပ်ရတယ်။
သားအဖ နှစ်ယောက် အဖြေကျော် လျက်ဆားလေးစားလိုက်ေ၇ထသောက်လိုက်နဲ့ ။
အဖက Japanကို နိုင်မယ်ထင်နေတာ.. စီလည်းအဲလိုပဲထင်နေတာ။(စကားမစပ် Japan က နံပါတ်၁၇ ကရေလည်မိုက်တယ်။မင်းသားလုပ်
စားလို့ ရတယ်။)
ကံကြမာက မျက်နှာသာမပေးတော့လည်း penaltyမှာ japan ဘက်က တိုင်ထိသွားရှာတယ်..။
နောက်ဆုံးတော့လည်း ကံကြမာကို ပုံချကြတာပဲ။
paraguay မှာ ကစားတဲ့  striker က သူနဲ့ အတော်တူတာပဲ။ သူ့ ကိုတောင်မနေ့ ညက အဲဒီအကြောင်းပြောသေးတယ်။
ယူနဲ့ တူတဲ့ playerတယောက် Paraguayမှာပါတယ်လို့ ။ သူ က ရီတယ်။
နောက်တခါ ဆံပင်ညှပ်ရင် အဲဒီplayerလို ညှပ်လို့ ။
ဒီအားကစား သမားက စီနဲ့ အသက်တူတူပဲ ဟားဟ..။မိုက်တာကွာ။
lucas-barrios
lucas barriosဲဒီ ဆံပင်စတိုင်လ် ကိုစီရေလည်ကြိုက်တယ်။ ရေလည် ယောက်ျားပီသတယ်။ ယောက်ျားတယောက်ဟာ ယောက်ျားပီသနေရင် သူဟာသူ ဘယ်လောက်ရုပ်ဆိုးဆိုး ကြည့်လို့ ကောင်းနေတာပဲ။
ဘယ်လိုလိုနဲ့  worldcup ကြောင့် သူနဲ့ ပြန်ဆက်သွယ်ဖို့ အကြောင်းကဖန်လာပြီကိုး။
လူတွေ -ကိုယ်ခြင်းစာတရား
Posted in လူ  by foxie284 on June 29th, 2010
စီ လေ လူတွေအကြောင်းသာ ငြီးတိုင်း ၁၀ဒေါ်လာလောက်ရရင် ခုဆို သူဠေးဖြစ်လောက်နေပြီ။
စီကို ရင်ကိုအေးမြသွားစေသား.. မဖြစ်ပဲ ပိုလို့ တောင်ပူလောင်ပြီး ပို ပြီး ရွဲ့ ဖြစ်ချစ်စိတ်သာပေါက်မိတော့တယ်။ ဒီနေ့ အလုပ်စသွားပြီး ပြန်လာတော့ လူက အတော့်
ကို ပျိုင်းနေပြီ။ အားလုံး အတူတူ အလုပ်သွား အလုပ်ပြန်တွေပဲ။
အလုပ်ဆင်းမှတော့ အိမ်ကို အချိန်ရင်ရောက်ပြီပေါ့။ ဒီထက်မြန်မြန်ရောက်ချင်ရင်လည်း Jetတစီးသာ ၀ယ်စီးပေတော့ ။ အဲလို ကျတော့ လည်းမဟုတ်ပြန်ဘူး။သူတို့ က။
စီ က MRT ကအထွက် သူတို့ က အ၀င်ပေါ့..။လူတွေ့ ရင် ရှောင်သွားတာမဟုတ်ဘူး။ တည့်တည့်ကြီးလာတယ်။ စီလည်း အဲလို ဟိုရှောင်ဒီရှောင်နဲ့ အလုပ်သွား
ခုဟာက သူမက ပဲ စီ သူမကိုအကြွေးတင်လို့  လာတောင်းသလိုနဲ့ ။စီလည်း သီချင်းကိုအသားကုန်အကျယ်ကြီးဖွင့်ပြီး ear piece ကို နားမှာတပ် ပြီး သူဆီကို တည့်တည့်ကြီးလျှောက်လာတယ်။ စီက အလုပ်သွားရင် အိတ်အကြီးကြီးကိုသယ်နေကျ။အနောက်မှာထားတဲ့ အိတ်ကို ဘေးကိုပို့ ပြီး  ဆင်နဲ့ ကျားလယ်ပြင်မှာfightတော့မယ့်  styleနဲ့ ပေါ့။
အဲဒီမိန်းမကလည်းမရှောင်ဘူး။ စီကလည်းမရှောင်ဘူး။
သူမနဲ့ အရမ်းကို အနီးကပ်သွားတဲ့အချိန်ကျတော့  ဘေးကိုပို့ ထားတဲ့ အိတ်ကို အနောက်ဘက်ပြန်ပို့ ပြီး စီ့ လက်မောင်းနဲ့ အားရပါးရတိုက်ချလိုက်တယ်..
ဝါး.. မိုက်တယ်ကွာ..။သူ က စီ သူကိုရှောင်ပေးမယ်ထင်နေတာ..
ဘယ်ရမလဲ..မိစီတဲ့ ..တစီပဲရှိတယ်…ကွီး ကွီးကွီး..။
လုံးဝ sorryမပြောပဲ ဆက်လျှောက်လာတယ်.. အဲလိုနဲ့ အပြန်လမ်းမှာ နောက်ထပ်လူ ၄လောက်ထပ်တိုက်လာခဲ့တယ်။
စီက ၄ဂဏန်းကြိုက်တာကိုး။ ၄ယောက်နဲ့ တင် ရပ်ထားရတယ်။ ဟိုးဟိုးဟိုး။ မဟုတ်လို့ တော့လား..။တခါတုန်းကလည်း
အလုပ်ကိုသွားတဲ့ feeder busပေါ်မှာစီးနေကျလူတွေပါလာတယ်။စီက stop button ကို  အမြဲနှိပ်နေကျကိုး။
အဲဒါ  လူတွေက stop buttonကို နှိပ်ဖို့ ပျင်းကြတာနဲ့ ဘယ်သူမှမနှိပ်ဘူး။စီ နှိပ်တာကိုစောင့်နေကြတာ။ စီလည်း မနှိပ်လည်းနေကွာ။ ငါလည်းမနှိပ်ဘူးဆိုပြီး ပေပြီးနေတာ။အလုပ်ရောက်ပြီးတမှတ်တိုင်ကျော်မှ အဒေါ်ကြီးတယောက်က နှိပ်လိုက်လို့ အကုန်ဆင်းလာတာ။
သောက်ပျင်းတွေ။ နောက်တခါ စီ့ ကို ဘယ်တော့မှလာအားမကိုးနဲ့ ။ ဒါမျိုးမရဘူး။
ကိုယ့်အားပဲကိုယ်ကိုးကြ။
happy 58th month
Posted in My Special One  by foxie284 on June 28th, 2010
I love you.
things weren’t smooth as we thought
but glad that you were always with me.
two more months and we can celebrate our 5th Anni.
love.
ပျော်လိုက်တာ
Posted in ခ၇ီးသွား  by foxie284 on June 25th, 2010
မိုးတွေရွာနေတယ်.. ရေလည်မိုက်တယ်.. ခုနေများမိုးရေချိုးလိုက်ရရင် ရှယ်ပဲ။
ငယ်ငယ်တုန်းက မိုးရေချိုးတာကိုသတိရမိတယ်..။
ခုလည်းချိုးချင်စိတ်တွေပေါက်လာပြန်ပြီ။ ဘယ်တော့အအေးပတ်သေမလဲမသိဘူး.. သေချင်သေကွာ။
မကြောက်ဘူး.. ဟားဟားဟား..
ဟော မိုးခြိမ်းသံတွေလည်းကြားနေရတယ်.. မိုက်တာကွာ…။ရွာ..ရွာ.. အဲလို ပက်ပက်စက်စက်ရွာပစ်လိုက်စမ်း…။
လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းက ဒီလိုမိုးကောင်းချိန် ဓါတ်တိုင်ကဓါတ်ကြိုး ပြတ်ကျပြီး လမ်းသွားတဲ့ သူပေါ်ပြုတ်ကျလို့ တခါသေဖူးတယ်..
မောင်ဝင်းဆိုင်က ကျွဲရိုင်း၂ခွက် မိုးအေးအေးမှာတောင် ရေခဲတုံးထည့်သောက်လိုက်သေးတယ်
၇န်ကုန်ပြန်ရောက်စတုန်းက ပိုက်ဆံရပြီးတာနဲ့ မျောက်အုန်းသီးရသလို  တခါတည်း အကင်ဆိုင်သွားပြီး မြေအိုးထမင်းသွားစားကြတယ်။
အဲဒီတုန်းကလည်းမိုးတွေရွာလိုက်တာ.. ရေလည်ပျော်ဖို့ ကောင်းတယ်။
ကိုရင်လေးရဲ့  ဖိနပ်လေး
ဧရာဝတီတိုင်းကပြန်လာတော့ လမ်းမှာ ကားကြုံလိုက်တဲ့ ကိုယ်ရင်လေးရဲ့ ဖိနပ်ကိုကြည့်ပြီးစီအတော်စိတ်မကောင်းဖြစ်သွားတယ်..။ကိုယ်ပေါ်မှာလည်းအကွက်တွေ၊ရေမချိုးတာ ဘယ်လောက်ကြပြီလည်းမသိဘူး။
သာသနာ့ ဘောင်ထဲကို တကယ်ဝင်ချင်လို့ ကိုရင်ဝတ်တာလား မိဘတွေမတတ်နိုင်လို့ ကိုရင်ဝတ်တာလားမသိဘူး။ တချက် တချက်အိပ်ငိုက်သွားတဲ့ ကိုရင်လေးက သူ့ ဖိနပ်ကလေးကိုစီ ခိုးရိုက်ထားတာ သိပုံမပေါ်ဘူး။
နောက်တခါမြန်မာပြည်ပြန်ရင် အလယ်ပိုင်းဒေသကို သွားမယ်။တွေးရင်းနဲ့ ပျော်လိုက်တာ။  သိပ်တောင်မလို တော့ဘူး။
အဖပြောတာမှန်လိုက်တာ.. ဘာပဲပြောပြော မြန်မာဟာ မြန်မာပဲ..ကရင်ဟာကရင်ပဲ.. ကချင်ဟာကချင်ပဲ ဘာဟာဘာပဲတဲ့ ။မြန်မာပြည်နဲ့ အလှမ်းဝေးတဲ့ စီတောင်မြန်မာပြည်ကို ခဏပြန်လိုက်တာ ၁ရက် ၂ရက် လောက်ချိုးဖြူရေပုတ်နဲ့ ချိုးလိုက် ခြင်လိုက်ရိုက်လိုက်နဲ့ .. ၃ရက်မြောက်နေ့ ကျတော့ နေသားကျသွားတာပဲ။
ရန်ကုန်နဲ့ ဧရာဝတီတိုင်းတလျှောက်က လယ်ကွင်းယာခင်းတွေမြင်လိုက်ရတာ စိတ်ထဲမှာအေးချမ်းသွားတာပဲ။ မိုးလေးတွေကဖွဲဖွဲနဲ့  စိမ်းလန်းနေတာပဲ။ အဲဒီလေတွေကိုတ၀ကြီးရှူခဲ့တယ်။ကျွဲတွေ…နွားတွေ..၀က်တွေ..မြင်းတောင်ပါလိုက်သေးတယ်.. စားကျက်မှာလွှတ်ထားတာ..
ငါး၊ပုဇွန်စတဲ့ အင်းကန်တွေလည်းအများကြီးပဲ။
အမှတ်ရဆုံးတော့ ဆိုင်ကယ်ကို ဦးထုပ်မပါပဲစီးတာ.. ၀ါး..ပျော်ဖို့ အရမ်းကောင်းတာပဲ.. ကုန်းပေါ်ကဆင်းတော့ အော်လိုက်တာ..ရေလည်းfeelလာတယ်..။ဇလွန်မြို့ က ပြည်တော်ပြန်ဘုရားနားတော့ ရောက်သေးတယ်..။ဧရာဝတီမြစ်ကြီးကိုဓါတ်ပုံရိုက်ချင်ပေမယ့် နေအရမ်းပူတာကြောင့်မရိုက်ဖြစ်လိုက်ဘူး..။
ရန်ကုန်ထဲပြန်ဝင်လာတော့ လည်းမိုးတွေရွာလိုက်တာ..သည်းနေတာပဲ။
foxie :where ya? about 1 month ago[*]
Tsamina mina eh eh Waka Waka eh eh 2 months ago