ရှုပ်ရှက်ခက်ခြင်း
အင်တာနက်ထဲကနေ မြန်မာနိုင်ငံကရွေးကောက်ပွဲအကြောင်းဖတ်မိတယ်။ ဘာမှနားမလည်ဘူး။မြန်မာပြည်မှာလူငယ်တွေစိတ်မ၀င်စားတာလည်းမပြောနဲ့ လေ။ သူတို့ လည်း စီလို ပဲနေမှာ။ ဘာတွေမှန်းမသိဘူး။ ကြံ့ ဖွတ်တွေရော.. ပါတီဟောင်း ပါတီသစ်တွေရော..
နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ စီတောင် ဒီလောက် ချာလည်ပတ်လည်နေရင် နိုင်ငံရေးကိုစိတ်မ၀င်စားတဲ့လူငယ်တွေကို ပြောမနေနဲ့ တော့ .
Electionဆိုတာ ဘာကြီးလဲလို ပြန်ပေးကြလိမ့်မယ်။ အခုဆိုရင် လူတွေက သွေးကွဲစပြုလာပြီ။ တိုင်းရင်းသားပါတီတချို့ မှာလည်း ထောက်ခံတဲ့သူနဲ့ မထောက်ခံတဲ့ သူနဲ့ .. နိုင်ငံရေးပါတီတချို့ မှာလည်း ပါတီဟောင်းကလူနဲ့ ပါတီသစ်ကလူနဲ့ ။ တကယ်တော့ဒါတွေအားလုံး အစိုးရကပဲလုပ်နေတာ..။ စစ်တပ်ဝင်မပါရပဲနဲ့ အချင်းချင်းပြန်သတ်တဲ့ နည်းဖြစ်နေတယ်။ ၂၀၀၇အရေးအခင်းတုန်းက သူတို့ လုပ်ရပ်တွေပြူးပြူးပြဲပြဲ အင်တာနက်ထဲမှာ တီဗွီမှာပါကုန်တော့ ..သူတို့ မပါပဲ လူများများသေတဲ့ နည်းကိုထွင်နေပုံပဲ။
ကြည့်ရတာ thailandက yellow shirt & red shirt protestတွေကိုအတုခိုးထားတာလားမသိဘူး။အချင်းချင်းလစ်ရင်လစ်သလို လမ်းပေါ်မှာ၊ လေဆိပ်မှာဆနပြနေကြတာ.. နောက်ဆုံးတော့ စစ်တပ်က လူစွမ်းကောင်းကြီးလုပ်ပြီး ၀င်ပစ်တော့မှငြိမ်တော့တယ်။
တကယ်တော့ဘာမှမရေရာ မသေချာတဲ့ အရာကြီးတခုဖြစ်နေတယ်။ Electionပြီးတော့ရော..? ဘာဆက်ဖြစ်အုံးမှာလဲ။ မြန်မာပြည်ကြီးပြန်ကောင်းလာမှာလား။ ဒီလို အသုံးမကျတဲ့အစိုးရလူတွေနဲ့ ဖွဲ့ ထားတဲ့ ပါတီ (သို့ မဟုတ်) သူတို့ လက်တွဲပြီးထောင်ထားတဲ့ ပါတီတခုနိုင်ခဲ့ရင်တောင် ဒုံရင်းက ဒုံရင်းပဲ။တခုခုလုပ်ချင်လို့ တင်ပြရင်တောင်.. သူတို့ ကို ကျော်လို့ ရမှာမဟုတ်ဘူး။အရှေ့ ကနေ ပြောင်းဖူး ဖင် ဆို့ သလို ပိတ်နေမှာ။ ဒါပေမယ့် စီ အားမလျှော့ပါဘူး Nelson Mandela တောင် အသက် ၇၂မှာ ဗြဲစီတန့် ဖြစ်တာ။ အန်တီစုက အခုမှ ၆၅ပဲရှိသေးတယ်။