foxie284
ရေးချင်တာရေးထားတဲ့ crapbook
Archive for July 8th, 2010
ကြံ့ ဖွတ်
Posted in လျှာရှည်ခြင်း  by foxie284 on July 8th, 2010
မြန်မာနိုင်ငံမှာ ကြံ့ ဖွတ်တွေ သောင်းကျန်းလို့ လူမြင်ကတ်ကြတယ်ပြောတယ်။ဟို လူရိုက် ဒီလူရိုက်။ အနှိပ်ခန်းတွေ ကာရာအိုကေခန်းတွေမှာလည်းသူတို့ က ပါလိုက်ရမှ။ပြည်သူတွေအတော်ကို
မျက်စိမွှေးစူးကြတယ်ဆိုပါစို့ ။ ပညာလေးက မတောက်တခေါက်နဲ့ လူရိုက်တတ်တိုင်း မိုက်ရဲ တိုင်း ကြံ့ ဖွတ်ဖြစ်နေတဲ့ဟာ။ မနေ့ တနေ့ ကမှ ကြံ့ ဖွတ်ဖြစ်လာတဲ့ ကောင်တွေကများ
(အလဲ့ … မသိရင် စီက စီနီယာကြီးကျနေတာပဲ)။
စီက ၁၁နှစ်ထဲက ကြံ့ ဖွတ်ဖြစ်နေတာ။ အဖွဲ့ ဝင်ခ ၁၅ကျပ်လား ၁၀လားတောင်ရလိုက်သေးတယ်။ မမစီနီယာပေါ့။ဝါအရဆိုရင် စီက ၀ါရင့်နေပြီ..အလဲ့။
ကလေးကြံ့ ဖွတ်တွေ ခု လူကြီး လူမိုက်ကြံ့ ဖွတ်တွေဖြစ်ကုန်ပြီပေါ့။ အတော်ပဲ..နောက်တခါ မြန်မာပြည်ပြန်ရင် ကြံ့ ဖွတ်နာမည်သုံးပြီး ကာရာအိုကေ ၃နာရီလောက်သွားဆိုပစ်လိုက်အုံးမယ်။
စီတို့ တုန်းကတော့ လူရိုက်စရာမလိုဘူး။ ဟိုလမ်းဖွင့် ရင် သွားပြီး လမ်းဘေးမှာမတ်တပ်ရပ်ပေးရ…ဒီလမ်းဖွင့် သွားမတ်တပ်ရပ်ပေးရနဲ့ ..။
အဲဒီတုန်းကလည်းအတန်းမတက်ရရင်ပြီးရော ၊ မုန့် ဖိုးလည်းရတယ်ဆိုတော့   သူဟာသူ ဖွတ်ချင်တာဖွတ်…။လမ်းဘေးမှာမတ်တပ်ရပ်ပေးလိုက်တယ်။တခါတလေ.. ဘယ်သူလာလို့ ဘယ်သူ ဖြတ်သွားမှန်းတောင်မသိဘူး။
အမျိုးသားနေ့ တွေဘာတွေဆိုရင် ပြည်သူ့ ဥယျာဉ်လား ပြည်သူ့ ရင်ပြင်မှာလားမသိဘူး။ သွားပြီး ဖားပြုတ်ကြီး(ရုပ်ကိုက ဖားရုပ်)လည်ပင်းကမရှိနဲ့ .
ပြောတဲ့ စကားတွေနားထောင်ရတယ်။အသံချဲ့ စက်က မကောင်းတော့ ဝူးဝူး ၀ါးဝါးပဲကြားရတယ်။ကိုယ်ကတော့ ဘေးကသူငယ်ချင်းတွေနဲ့ တိုးတိုးပြော။ ပျော်စရာတော့ကောင်းသား။ ကျောင်းကနေ လမ်းလျှောက်သွားရတာ။ တခြားကျောင်းတွေကလည်းလာကြတယ်။
ကြံ့ ဖွတ်ဆိုတာ.. ခုနေခါမှမဟုတ်ဘူး… လွန်ခဲ့ တဲ့ ၁၀နှစ်ကျော်ကတည်းသောက်ကျင့်ကောင်းတဲ့ အဖွဲ့ မဟုတ်ဘူး။လိမ်ညာပြီး လှည့်ဖြားနေတာ။
ဆရာမတွေကလည်း ဖြဲကြောက်တယ်။ ကြံ့ ဖွတ် မလုပ်ရင် ကျောင်းပြောင်းရမယ့် စတိုင်လ်နဲ့ ။ အတန်းပြောင်းရမလိုလိုနဲ့ ။ အိမ်ကလည်း ဖွတ်ဆိုလည်းဖွတ်..ဖားဆိုလည်းဖားပေါ့။
နောက်တခါ သံရုံးအခွန်ဆောင်ရင် မေးလိုက်အုံးမယ်..ကျွန်မ က ကြံ့ ဖွတ် အသင်းဝင်ပါရှင်.. discountလေးများရမလားလို့ ..
ငှဲငှဲငှဲငှဲ.
foxie :where ya? about 1 month ago[*]
Tsamina mina eh eh Waka Waka eh eh 2 months ago