foxie284
ရေးချင်တာရေးထားတဲ့ crapbook
Archive for July 6th, 2010
နှစ်ခါပြန် စဉ်းစားမိခြင်း
Posted in Uncategorized  by foxie284 on July 6th, 2010
လွန်ခဲ့သော နှစ်အနည်းငယ်
” you က ကလေးတွေချစ်တတ်လား”
” အိမ်း ချစ်တယ်။ ကိုယ် အိမ်ထောင်ပြုရင် ယောက်ျားလေးတွေအများကြီး မိန်းမကိုမွေးခိုင်းမယ်။ ငါးယောက် ..အို ..၁၁ယောက်လောက် ။ဒါမှ ကိုယ်က သားတွေနဲ့ ဘောလုံးကန်လို့ ရမှာ”
“ကိုယ် က တော့ ကလေးတွေကို မချစ်တတ်ဘူး။ အဲ u ကို ချစ်လို့  discount ပေးလိုက်မယ်။ သမီး၃ယောက်မွေးပေးမယ်”
အဲဒီတုန်းက တိုတို တကယ်ပဲ မျက်လုံးပြူး မျက်ဆံပြူးနဲ့ ..
“No..No..No..No..ကိုယ် မိန်းကလေးမလိုချင်ဘူး”တဲ့။စီကလည်း အားကျမခံ..
မရဘူး.. မိန်းကလေးပဲမွေးမယ်..။
အဲဒီတည်းက တိုတိုနဲ့ စီနဲ့ ကလေးပြသာနာ စကြတာ။သူကပြောတယ် မိန်းကလေးတွေရရင် ထိန်းရသိမ်းရခက်တယ်။ အဖေတယောက်အနေနဲ့ အရာသိပ်မရောက်ဘူးတဲ့ ။အချိန်တန်လို့ အိမ်ထောင်ပြုရင် ယောက်ျားလေးရှင်ကိုထည့်ပေးလိုက်ရတာချည်းပဲတဲ့ ။
စီကလည်းပြန်ပြောတယ်.. ထိန်းရသိမ်းရခက်ရင်  ပါးတွေရော.. လက်တွေေ၇ာ..တကိုယ်လုံး ၁၀ချက်လောက် ကျွေးပစ်လိုက်မယ်လို့ ။ အဲဒီတော့အမေလုပ်သူက ပိုပြီး authourityရှိတာပေါ့။
အချိန်တန်လို့ လင်ယူချင်လည်းယူ.. အဲဒါမှာ သူတို့ တွေကိုကျွေးရတဲ့ ပိုက်ဆံ စီမြန်မြန်သုံးလို့ ရမှာ။
အဲဒါနဲ့ သူ ကမျက်နှာငယ်လေးနဲ့ .. “ဒါဆိုလည်း ယောက်ျားလေး ၁၁ယောက်မလို ချင်တော့ပါဘူး။ ၃ယောက်လောက်ဆိုတော်ပါပြီ။ မိန်းကလေးတော့ မယူပါရစေနဲ့ ”တဲ့ ။
သူဟာ တကယ်ပဲ သမီးမိန်းကလေးရမှာကို အတော်ကြောက်နေတယ်။ စီကတော့ ဘာမှမရလေ ကြိုက်လေပဲ။
အဲဒီတုန်းက ဘာရယ်မဟုတ်ဘူး။ သူနဲ့ အနောက်သဘော မျိုးပြောခဲ့တာ။
အိမ်ထောင်ပြုမယ်ဆိုရင် သားသမီးရတနာထွန်းကားမှ ပြည့်စုံတာတဲ့ ။ သားသမီးဆိုတာနှောင်ကြိုးတဲ့ ။
စီဆိုတဲ့ မိန်းမ က သိပ်ပြီးတော့ စိတ်ရှည်တဲ့လူစားမဟုတ်ဘူး။
လူတယောက်ကို ၁၆နှစ်လုံးပြုစုပျိုးထောင်လောက်တဲ့ အထိ စိတ်ကအဲလောက်မရှည်ဘူး။
အမေဆို အမြဲပြောတယ်။
မိစီ ကြပ်ကြပ် ပြောစကားနားမထောင်နဲ့  .ညည်းကလေးမွေးမှသိမယ်တဲ့။
စီကလည်း အမေပြန်ပြောတယ်။ ယောက်ျားပဲယူမယ်အမေရေ.. ကလေးတော့ သေတာတောင်မမွေးဘူးလို့ ။
အမေဆို သူမပြောစကားနားမထောင်တိုင်း စီကို အဲလိုအမြဲပြောနေ… စီကလည်းအမြဲဘုတော ။
ကလေးတွေကိုစီ အသည်းယားတယ်။ တခါတလေ တုတ်တုတ်ကစ်ကစ်ကလေးတွေဆို.. အသားဖဲ့သွားအောင် ဆိတ်ပစ်ချင်တယ်.. အသားနီသွားအောင် ညှစ်ပစ်ချင်တာ..
ပါးကြီးတွေကို နာအောင် ဆွဲပစ်ချင်တယ်။
မနှစ်တုန်းက တိုတို အကိုရဲ့  သားကြီး မွေးနေ့ လုပ်တော့  စီသွားတယ်။ အဲဒီတုန်းက အငယ်ဆုံးလေးက ၁နှစ်လောက်ပဲရှိသေးတယ်။
တုတ်ကစ်နေတာပဲ။ တိုတိုက စီ့ကိုချီခိုင်းတယ်။ စီက အတင်းပဲ ငြင်းတော့ ယောကမကြီးက အံ့သြနေတယ်။
စီကလေးတောင်မချီတတ်ဘူး။ ကလေးလေးရဲ့  လက်ကလေးတွေက ကိုင်ကြည့်တော့ အိနေတာပဲ။ လက်သန်းလေးတွေကသေးသေးလေး။ စိတ်ရှိလက်ရှိသာ ချိုးပစ်လိုက်ရင်တော့လား
ငှင်း..ငှင်း..ငှင်း..။အေးချမ်းမေ သီချင်းလို ဖြစ်သွားတယ်။
တိုတိုက ကတော့ ကလေးအဖေတယောက်နီးပါးကို ကလေးကို ချီတတ် ကိုင်တတ်.. မြူတတ်တယ်။ သူ့ အရင်တူ၂ယောက်လုံးကိုသူ ကြည့်ခဲ့တာကိုး။ စီက အံ့သြပြီး သူ့ ကိုမေးတယ်။
“uက အိမ်ထောင်ကျပြီးသားလားလို့ ” သူကရီတယ်။ အိမ်ထောင်ကျမှ ကလေးချီတတ်ရမှာလားတဲ့။
ခုခေတ် မြန်မာမိန်းကလေးတွေမြင်ရတော့  သမီးမိန်းကလေးရမှာကို တိုတိုထက်စီပိုကြောက်သွားသလိုပဲ။
အဲလိုမျိုး မိန်းကလေးတွေကို ယုံယုံကြည်ကြည်နဲ့ လွှတ်လိုက်တဲ့ မိဘတွေကိုလည်းစီအံ့သြတယ်။ သူတို့ လည်းမနိုင် စင်ကာပူပို့ နဲ့ တူတယ်။
ခုဆိုရင်..အမေ က”မိစီ မိဘစကားကြပ်ကြပ်နားမထောင်နဲ့ .. ညည်းသမီးမွေးမှသိမယ်”လို့ ပြောတိုင်း..
ကိုယ်ကိုကိုယ် ထိန်းနိုင်တဲ့  သမီးမျိုးရရင် စီကတော့  ၁၁ယောက်လည်းဘာအရေးလဲ။ ပြီးရင် ကိုယ်ဟာကိုယ် ရှာဖွေစားသောက်ကြ။
foxie :where ya? about 1 month ago[*]
Tsamina mina eh eh Waka Waka eh eh 2 months ago