Credit Card
မနေ့  နေ့ လည် က ကွာ တိုတိုနဲ့ 
Despicable Me ကားသွားကြည့်တယ်။ Weekendကြည့်ရင် တစောင်မှ ၁၀ဒေါ်လာတည်းပါ။ဘာမှမစားရင် ၁၀ဒေါ်လာပဲကျတယ်။ ပိုက်ဆံအိတ်ထဲမှာ ၁၀ဒေါ်လာတောင်မရှိဘူးဆိုတာမဖြစ်နိုင်ဘူး။
အဲဒီမှာ စီတို့ အရှေ့ က လူ၂ယောက်ပေါ့ credit cardနဲ့ ပေရှည်ပြီး လက်မှတ်ဝယ်နေတာ။ ၁၀ဒေါ်လာတောင်မရှိလည်း ရုပ်ရှင်ကို weekendမှာလာကြည့်မနေတဲ့ တော့ ။
လက်မှတ်တောင်မှ အကြွေးဝယ်ကဒ်နဲ့ ဝယ်ကြည့်တဲ့ သူကရှိသေးတယ်။ အဲလောက်တောင်မွဲတေနေလား။
cashပါရင် လူ ၃ယောက်လောက် အသာလေး serveလို့ ရတဲ့ ဟာကို credit cardနဲ့ ပေးတော့ အချိန်က ကြာသထက်ကြာရော။
စီက သိပ်ရှည်တဲ့ လူစားမဟုတ်ဘူး(စိတ်)။ ပေါ်တင်ပဲ။
“Wah!.. buy ticket also need to use credit card huh?wanna show off izzit?”
တိုတိုကလည်း ဘေးကနေ..
“ya..yar yar.. papaya”.တဲ့ ။
စလုံးမှာ ya ya papayaဆိုရင်..၀မရှိပဲ ၀ိလုပ်ချင်တဲ့ သူတွေကိုသုံးတာ။
credit card နဲ့ ကြည့်ရင် discountရတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ မ၀ယ်ခင်စောစောစီးစီးကြိုဝယ်ထားပါလား။ လူတန်းကြီးရှည်တော့မှcredit cardနဲ့ transactionလုပ်တာလောက် ya ya ဖြစ်တာမရှိဘူး။
ဘာလည်း သူ့ မှာ credit cardရှိကြောင်း လူများများရှေ့ မှာပြချင်လို့ လား။ဒီလောက်တောင် credit cardသုံးချင်ရင်လည်း ရုပ်ရှင်လက်မှတ်ကို onlineကိုနေ credit card နဲ့ ဝယ်ပါလား။
စီတို့ ရုပ်ရှင်သွားကြည့်ရင် credit card ကိုဘယ်တော့မှမသုံးဘူး။ အထူးသဖြင့်လူအရမ်းများတဲ့ နေ့ တွေဆိုရင်.. ကားကောင်းတွေပြတဲ့ ပွဲတွေဆိုရင်။ကိုယ့်ကြောင့် တခြားသူတွေနှောင့်နှေးကြန့် 
ကြာတာမျိုးမလိုလားဘူး။တကယ်လို့ ကိုယ်ကိုတိုင်ကလည်း လက်မှတ်ဝယ်ဖို့ cash မပါရင် internet booking လုပ်ပြီးကြည့်လိုက်တယ်။
တခါတလေ ရှိသေးတယ်။
ရုပ်၇ှင်ပြဖို့ အချိန်နီးပါတယ်ဆိုမှ.. ကိုယ့် ရှေ့ က လူက credit cardနဲ့ လက်မှတ်ဝယ်တဲ့ အပြင် တခြား အအေးတွေ hotdogတွေကို အေးအေးဆေးဆေးဝယ်နေတာ။ချက်ချင်းဝယ်ရင်တော်သေးတယ်။ ၅မိနစ်လောက် ဟိုဟာရွေး ဒီဟာရွေးနဲ့ နည်းနည်းလေးမှကို အလိုက်ကန်းဆိုးမတတ်တဲ့ဟာတွေ။
ရုပ်ရှင်ကြည့်၇င် hotdog လည်ပင်းမှာ နင်ပါစေတော်..။ တကတည်း လူကို အကုသိုလ်တော်တော်ဖြစ်အောင်လုပ်ချင်ကြတယ်။
ဘာပဲဖြစ်ဖြစ်..Despicable Me movie ကတော့ AWESOME!!! I LOVE IT.I GAVE 4 1/2 STARS.. WEEE..WWWEEEPP.!