စင်ကာပူက အိမ်
Monday, July 5th, 2010စီစင်္ကာပူ စရောက်တုန်းက pasir ris မှာနေတယ်။ အဲဒီတုန်းက pasir risက တည်ဆောက်ပြီးကာလ ဒဂုံမြို့ သစ်လို့ ပြောလို့ ရမယ်။သူ ကအစွန်ဆုံးပဲကိုး။ ဒါပေမယ့်စီကတော့ ကြိုက်တယ်။ နားအေး ပါးအေးလည်းရှိတယ်။ မလေးလူမျိုးကတော့များတယ်။ အဲဒီထဲက မလေးလူမျိုးနဲ့ ပတ်သက်ဖို့ အကြောင်းကဖန်လာတာ။ စီ အိမ်ရှင်ကလည်း မလေးနဲ့ အာရပ်နဲ့ စပ်ထားတာ။ တအိမ်ထဲနေတာတောင် မျက်နှာကိုဖုံးထားတယ်။စီတို့ အခန်းထဲပြန်ဝင်မှ သူက မျက်နှာဖုံးတဲ့ ပါဝါစကိုချွတ်တယ်။အဲလောက်တောင်လုံခြုံတာ။ စီနဲ့ များတခြားစီ။ ဟားဟာ။ ပြောလို့ သာပြောတာ.. ဒီအဲဒီအိမ်လေးကို သတိရတုန်းပဲ။မှတ်မိတယ်။ ၁၀ထပ်မှာ။အိမ်ကအတော်ကျယ်တယ်။ studyroomလည်းပါတယ်။ စီဆို အဲဒီအခန်းထဲမှာ ပုံတွေဆွဲတာ။လေက လည်းတဖြူးဖြူးနဲ့ ။ ခုနေတဲ့ တိုက်ခန်းကတော့ ကောင်းပါတယ်။ဒါပေမယ့် နဲနဲဆူတယ်။စီ ကိုယ့်အိမ်မှာကိုယ်နေပြီးရင် သူများအိမ်သွားမလည်ချင်တော့ဘူး။အဲဒါက ခုလက်ရှိနေနေတဲ [...]