တိုက်ဆိုင်ခြင်း
တလောကစီမြန်မာပြည် ပြန်တော့ အင်တာနက်ဆိုင်တွေမှာဝင်သုံးရင်းအင်တာနက် chattingထိုင်တဲ့ မြန်မာဆယ်ကျော်သက်တွေအကြောင်းရေးမိတယ်။စင်ကာပူက မြန်မာpolyကျောင်းသားတွေအကြောင်းလည်း အနည်းငယ်ရေးဖြစ်မိတယ်။
အဲတိုက်ဆိုင်တာလား ဘာပဲလားတော့မသိဘူး.. အဲဒီpostရေးပြီးကတည်းက စီ့ မေးလ်ထဲကို အင်တာနက်နဲ့ မြန်မာဆယ်ကျော်သက် ကျောင်းသား/သူ အကြောင်းပတ်သက်တဲ့ 
postတွေဝင်လာတယ်။
စီ့ပတ်ဝန်းကျင်မှာ လည်း chattingထိုင်လွန်းလို့  ပထမနှစ် semester စာမေးပွဲတွေမှာတောင် အမှတ်မကောင်းရုံတင်မဟုတ်ဘူး.. မကျရုံတမယ် အောင်တဲ့ .. မြန်မာကျောင်းသားလေးတွေအကြောင်း
ကြားရတာ နားဝမှာမသာလိုက်တာ။ မသာ..မသာ..မသာ..။
အခုအချိန်မှာ ပေါ်လီကျောင်းသားတွေကို ပီအာမချပေးတော့ဘူး။အဲဒီပေါ်လစီက နည်းနည်းတော့ကြာအုံးမယ်။အားလုံးက E.P သို့ မဟုတ်S.Pနဲ့ အရင်လုပ်ကြရမှာ။
စင်ကာပူမှာက သိကြတဲ့ အတိုင်းပဲ။ အလုပ်ခေါ်ရင်SP/PR ကိုအရင်ဦးစားပေးခေါ်နေတာ။ ကိုယ်က နိုင်ငံခြားသားဖြစ်တဲ့ အတွက်ကြောင့် ပထမဆုံးအလုပ်ရှာရင် interviewerကို ပြစရာဆိုလို့ 
ကိုယ့်ကိုကိုယ်နဲ့ education transcript ပဲရှိတယ်။ ကိုယ့် ရဲ့ အမှတ်တွေကမကောင်းတော့ companyက အမှတ်ကောင်းတဲ့သူတွေကို ဦးစားပေးခေါ်လိုက်ကြရော။
အဲဒါတွေက ကျောင်းသား ဘ၀မှမသိ မမြင်နိုင်သေးဘူး။ 3rd yrရောက်မှ.အလုပ်ရှာခါနီးမှ နောင်တရလိမ့်မယ်။ chattingဆိုတာ ကိုယ်စိတ်ပါရင် တသက်လုံး မသေမချင်းလုပ်လို့ ရတဲ့ ဟာ။
တဒင်္ဂစိတ်သာယာ ဖို့ အတွက် ကိုယ့်အနာဂတ်ကို အပျက်စီးခံရက်တဲ့ ကလေးတွေကိုမြင်ရတော့ စိတ်မကောင်းဘူး။
တချို့ ဆိုရင် ဦးလေး ၊အဒေါ် စရိတ်နဲ့ ကျောင်းလာတက်။အချိန်ပိုင်းအလုပ်လည်းမလုပ်၊ စာမေးပွဲလည်းအမှတ်မကောင်း၊ ကြိုးစားချင်စိတ်လည်းမရှိ။အလုပ်လုပ်ရမှာလည်းရှက်၊အပေါင်းအသင်းတွေ
အထင်သေးမှာလည်းစိုးရိမ်၊ အချိန်ပိုင်းအလုပ်လည်းမလုပ်ပဲ chattingပဲထိုင်လုပ်နေလို့  အချိန်တွေကို အလာဟသ ဖြုန်းတီးနေကြတယ်။
စီတို့ တုန်းကလည်းရှိပါတယ်။ပေါ်လီကျောင်းသားတွေchattingသောက်ရမ်းလုပ်။ အတန်းခေါ်ချိန်မမှန်၊ ဘာညာနဲ့ ။ဒါပေမယ့် အချိန်တန်တော့ ကျောင်းပြီးရင် အမှတ်ကောင်းကောင်း မကောင်းကောင်း အလုပ်ရရင် P.Rရသေးတယ်။ခေတ်ကောင်းသေးတာကိုး။
ခုဟာက မတူတော့ဘူး။ပြိုင်စရာက များလာပြီ။
အမှတ်မကောင်းလို့  သူသူငှာငှာလို အင်္ဂလိပ်စာ ပြောတတ်လားဆိုတော့ လည်းမတတ်။ အဘက်ဘက်က negativeတွေများရင် ကြာရင် လူပါ အားငယ်စိတ်တွေဝင်ပြီး အရာရာကိုအလွယ်တကူ အရှူံးပေးလိုက်တတ်ကြတယ်။အထူးသဖြင့်မိန်းကလေးတွေ။ အလုပ်ရှာတဲ့အခါ.. ယောက်ျားလေးတွေနဲ့ ယှဉ်ရမယ်။ တချို့ အင်ဂျင်နီယာအလုပ်ဆိုရင် မိန်းကလေးတွေလုပ်လို့ မရတာမျိုးရှိတယ်။
အဲဒီအခါကျရင် ကိုယ့် ဘက်ကနောက်ဆုတ်ပေးလိုက်ရတယ်။ ဒါမျိုးကျတော့ ကိုယ့်သောက်သုံးမကျလို့ မဟုတ်ဘူး။ job requirementက ကိုယ်နဲ့ မကိုက်လို့ ။
စီ့ ပထမဆုံးအလုပ်ဆုံးက စီ့ ရဲ့  အချိန်ပိုင်းအလုပ်အကြောင်းမေးတယ်။စီ့အလုပ်အကြောင်းမေးခြင်းအားဖြင့်
စီဟာ team playerတယောက်ဖြစ်နိုင်တာ၊အချိန်ပိုတွေဘာတွေsupportလုပ်နိုင်သလား။critical thinking skillရှိလား။အဲဒါမျိုးတွေကို interviewerတွေက စစ်တယ်။အချိန်ပိုင်းအလုပ်လုပ်ခြင်းအားဖြင့် လူတွေအကြောင်းပိုသိလာတယ်။ လူတွေနဲ့ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာသိလာတယ်။ပေါင်းတတ်လာတယ်။chattingလုပ်ခြင်းတက် အချိန်ပိုင်းအလုပ်လုပ်တာက ပို အကျိုးရှိတယ်။ ပိုက်ဆံရတယ်။ လုပ်ငန်းအတွေ့ အကြုံရှိတယ်။အနည်းဆုံး interviewerကို ကိုယ့်အလုပ်အကြောင်းပြောပြလို့ ရတယ်။
ရည်ရွယ်ချက်ကြီးမားပြီး ဖြစ်မြောက်အောင် လုပ်ချင်တဲ့ ကျောင်းသားတယောက်ဟာ သူ့ ဟာ ဘာတွေလိုအပ်လဲဆိုတာ သူသာအသိဆုံးပါ။
ကိုယ် မမြင်ရတဲ့ visual worldမှာထက် အပြင်က လူတွေကို စူးစမ်းရတာပိုစိတ်ဝင်စားဖို့ ကောင်းတယ်။