CCTV
ခုတလော စိတ်ရောဂါများဖြစ်နေတာလား..တကယ်ပဲဖြစ်နေတာများလားမသိဘူး..
စီကိုတစုံတယောက်သွားလေရာကြည့်နေတယ်လို့ ထင်ရတယ်..။
လမ်းလျှောက်လည်း မီးပွိုင့်အပေါ်က ဓါတ်တိုင်မှာ ကင်မရာနဲ့ .. MRT ရောက်လို့  လှေကားထစ် လှမ်းတက်ဖို့ မော့ကြည့်လည်း CCTVနဲ့ .. Stationတခုလုံးကလည်း CCTVနဲ့ ..။
တခါ လိုင်းကားစီးတော့လည်း CCTV နဲ့ ..
MRT အ၀င်တွေမှာဆိုရင် ၆လုံးပြူး(သေနတ်မဟုတ်ဘူး) ကင်မရာတွေနဲ့ ..ဘယ်နေရာကြည့်ကြည့် ကင်မရာနဲ့ လွတ်တယ်ဆိုတာမရှိဘူး။
လွတ်လပ်မှုဆိုတာမရှိတော့သလောက်ပဲ။စင်ကာပူမှာ လွတ်လပ်တယ်ထင်ယောင်သာသာပဲ။ တကယ်တမ်းကမလွတ်လပ်ဘူး။ကင်မရာတွေက လူတွေကိုယ်စား စီတို့ privacyကို ဒေါက်ထောက် လိုက်ကြည့်နေတာ။
ဒါကလည်း ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက အင်ဒိုနီးရှားက အကြမ်းဖက်သမားတဦးရဲ့ အိမ်မှာ orchard MRT ရဲ့ ပုံတွေတွေ့ ပြီးကတည်း..ကင်မရာတွေများလာတာ။
အကြမ်းဖက်သမားတွေလည်း မ၇ှိ ဒီ ကျွန်းပဲ ချောင်းချောင်းနေတာပဲ။ ရေတောင် သူများနိုင်ငံက၀ယ်သောက်နေရတဲ့ နိုင်ငံကို။ နည်းနည်းလေးမှအလွတ်မပေးချင်ဘူး။
ဟိုး နှစ်ပေါင်းများစွာတုန်းကလည်း Yishun MRT ကိုလုပ်ကြံဖို့ ကြံစည်ကြသေးတယ်။
စီပြောတယ်.. မယ်တော်ကြီးနဲ့ လီကွမ်ယူး စောင့်ရှောက်ထားတဲ့ ကျွန်းကို .. ဒင်းတို့ က လွယ်လွယ်နဲ့ လုပ်ကြံလို့ ရမယ်ထင်လားမသိဘူး။
ခုဆိုရင် မယ်တော်ကြီးနဲ့  လီကွမ်ယူးအပြင် CCTVက ပါစောင့်ရှောက်ထားတော့ ..အကြမ်းဖက်သမားတို့ ရေ.. တရေးလောက်အိပ်လိုက်အုံး။
စင်ကာပူ မီးပျက်မှ လာကြံကြတော့ ..။ဟားဟားဟား။
July 29th, 2010 at 9:27 pm
Wow this is a great resource.. I’m enjoying it.. good article