ဇွန်လ ၄ရက်
yangon times ကို ဖတ်နေသည့်အခိုက်.. အင်မတန်မှ စိတ်ဝင်စားဖွယ်ကောင်းသော ကြော်ငြာတခုကြောင့် အိပ်ချင်နေသောမျက်လုံးများ ပြူးပြီးကျယ်လာသည်..
“ဒေါ်လာငွေဈေး ကျချိန်သည် နိုင်ငံခြားတွင် ကျောင်းတက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်
Diploma in hospitality management(F&B)
ရန်ကုန်                                                       စင်္ကာပူ                                 စင်္ကာပူ
စာတွေ့  ၃-လ ====>               စာတွေ့  ၄-လ====>                        အလုပ်သင် ၆-လ=============>        အလုပ်အကိုင်
“မှန်ကန်သော သဘောထားများဖြစ်သည့် လွန်စွာသည်းခံခြင်း၊ လုံလောက်သော်ဘာသာ စကားကျွမ်းကျင်မှု နှင့် ဒီပလိုမာ တခုရလျင် အလုပ်ရနိုင်ပါသည်.
hla myo kyaw
assistant cheif stewarding manager
concord hotel, orchard road, singapore
MIEC.PMC Group
၁၂-၀၁၊အိုလံပစ်တာဝါ၊ဗိုလ်အောင်ကျော်လမ်း၊ဖုံး ၃၉၁၆၁၇၊ ၁၅၆၆၀၂”
စင်ကာပူမှာအဲလောက်အလုပ်ရတာ လွယ်ကူမယ်ဆိုရင် အမှတ်ကောင်းကောင်းနဲ့ ၁၀တန်းအောင်တဲ့ ကလေးတွေ ဒီမှာ ပေါ်လီကို ၃နှစ်အချိန်ဖြုန်းပြီးတောင် လာတက်စရာမလိုတော့ဘူး..။သင်တန်းကာလကိုကြည့်ချင်းအားဖြင့် ရိုက်စားမှန်းသိတာတယ်..။စင်ကာပူ က ကျောင်းနာမည်လည်း မဖော်ပြထားဘူး။
မဟုတ်ရင်..
“မှန်ကန်သော သဘောထားများဖြစ်သည့် လွန်စွာသည်းခံခြင်း၊ လုံလောက်သော်ဘာသာ စကားကျွမ်းကျင်မှု နှင့် ဒီပလိုမာ တခုရလျင် အလုပ်ရနိုင်ပါသည်ဆိုတဲ့ အပြင် အလုပ်မရသည်ရှိသော်
မရမချင်းရှာပေးသည်။ မရမချင်းရှာပေးသည့်တိုင်အလုပ်မရသေးသော် ရန်ကုန်ပြန်ဖို့ လက်မှတ်စရိတ်နှင့် ကျောင်းလခအားလုံး ပြန်လျှော်ပေးမည်”လို့ 
ရဲရဲဝံ့ဝံ့ ကြော်ငြာလိုက်စမ်းပါ။
Leave a Reply
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago