ပျော်လိုက်တာ
Friday, June 25th, 2010မိုးတွေရွာနေတယ်.. ရေလည်မိုက်တယ်.. ခုနေများမိုးရေချိုးလိုက်ရရင် ရှယ်ပဲ။ ငယ်ငယ်တုန်းက မိုးရေချိုးတာကိုသတိရမိတယ်..။ ခုလည်းချိုးချင်စိတ်တွေပေါက်လာပြန်ပြီ။ ဘယ်တော့အအေးပတ်သေမလဲမသိဘူး.. သေချင်သေကွာ။ မကြောက်ဘူး.. ဟားဟားဟား.. ဟော မိုးခြိမ်းသံတွေလည်းကြားနေရတယ်.. မိုက်တာကွာ…။ရွာ..ရွာ.. အဲလို ပက်ပက်စက်စက်ရွာပစ်လိုက်စမ်း…။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းက ဒီလိုမိုးကောင်းချိန် ဓါတ်တိုင်ကဓါတ်ကြိုး ပြတ်ကျပြီး လမ်းသွားတဲ့ သူပေါ်ပြုတ်ကျလို့ တခါသေဖူးတယ်.. ၇န်ကုန်ပြန်ရောက်စတုန်းက ပိုက်ဆံရပြီးတာနဲ့ မျောက်အုန်းသီးရသလို တခါတည်း အကင်ဆိုင်သွားပြီး မြေအိုးထမင်းသွားစားကြတယ်။ အဲဒီတုန်းကလည်းမိုးတွေရွာလိုက်တာ.. ရေလည်ပျော်ဖို့ ကောင်းတယ်။ ဧရာဝတီတိုင်းကပြန်လာတော့ လမ်းမှာ ကားကြုံလိုက်တဲ့ ကိုယ်ရင်လေးရဲ့  ဖိနပ်ကိုကြည့်ပြီးစီအတော်စိတ်မကောင်းဖြစ်သွားတယ်..။ကိုယ်ပေါ်မှာလည်းအကွက်တွေ၊ရေမချိုးတာ ဘယ်လောက်ကြပြီလည်းမသိဘူး။ သာသနာ့ ဘောင်ထဲကို တကယ်ဝင်ချင်လို့ ကိုရင်ဝတ်တာလား မိဘတွေမတတ်နိုင်လို့ ကိုရင်ဝတ်တာလားမသိဘူး။ တချက် တချက်အိပ်ငိုက်သွားတဲ့ ကိုရင်လေးက သူ့ ဖိနပ်ကလေးကိုစီ ခိုးရိုက်ထားတာ သိပုံမပေါ်ဘူး။ နောက်တခါမြန်မာပြည်ပြန်ရင် အလယ်ပိုင်းဒေသကို [...]