အတိတ်က သီချင်းတပုဒ်
စီ မှာ စီကြိုက်တဲ့ သီချင်းတွေရှိသလို .. စီနားထောင်လို့ မရတဲ့ စီမုန်းတဲ့ သီချင်းတွေလည်းရှိတယ်..
အဲဒီထဲမှာ  စီငယ်ငယ်တုန်းက  Zaw Win Htutဆိုတဲ့  သီချင်းတပုဒ်ရှိတယ်။
အဲဒီသီချင်းဟာ စီငယ်ငယ်လေးထဲက စိတ်ဝေဒနာကိုဖြစ်စေတဲ့ သီချင်းတပုဒ်ဆိုရင်လည်းမမှားဘူး။
စီမှာ ငယ်ငယ်က စီကို မွေးကတည်း ထိန်းလာတဲ့ အစ်မကြီးတယောက်ရှိတယ်..
အဖနဲ့ အမေတို့ ကရုံးဝန်ထမ်းတွေဆိုတော့ စီကိုမကြည့်အားဘူး။
စီ ငယ်ငယ်ကတည်း ကအဲဒီအစ်မရဲ့ လက်ထဲမှာကြီးလာတာ စင်ကာပူမလာခင်အထိပဲ။
စီ့ဘ၀ ရဲ့ တ၀က်ကို သူက ထိန်းကျောင်းလာခဲ့ပေးတာ..အဲဒီမှာပြသာနာက ဘယ်လိုစလာလဲဆိုတော့ ..
ငယ်ငယ်တုန်းက စီတို့ နေတဲ့ နေရာနားမှာလက်ဖက်ရည်ဆိုင်ရှိတယ်.. အဲဒီလက်ဖက်ရည်ဆိုင်ကနေ zaw win htutရဲ့ သီချင်းတပုဒ်ကိုဖွင့်တိုင်း စီက ကြားတိုင်း
အရမ်းစိတ်အားငယ်မိတယ်..စီအတော်ငယ်သေးတယ်ပြောလို့ ရမယ့်အရွယ်။
သီချင်းစာသားကိုစီနားမလည်ပေမယ့် အဲဒီသံစဉ်ကြားရင် စီစိတ်ထဲမှာ စီ့ကိုထိန်းတဲ့ အမကြီး တခြားသူနောက်ပါသွားမှာအရမ်းကြောက်ခဲ့တယ်..အဲဒီအချိန်ထဲ၊ အဲဒီအရွယ်ထဲက စီမြတ်နိုးတတ်
တဲ့ အရာတွေကို လက်လွှတ်ဆုံးရှုံးမှာကို စီအတော်လေးကြောက်မိတယ်..
အဲဒီသီချင်းကို ကြားရင် စီ အလိုလိုထအော်တဲ့ အထိပဲ။ တခါတလေ အဲဒီအမကြီးကို လက်ကဆွဲပြီး အခန်းထဲမှာ သူမရဲ့ ပေါင်ပေါ်မှာ ငြိမ်ငြိမ်လေးနေမိတယ်..။
အဲဒီတုန်းက zaw win htut က ခေတ်စားတော့ သူ့ အခွေဖွင့်တိုင်းအဲဒီသီချင်းကပါလာတတ်တယ်။ အဲဒီသီချင်းကြားရင် စီ နားကိုပိတ်ပြီး အော်ပါလေရော။
လက်ဖက်ရည်ဆိုင်က လည်း ၇အိမ်ကြား ၈အိမ်ကြားဖွင့်တတ်တယ်။ အဲဒီသီချင်းကြားရင် အဲဒီအမကြီးကိုစီနားမှာအမြဲခေါ်ထားတယ်။။
သီချင်းက chan chanဆိုထားတာ.. နာမည်က  ညို့ နိုင်လွန်းတဲ့ ကျွန်မချစ်သူတဲ့ .။ zaw win htutသီချင်းစာသားနဲ့ တူသေးလားတော့မသိဘူး။
ဒါပေမယ့် အဲဒီသံစဉ်ကိုတော့ စီအသေမုန်းတယ်..
HHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHH
HHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHHH. Fuck it!.. i hate it.
Leave a Reply
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago