ပျော်လိုက်တာ

မိုးတွေရွာနေတယ်.. ရေလည်မိုက်တယ်.. ခုနေများမိုးရေချိုးလိုက်ရရင် ရှယ်ပဲ။

ငယ်ငယ်တုန်းက မိုးရေချိုးတာကိုသတိရမိတယ်..။

ခုလည်းချိုးချင်စိတ်တွေပေါက်လာပြန်ပြီ။ ဘယ်တော့အအေးပတ်သေမလဲမသိဘူး.. သေချင်သေကွာ။

မကြောက်ဘူး.. ဟားဟားဟား..

ဟော မိုးခြိမ်းသံတွေလည်းကြားနေရတယ်.. မိုက်တာကွာ…။ရွာ..ရွာ.. အဲလို ပက်ပက်စက်စက်ရွာပစ်လိုက်စမ်း…။

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းက ဒီလိုမိုးကောင်းချိန် ဓါတ်တိုင်ကဓါတ်ကြိုး ပြတ်ကျပြီး လမ်းသွားတဲ့ သူပေါ်ပြုတ်ကျလို့ တခါသေဖူးတယ်..

မောင်ဝင်းဆိုင်က ကျွဲရိုင်း၂ခွက် မိုးအေးအေးမှာတောင် ရေခဲတုံးထည့်သောက်လိုက်သေးတယ်

၇န်ကုန်ပြန်ရောက်စတုန်းက ပိုက်ဆံရပြီးတာနဲ့ မျောက်အုန်းသီးရသလို  တခါတည်း အကင်ဆိုင်သွားပြီး မြေအိုးထမင်းသွားစားကြတယ်။

အဲဒီတုန်းကလည်းမိုးတွေရွာလိုက်တာ.. ရေလည်ပျော်ဖို့ ကောင်းတယ်။

ကိုရင်လေးရဲ့  ဖိနပ်လေး

ဧရာဝတီတိုင်းကပြန်လာတော့ လမ်းမှာ ကားကြုံလိုက်တဲ့ ကိုယ်ရင်လေးရဲ့ ဖိနပ်ကိုကြည့်ပြီးစီအတော်စိတ်မကောင်းဖြစ်သွားတယ်..။ကိုယ်ပေါ်မှာလည်းအကွက်တွေ၊ရေမချိုးတာ ဘယ်လောက်ကြပြီလည်းမသိဘူး။

သာသနာ့ ဘောင်ထဲကို တကယ်ဝင်ချင်လို့ ကိုရင်ဝတ်တာလား မိဘတွေမတတ်နိုင်လို့ ကိုရင်ဝတ်တာလားမသိဘူး။ တချက် တချက်အိပ်ငိုက်သွားတဲ့ ကိုရင်လေးက သူ့ ဖိနပ်ကလေးကိုစီ ခိုးရိုက်ထားတာ သိပုံမပေါ်ဘူး။

နောက်တခါမြန်မာပြည်ပြန်ရင် အလယ်ပိုင်းဒေသကို သွားမယ်။တွေးရင်းနဲ့ ပျော်လိုက်တာ။  သိပ်တောင်မလို တော့ဘူး။

အဖပြောတာမှန်လိုက်တာ.. ဘာပဲပြောပြော မြန်မာဟာ မြန်မာပဲ..ကရင်ဟာကရင်ပဲ.. ကချင်ဟာကချင်ပဲ ဘာဟာဘာပဲတဲ့ ။မြန်မာပြည်နဲ့ အလှမ်းဝေးတဲ့ စီတောင်မြန်မာပြည်ကို ခဏပြန်လိုက်တာ ၁ရက် ၂ရက် လောက်ချိုးဖြူရေပုတ်နဲ့ ချိုးလိုက် ခြင်လိုက်ရိုက်လိုက်နဲ့ .. ၃ရက်မြောက်နေ့ ကျတော့ နေသားကျသွားတာပဲ။

ရန်ကုန်နဲ့ ဧရာဝတီတိုင်းတလျှောက်က လယ်ကွင်းယာခင်းတွေမြင်လိုက်ရတာ စိတ်ထဲမှာအေးချမ်းသွားတာပဲ။ မိုးလေးတွေကဖွဲဖွဲနဲ့  စိမ်းလန်းနေတာပဲ။ အဲဒီလေတွေကိုတ၀ကြီးရှူခဲ့တယ်။ကျွဲတွေ…နွားတွေ..၀က်တွေ..မြင်းတောင်ပါလိုက်သေးတယ်.. စားကျက်မှာလွှတ်ထားတာ..

ငါး၊ပုဇွန်စတဲ့ အင်းကန်တွေလည်းအများကြီးပဲ။

အမှတ်ရဆုံးတော့ ဆိုင်ကယ်ကို ဦးထုပ်မပါပဲစီးတာ.. ၀ါး..ပျော်ဖို့ အရမ်းကောင်းတာပဲ.. ကုန်းပေါ်ကဆင်းတော့ အော်လိုက်တာ..ရေလည်းfeelလာတယ်..။ဇလွန်မြို့ က ပြည်တော်ပြန်ဘုရားနားတော့ ရောက်သေးတယ်..။ဧရာဝတီမြစ်ကြီးကိုဓါတ်ပုံရိုက်ချင်ပေမယ့် နေအရမ်းပူတာကြောင့်မရိုက်ဖြစ်လိုက်ဘူး..။

ရန်ကုန်ထဲပြန်ဝင်လာတော့ လည်းမိုးတွေရွာလိုက်တာ..သည်းနေတာပဲ။


Leave a Reply

foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 6 months ago[*]
:where ya? about 1 year ago