Archive for June, 2010
မင်းမျိုးမင်းနွယ်
Thursday, June 24th, 2010
စီ မြန်မာ့သမိုင်း တိုင်းရင်းသားသမိုင်းတွေကို စိတ်ဝင်စားမှုရှိသည့် အလျှောက် စာအုပ်ဆိုင်တွေမှာသမိုင်းနဲ့  ပတ်သက်တဲ့ စာအုပ်တွေကို စင်ကာပူမပြန်ခင်  အားရပါးရ၀ယ်ခဲ့ပါသည်။ ရန်ကုန်မှာ အိပ်လိုက်စားလိုက်၊  အပြင်ထွက်စားလိုက် ၊ အိမ်မှာစားလိုက်၊ ကိုးရီးယားdramaကြည့်လိုက်က လွဲလို့ တခြားလုပ်စရာမရှိတဲ့ စီဟာ.. ဒီအတောအတွင်းမှာတော့ မြန်မာသမိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေဖတ်ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ  မင်းသွေး မင်းမျိုးလေးအနည်းငယ်နှောမိပြီဆိုရင်ဂုဏ်ယူမဆုံးဖြစ်တတ်ကြပါတယ်။ တော်ဝင်သွေးပေကိုး။ စီငယ်ငယ်တုန်းက မြန်မာပြည်မှာကျောင်းတက်တုန်းက သူငယ်ချင်းတယောက်ရှိခဲ့ဖူးတယ်။ စမ်းချောင်းမှာနေတာ။ သူမရဲ့ အဘေးလို့ ခေါ်ရမလား။အဘီလို့ ခေါ်ရမလား မသိတဲ့ လူကြီးက အဲဒီခေတ်တုန်းက မင်းတုန်းမင်းလား သီပေါမင်းလားနဲ့ အမျိုးတော်သတဲ့။ သူမကို ကျောင်းလိုက်ပို့ တဲ့ အဖွားဆိုရင် ရွှေလက်ကောက်က ၁တောင်လောက်ရှိတယ်။ေ၇ွှဆွဲကြိုး စိန်နားကပ် ဖြိုးဖြိုးဖြက်ဖြက်နဲ့ ။ ကျောင်းကဆရာမတွေကလည်းသူမဆို ဖူးဖူးမှုတ်ထားတာ။ [...]
ကရင်သူဌေးကြီး
Thursday, June 24th, 2010
ကရင်လူမျိုး အကြောင်းလိုက်ရင် အရက်သမား ဘိန်းစားအလုပ်လက်မဲ့ …တောခို သေနတ်ကျည်မှန်..သေ၊ ကံကောင်းတဲ့ သူများကတော့ နိုင်ငံခြားရောက်၊ ပညာသင်ကြီးပွား၊ ဘ၀ခိုင်လုံကြပါသည်။ ဒါပေမယ့် ကရင်လူမျိုးထဲမှာ ပတ်ဝန်းကျင်က အောချရလောက်အောင် ချမ်းသာတဲ့ သူများအကြောင်းကို စီသိပ်မကြားမိဘူး။ ကချင်တို့ ရှမ်းလူမျိုးလောက်ပဲ မိဘအစဉ်အဆက်ချမ်းသာရင်းချမ်းသာလာကြတဲ့ သူဌေးတွေအကြောင်းပဲကြားမိတယ်..။ စီခရီးသွားရင်းမြို့ တမြို့  က အိမ်မှာ ထူးဆန်းတဲ့ ကရင်မိသားစုပုံတပုံရိုက်ခဲ့တယ်.. ဓါတ်ပုံကို မြင်ရင် ကရင်လူမျိုးမှန်းတောင် မထင်၇ဘူး။ ဓါတ်ပုံက နှစ်ပေါင်း ၁၀၀နီးပါးလောက်ရှိပြီ။ စီ့ အဖိုးတောင်မသေသေးရင် ၉၄နှစ်လောက်ရှိပြီဆိုတော့ ။ ဟိုးခေတ်တုန်းက ကရင်လူမျိုးများဟာ လူချမ်းသာများဖြစ်ကြတယ်ဆိုတာ  စီဖြင့် ကြားရရင်တောင်မယုံနိုင်ဘူး။ ခုခေတ်ကရင်လူမျိုးများကတော့ တာဇံတောင်အဖေခေါ်ရလောက်အောင် သူတို့ ရဲ့ ဘ၀တွေဟာ တောထဲမှာကျင်လည်နေရတယ်။ကံကောင်းရင်တော့ ထိုင်းနိုင်ငံထဲမှာ ခိုလှုံခွင့်ရကြပြီး [...]
ဒီသီချင်းနားထောင်တိုင်း သူကိုသတိရမိတယ်..
Thursday, June 24th, 2010
လုပ်ကြဟာ
Thursday, June 24th, 2010
၂၁ ရာစု ရဲ့ တက်ကနော်လော်ဂျီများကတော့ ပြောမပြောချင်ပါဘု.. တလုံးဝယ်လို့ မှ ၀အောင်မသုံးရသေး…ဟော နောက်တလုံးက ထွက်လာပြန်.. မရှိလို့ လုပ်စားပါတယ်ဆိုနေမှ.. လုပ်သမျှ မစားရက်မသောက်ရက်နဲ့ .. ဟော တလုံး ဟော တလုံးဆိုလိုက်ရင်ဖြင့် ဟောခနဲ ဟောခနဲ ကုန်လိုက်တဲ့ ဒေါ်လှတွေ.. တော် ကျုပ်ကို ၀ါစည်စက်ရုံများမှတ်နေပ.. ကျုပ် မိစိ လူသားစစ်စစ်ပါရှင်.. ခုလည်း ထွက်ပြန်ပြီ.. galaxyတဲ့။ လိုချင်တာများလွန်းလို့ ..အလကားပဲပေးသုံးလိုက်တော့ရှင်..။ မှတ်ချက် ( Iphone  တော့ 4Gမကလို့ 10Gဖြစ်ဖြစ် ဘယ်တော့မှမ၀ယ်ဘူး။)
အတိတ်က သီချင်းတပုဒ်
Tuesday, June 22nd, 2010
စီ မှာ စီကြိုက်တဲ့ သီချင်းတွေရှိသလို .. စီနားထောင်လို့ မရတဲ့ စီမုန်းတဲ့ သီချင်းတွေလည်းရှိတယ်.. အဲဒီထဲမှာ  စီငယ်ငယ်တုန်းက  Zaw Win Htutဆိုတဲ့  သီချင်းတပုဒ်ရှိတယ်။ အဲဒီသီချင်းဟာ စီငယ်ငယ်လေးထဲက စိတ်ဝေဒနာကိုဖြစ်စေတဲ့ သီချင်းတပုဒ်ဆိုရင်လည်းမမှားဘူး။ စီမှာ ငယ်ငယ်က စီကို မွေးကတည်း ထိန်းလာတဲ့ အစ်မကြီးတယောက်ရှိတယ်.. အဖနဲ့ အမေတို့ ကရုံးဝန်ထမ်းတွေဆိုတော့ စီကိုမကြည့်အားဘူး။ စီ ငယ်ငယ်ကတည်း ကအဲဒီအစ်မရဲ့ လက်ထဲမှာကြီးလာတာ စင်ကာပူမလာခင်အထိပဲ။ စီ့ဘ၀ ရဲ့ တ၀က်ကို သူက ထိန်းကျောင်းလာခဲ့ပေးတာ..အဲဒီမှာပြသာနာက ဘယ်လိုစလာလဲဆိုတော့ .. ငယ်ငယ်တုန်းက စီတို့ နေတဲ့ နေရာနားမှာလက်ဖက်ရည်ဆိုင်ရှိတယ်.. အဲဒီလက်ဖက်ရည်ဆိုင်ကနေ zaw win htutရဲ့ သီချင်းတပုဒ်ကိုဖွင့်တိုင်း စီက [...]
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 6 months ago[*]
:where ya? about 1 year ago