မြန်မာပြည်ကို ခြေချမိလိုက်တာနဲ့ ရင်ထဲက မွန်းကျပ်သွားတယ်။ ဟာ ငါ နိုင်ငံခြားကိုရောက်နေပါလားလို့ ။
ကိုယ့်တိုင်းပြည်ကိုယ်ပြန်လာတာ တခြားနိုင်ငံသွားလည်ရသလိုပဲ။
လေယာဉ်ပျံကြီးဆိုက်တော့  immigrationကိုဖြတ်ရတယ်။
ချစ်မေမေက ပိုပိုလိုလို စလုံး၁၀ဒေါ်လာယူသွားတဲ့။ ကြည့်အုံးပြောပုံက။စီက ခေါင်းမာတော့ ယူသွားမယ် ဒါပေမယ့် ဘယ် officerမှာမပေးဘူး။ စီပြန်လာရင် စီးဖို့  taxiခအနေနဲ့ သုံးမယ်လို့ ။
ကိုယ့်တိုင်းပြည်ကိုယ်ပြန်လာတာ ဘာလို့ ပိုက်ပိုက်ကပေးရမှာလဲ။ စီ့မှာငြိစရာဘာမှမပါဘူး။ ငြိအောင်လည်းမနေဘူး။
မသွားခင်လည်း ချစ်မေမေ ကအထပ်ထပ်မှာသေးတယ်။ passportကြားထဲမှာ သူမကိုယ်တိုင် အသေအချာထည့်ထားပေးတာ။ အဲဒါစီက စင်ကာပူလေဆိပ်လည်းရောက်ရော..
စီ့ ပိုက်ဆံအိတ်ထဲပြောင်းထည့်လိုက်တယ်။မှတ်ရော။ရန်ကုန်မှာ ၇၀၀၀က ဘာမှတောင်သုံးလို့ မလောက်ဘူး။
စင်ကာပူမှာ ၁၀ဒေါ်လာက Mac , KFC ,burger kingတို့ စားလို့ ရသေးတယ်။
အမေက စီပြန်မှာကို ၅နှစ်သမီးလေးပြန်တာကြနေပဲ။ တတွတ်တွတ်နဲ့ မှာလိုက်တယ်။မြန်မာပြည်ရောက်ရင်စီ့ အချိုးကို မြန်မာပြည်လေဆိပ်ကနေ စပြင်တဲ့ ။
ဘု ကလန့် လုပ်တဲ့ သောက်ကျင့်တွေဖျောက်တဲ့ ။immigrationက လူတွေကို ကောင်းကောင်းပြောတဲ့။၁၀ဒေါ်လာလည်းပေးဖြစ်အောင်ပေးတဲ့ ။အဲဒီပိုက်ဆံအကြောင်းကိုခဏခဏပြောတော့ 
စီ အဲဒီပိုက်ဆံကိုအမြင်ကတ်လာတယ်။ ဘယ်လိုနည်းနဲ့ မှ မြန်မာပြည်က ဘယ်သူကိုမှ မပေးဘူးလို့ ဆုံးဖြတ်လိုက်တယ်။ပိုက်ဆံမပေးလို့ စီကိုဆွဲထားလည်း စီအဆွဲပဲခံမယ် လုံးဝကိုမပေးဘူးဆိုတဲ့ decisionကို မြဲမြဲဆုပ်ကိုင်ပြီး စီ မြန်မာပြည်ကြီးကိုပြန်ခဲ့တယ်။
immigration ကိုဝင်တော့  webcamတလုံးထားထားတာတွေ့ တယ်.။ထားပေါ့။ စီ့ ရဲ့ အင်မတန်မှလှပချောမွတ်တဲ့ မျက်နှာလေးအိမ်ပြန်ရင် ကြွက်ခြောက်လို့ ရအောင်ယူသွားလို့ ရတာပေါ့။
အားလုံးချောချောမောမောပါပဲ။ ဘာမှတော့သိပ်မမေးဘူး။ မေးချင်သေးလို့ လား ကိုယ့် တိုင်းပြည်ကိုယ်ပြန်လာတာ။ ဗုံးလာခွဲဖို့ မှမဟုတ်တာ။
ဘာမှလည်းမတောင်းဘူး။ ၀ါး မိုက်တယ်ပေါ့။ တော်သေးတယ် ဟို ပိုက်ဆံ ကိုစီ့ ပိုက်ဆံအိတ်ထဲပြောင်းထည့်ထားတာ။ မဟုတ်ရင်
အဲဒီလူကြီးကမေးအုံးမယ်။ ပိုက်ဆံဘာလို့ ထည့်ထားတာလဲလို့ ။ မေးမှာလားဟင်?ဒါမှမဟုတ် တခါတည်းယူသွားမှာလား။
အဲလိုနဲ့ ချောချောချူချူပဲ အပြင်ထွက်လာတယ်။
ဒါကအလာ ပေါ့နော်။
………………………………………….
အပြန်..
အဲဒီမနေ့ က အိမ်ကနေ စောစောထွက်လာတယ်။စီကတော့ လုပ်လိုက်ရင်အဲလိုပဲ။ လာတိုင်းကလည်းရပ်ကွက်ထဲကလူတွေတောင်မသိကြဘူး။ ပြန်တော့လည်းမသိကြဘူး။
အဲနေ့  ကလေယာဉ်ကွင်းမှာလူတွေစည်နေတာပဲ။
နိုင်ငံခြားကို ကိုယ့် အသိ၊ကိုယ့်အမျိုးထဲကသွားရင် တလှေကြီးလိုက်ပို့ တတ်တဲ့ မြန်မာလူမျိုးတွေက လေဆိပ်မှာ နိင်ငံခြားသွားသူထက် လိုက်ပို့ တဲ့သူကများလို့ နေတယ်။ဟိုးတုန်းကအတိုင်းပါပဲ။
အပြန်ကို D formလုပ်ပြီးလာတော့ immigrationမှာမေးသေးတယ်။ စီနားမလည်းဘူး။အဲဒီလူကြီးကပြောတယ်။ departure cardကတပိုင်းပဲလား..နောက်တပိုင်းရောတဲ့ ။
ဘယ်သိမှာလဲ။ စီက “ermmm… i dunnoe what do ya mean.. sorry… i m lost?”ဆို မျက်နှာထားနဲ့ မျက်လုံးချင်းစကားပြောလိုက်တယ်။ အလဲ့ မိုက်တယ်နော်(၂ခါရှိသွားပြီ)။
သူလည်း မေးရတာမောလာလို့ လားမသိဘူး။ “ရပြီ ..ရပြီ.. နင့်မေးလည်းသိမှာမဟုတ်ဘူးတဲ့ ..သွားလို့ ရပြီ”တဲ့ ။
အဲဒါနဲ့ စီလည်း ကြွတော့တာပေါ့။ စီတကယ်မသိဘူး။ ဘယ်တပိုင်းကိုပြောတာလည်းဆိုတာ။လာတုန်းက white card ဖြည့်ရတယ်။ arrival cardကို immigrationကိုပေးလိုက်တယ်။departure card က ပျောက်သွားတာလား။officerက သိမ်းသွားတာလား မမှတ်မိတော့ ဘူး။
အပြန်ကျတော့ meeting serviceက ဖြည့်ပေးတဲ့ ဟာကိုပြလိုက်တာ။
ဘာပဲဖြစ်ဖြစ်အဲလိုနဲ့ ပဲစီ စလုံးကိုပြန်ရောက်ခဲ့တယ်။
အရင်ကလို သိပ်မစစ်တော့ဘူး။ တိုးတက်လာပြီ။ဒီတခါ ပြန်ရတာ နဲနဲတော့စိတ်ချမ်းသာတယ်။ လေကြောသိပ်မရှည်ရလို့ ။စီက အဲလို ကိုယ်မသိနဲ့ သူတွေ
အထူးသဖြင့် uniform၀တ်တဲ့ သူတွေနဲ့ လေရှည်ရတာ သိပ်အီးပတ်တာ။သူတို့ ကို ကြည့်ရတာ unifromလေးဝတ်ထားလို့ လေကြောပိုရှည်ပြီးပိုရစ်တတ်တဲ့ လူစားတွေလို ပဲ။
ခုတော့ အသွားရော အပြန်ရော…immigrationမှာပြောတာ စကားကြောင်း ၁၀ကြောင်းတောင်မပြည့်ဘူး။ကောင်းတယ်။
အရင်တခါပြန်တုန်းက “ကျွန်မဧ။်အကြောင်း”ကို စာစီစာကုံး ဆိုပြရသလိုပဲ။
ဘာလုပ်လဲ။ဘယ်လောက်ကြာပြီလဲ။ ဘယ်ကိစလာတာလဲ။ဘာဖြစ်တယ်..ညာဖြစ်တယ်။ ဘာလို့  ဒီလောက်အကြာကြီးနိုင်ငံခြားသွားနေတာလဲ။
အဖက ဘာအလုပ်လုပ်လဲ.. ဘာ..ဘာ..အာ.စုံလို့ ။စီ အရွဲ့ ကောင်းတာနဲ့  အဲဒီတခေါက်က စီနောက်ဆုံး ဘယ်သူမှမရှိတော့မှထွက်လာရတယ်။စီ passport ကိုအခန်းတခုထဲယူသွားပြီး
ပြန်မထွက်လာတော့ ဘူး ။ meeting service မကလည်း ဘာမှသုံးစားလို့ မရဘူး။ အဲဒီတုန်းကတော့ ၁၀ဒေါ်လာပေးရင် အဆင်ပြေလိုက်ပေမယ့် ..စီအဲဒီကတည်းက ပေပြီး officer deskနားမှာ ရပ်နေတာ..။နောက်ဆုံးတော့ သူတို့ လည်းလက်မြောက်ရတယ်နဲ့ တူတယ်။ စီကို passport မှာတုံး ထုပြီး ပြန်လာပေးတယ်။
အဲဒီတခေါက်ငြိပြီးတော့ ချစ်မေမေကစိတ်ပူပြီး Dတခါပြန်တော့ ပိုက်ဆံကို သူမကိုယ်တိုင် ကြားညှပ်ပေးလိုက်တာ.. ရမလား။မိစီပဲ။
၁၀ခါပြန်လည်း ၁၀ခါစလုံးဘာမှမပေးဘူး။
တခါတလေစဉ်းစားမိတယ်။ မြန်မာအစိုးရ၀န်ထမ်းတွေအကျင့်ပျက်တယ်ဆိုတာ.. မြန်မာလူမျိုးတွေပေါ်မူတယ်။
ဟိုက နဲနဲလေး မျက်နှာထားတည်ပြီး ရစ်လိုက်ရင် ကြောက်လန့် ပြီး လာဘ်ထိုးပါလေရော။ ဟိုကလည်းကြောက်မှန်းသိတော့ ဖြဲကြောက်တော့ ဒီကလည်းကြောက်ကြောက်နဲ့ ပေးလိုက်ရော။
အဲဒီအကျင့်ကမကောင်းဘူး။အဲလို ပိုက်ဆံကိုလွယ်လွယ်နဲ့ ရတော့ သူတို့ ကလည်းတွေ့ ကလူ ရစ်တော့တာကိုး။
သူ့ ဟာသူ ရစ်လွန်းကလို့ မူလီပဲဖြစ်ဖြစ် ဘယ်တော့မှလာဘ်မထိုးနဲ့ ။ လူရဲ့  ကိုယ်ကျင့်တရားကိုပျက်စေတယ်။
တကယ်လို့ စီလိုပေပြီး တပြားတချပ်မှမပေးတဲ့သူ အယောက်၂၀နဲ့ တွေ့ ကြည့်ပါလား။ သူတို့ ဘယ်ရစ်တော့မလဲ။ ရစ်လေ လေကုန်လေ.. လေကုန်လေ..မောလေပဲ။မောသာပဲအဖတ်တင်မယ်.. ပိုက်ဆံတော့ရမယ်မထင်နဲ့ ။အဲဒီအခါကျတော့ လူတိုင်းကိုမရစ်နိုင်တော့ဘူး မောနေပြီလေ.။အဲဒီအခါကျတော့ စစ်ဆေးသင့်တာစစ်ဆေးပြီး မြန်မြန်ဝန်ဆောင်မှုပြီးတာပေါ့။မြန်မြန်ပြီးတော့ မြန်မြန်နားရတာပေါ့။ မောနေပြီကိုး။
စီလိုလူမျိုးအယောက်၂၀နဲ့ တွေ့ ရင်ပြောတာပါ။
အဲ ဒါပေမယ့် စီ့ ချစ်မေမေလိုမျိုး ခရီးသည်အယောက်၂၀နဲ့ တွေ့ ရင်တော့ ဟိုသီချင်းလိုပေါ့
“မောတော့မောတာပေါ့..ဒါပေမယ့် မမောဘူး”..။ ဟုတ်သော်ရှိမဟုတ်သော်ရှိ.. ငြိသော်ရှိမငြိသော်ရှိ အလကားကြောက်ပြီး ပိုက်ဆံကို passportထဲအမြဲကြားညှပ်ပြီးပေးတတ်တဲ့ လူစားတွေကိုရစ်ရတာကိုး။