ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး
Monday, June 21st, 2010ပြီးခဲ့တဲ့ အပတ်တုန်းက ကမ်းနားလမ်းက မောင်ဝင်းအကင်ဆိုင်သွားစားတယ်။ မြေအိုးထမင်းကောင်းတယ်ဆိုလို့ ပါ။ priceတွေကတော့ ရှယ်တွေပဲ။တော်သေးတာပေါ့။ ကုန်ကျသလောက်ကို ၇၀၀ကျပ်နဲ့ ပြန်စားလို့ စားဝင်တာ။ မဟုတ်လို့ တော့လား.. ဟင်း..ဟင်း..ဟင်း.. အငတ်ခံပစ်လိုက်မယ်.. ငှဲငှဲငှဲ။ဝယ်မစားဘူး။ သာမာန်လူတွေဘယ်စားနိုင်မလဲ။ တပွဲ ၇၀၀ဆို ဟုတ်တုတ် တုတ်..။ စီ့ ကိုကျွေးတဲ့ သူတွေကိုတော့ အားတော့ နာပါရဲ့ ..။ အဲဒီ ကာရာအိုကေဆိုင်တွေ၊ အသားကင်ဆိုင်တွေက လူလတ်တန်းစားနဲ့ လူချမ်းသာတွေအတွက်ပဲပါတယ်ထင်တယ်။ တကယ်လို့ သာ စီသာ သာမာန် စာရေးမတယောက်ဆိုရင် စီဝယ်စားနိုင်ပါ့မလား။ ခုတောင်သူများကျွေးလို့ စားရတာ ဟီးဟီး။ စင်ကာပူမှာဆိုရင် စီ ဘယ်သွားသွား ပိုက်ဆံအိတ်တလုံးနဲ့ ဖုန်းတလုံးပဲယူသွားတတ်တဲ့ စီဟာ ရန်ကုန်မှာတော့ ဘေးလွယ်အိတ်ကြီးကြီးကို သွားလေရာ ကိုယူသွားရတယ်.. ကြွားပြောတာတော့ မဟုတ်ဘူး။ [...]