foxie284
ရေးချင်တာရေးထားတဲ့ crapbook

Archive for July 2nd, 2010

ရန်ဖြစ်ခြင်း

Posted in လူ  by foxie284 on July 2nd, 2010

စောစောတုန်းက သူနဲ့ စကားများတယ်။

စီကပြောတယ်။ “ယောက်ျားတွေကို relationshipနဲ့ ပတ်သက်လာရင်အယုံအကြည်မရှိဘူး”လို့ ။

သူတော်တော်ဒေါကီးသွားတယ်။သူကပြန်ပြောတယ်။

“ဒါကြောင့်လည်း အဲလိုစကားမျိုးပြောတတ်တဲ့ မိန်းမတွေကို ကိုယ်မကြိုက်တာတဲ့။ယောက်ျားအားလုံးကိုတတန်းတစားတည်းသတ်မှတ်တဲ့ မိန်းမတွေ”တဲ့ ။

ဒါဆို စီလည်းပါတယ်ပေါ့။သူ စီကိုမကြိုက်ဖူးပေါ့။

သူပြောတဲ့ စကားမျိုးဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက် တိုတိုပြောပုံနဲ့ တပုံစံတည်းပဲ။

“သူဟာ ယောက်ျားတယောက် ဒါပေမယ့် သူ့ ကို တခြားယောက်ျားတွေနဲ့ မနှိုင်းနဲ ။အဲလိုမိန်းမမျိုးကိုသူ မကြိုက်ဘူး”ဆိုပဲ။

အဲလိုမျိုးဆိုရင် သူနဲ့ တိုတိုနဲ့ စရိုက်ချင်းက သွားတူမနေဘူးလား။ ဒါဆို သူတို့ က တတန်းတစားတည်းဖြစ်နေတာပေါ့။”ကိုယ်လို ယောက်ျားမျိုးကို တခြားယောက်ျားတွေနဲ့ နှိုင်းရင်မကြိုက်တဲ့  ယောက်ျားတွေ”လေ။မာန ကတော့ မပြားမှမလျှော့ဘူး။

ခု သူနဲ့ စီနဲ့ စကားမပြောကြတော့ဘူးလေ။နေပေါ့။

 

foxie :where ya? about 1 month ago[*]
Tsamina mina eh eh Waka Waka eh eh 2 months ago