လူတွေ -ကိုယ်ခြင်းစာတရား
စီ လေ လူတွေအကြောင်းသာ ငြီးတိုင်း ၁၀ဒေါ်လာလောက်ရရင် ခုဆို သူဠေးဖြစ်လောက်နေပြီ။
ဘယ့်နှယ် နော်.. ကိုယ့်အတွက်ပဲကိုယ်ကြည့်တတ်ကြတယ်။ စင်ကာပူကိုခြေချလို့ မှ မ၀သေး..ကိုယ်ခြင်းစာတရားမရှိတဲ့ လူတွေရဲ့ မျက်ခွက်တွေဟာ..
စီကို ရင်ကိုအေးမြသွားစေသား.. မဖြစ်ပဲ ပိုလို့ တောင်ပူလောင်ပြီး ပို ပြီး ရွဲ့ ဖြစ်ချစ်စိတ်သာပေါက်မိတော့တယ်။ ဒီနေ့ အလုပ်စသွားပြီး ပြန်လာတော့ လူက အတော့်
ကို ပျိုင်းနေပြီ။ အားလုံး အတူတူ အလုပ်သွား အလုပ်ပြန်တွေပဲ။
အလုပ်ဆင်းမှတော့ အိမ်ကို အချိန်ရင်ရောက်ပြီပေါ့။ ဒီထက်မြန်မြန်ရောက်ချင်ရင်လည်း Jetတစီးသာ ၀ယ်စီးပေတော့ ။ အဲလို ကျတော့ လည်းမဟုတ်ပြန်ဘူး။သူတို့ က။
စီ က MRT ကအထွက် သူတို့ က အ၀င်ပေါ့..။လူတွေ့ ရင် ရှောင်သွားတာမဟုတ်ဘူး။ တည့်တည့်ကြီးလာတယ်။ စီလည်း အဲလို ဟိုရှောင်ဒီရှောင်နဲ့ အလုပ်သွား
အလုပ်ပြန်နေကျပဲဟာကို။ အဲဒီမှာ မိန်းမကြီးတယောက်ပေါ့နော်။ မျက်နှာကစူပုတ်ပုတ်နဲ့ စီ့ ဆီကိုတန်းတန်းကြီးလျှောက်လာတယ်.. ဘဲချောချောလေးဆိုရင်လည်းစီတို့ မပြောလို ပါဘူး။ Gentle womanပီသစွာနဲ့ ကိုယ်က ရှောင်ပေးလိုက်မှာပေါ့။
ခုဟာက သူမက ပဲ စီ သူမကိုအကြွေးတင်လို့  လာတောင်းသလိုနဲ့ ။စီလည်း သီချင်းကိုအသားကုန်အကျယ်ကြီးဖွင့်ပြီး ear piece ကို နားမှာတပ် ပြီး သူဆီကို တည့်တည့်ကြီးလျှောက်လာတယ်။ စီက အလုပ်သွားရင် အိတ်အကြီးကြီးကိုသယ်နေကျ။အနောက်မှာထားတဲ့ အိတ်ကို ဘေးကိုပို့ ပြီး ဆင်နဲ့ ကျားလယ်ပြင်မှာfightတော့မယ့်  styleနဲ့ ပေါ့။
အဲဒီမိန်းမကလည်းမရှောင်ဘူး။ စီကလည်းမရှောင်ဘူး။
သူမနဲ့ အရမ်းကို အနီးကပ်သွားတဲ့အချိန်ကျတော့  ဘေးကိုပို့ ထားတဲ့ အိတ်ကို အနောက်ဘက်ပြန်ပို့ ပြီး စီ့ လက်မောင်းနဲ့ အားရပါးရတိုက်ချလိုက်တယ်..
ဝါး.. မိုက်တယ်ကွာ..။သူ က စီ သူကိုရှောင်ပေးမယ်ထင်နေတာ..
ဘယ်ရမလဲ..မိစီတဲ့ ..တစီပဲရှိတယ်…ကွီး ကွီးကွီး..။
လုံးဝ sorryမပြောပဲ ဆက်လျှောက်လာတယ်.. အဲလိုနဲ့ အပြန်လမ်းမှာ နောက်ထပ်လူ ၄လောက်ထပ်တိုက်လာခဲ့တယ်။
စီက ၄ဂဏန်းကြိုက်တာကိုး။ ၄ယောက်နဲ့ တင် ရပ်ထားရတယ်။ ဟိုးဟိုးဟိုး။ မဟုတ်လို့ တော့လား..။တခါတုန်းကလည်း
အလုပ်ကိုသွားတဲ့ feeder busပေါ်မှာစီးနေကျလူတွေပါလာတယ်။စီက stop button ကို အမြဲနှိပ်နေကျကိုး။
အဲဒါ လူတွေက stop buttonကို နှိပ်ဖို့ ပျင်းကြတာနဲ့ ဘယ်သူမှမနှိပ်ဘူး။စီ နှိပ်တာကိုစောင့်နေကြတာ။ စီလည်း မနှိပ်လည်းနေကွာ။ ငါလည်းမနှိပ်ဘူးဆိုပြီး ပေပြီးနေတာ။အလုပ်ရောက်ပြီးတမှတ်တိုင်ကျော်မှ အဒေါ်ကြီးတယောက်က နှိပ်လိုက်လို့ အကုန်ဆင်းလာတာ။
သောက်ပျင်းတွေ။ နောက်တခါ စီ့ ကို ဘယ်တော့မှလာအားမကိုးနဲ့ ။ ဒါမျိုးမရဘူး။
ကိုယ့်အားပဲကိုယ်ကိုးကြ။