မိုးရွာခြင်း အကျိုးကျေးဇူး
မနေ့  ကမိုးအကြီးအကျယ်ရွာလိုက်တာ.. စလုံးနိုင်ငံသားမခံလိုက်တာတောင်ကျေးဇူးတင်ရမလိုဖြစ်နေပြီ။
ခုတလော မိုးတွေက အရမ်းရွာနေတာ ဟိုနေရာ ရေကြီးပြန်ပြီ။ဒီနေရာရေတက်ပြန်ပြီ။
စင်ကာပူမှာ ပက်ပက်စက်စက်ရေကြီးတာဆိုလို့ အရင်က မကြားမိဖူးပေမယ့်..
ခုတော့ Orchardလို နေရာမှာတောင်ရေကြီးတယ်တဲ့ သတင်းက မိုးအရမ်းရွာတိုင်းကြားရတော့မယ့်ပုံပေါက်နေပြီ။
မနေ့ က taxiတက်စီးတော့ ဒရိုင်ဘာကိုပြောပြတယ်.. ရထားစီးရတာ လိပ်စီးရသလိုပဲလို့ ။ နှေးလိုက်တာလည်းလွန်ရော။ ဘာညာပေါ့။
သူ က ပြန်ပြောတယ် “မင်းမသိဘူးလား။north-south lineတလျှောက် ရထားတွေအကုန် မိုးအရမ်းရွာလို့ affect ဖြစ်တယ်။ Jurong ဘက်အခြမ်းမှာ မိုးအရမ်းကြီး လျှပ်စီးပစ် မိုးကြိုးပစ်နဲ့ မို့ ရထားတွေကို အရှိန်လျှော့ မောင်းနေကြတယ်။orchardမှာဆို ကားလမ်းတွေအရမ်းကိုjamဖြစ်ပြီး taxiနဲ့ ပြန်တဲ့သူတွေ jamမိနေတာ။ သူတောင် အဲဒီဘက်အရမ်းကိုမသွားဘူး ။လမ်းကြောင်းပိတ်မိမှာစိုးလို့ ”တဲ့။
စီအ၇မ်းအံ့သြသွားတယ်။ဒီအတိုင်းသာဆိုရင်တော့  မကြာခင် စင်ကာပူလေးဟာ နစ်ရင်နစ် မနစ်ရင် ဘော လော် ပေါ်ပြီး oceanတဲ့ မျှောဖို့ ပဲရှိတော့တယ်။
သူက ဆက်ပြောသေးတယ်။ ကြွက်တောင် စင်ကာပူအစိုးရလောက် မြေအောက်တွင်းမတူးနိုင်ဘူးတဲ့။
ဆိုလိုချင်တာက သူတို့ အစိုးရဟာ တွင်းတူးရာမှာကြွက်တောင်အဖေခေါ်လို့ ရတဲ့ အထိကို တူးတာပေါ့။
ရေကြီးတာတောင်နည်းသေးတယ်တဲ့ ။နောက်ဆိုရင် စင်ကာပူမှာ ကားအခွန်တွေ၊ERPတွေ ကောက်စရာမလိုတော့ဘူး ဘာလို့ လည်းဆိုတော့ရေကြီးလို့ လှေနဲ့ ပဲသွားတော့မယ်တဲ့။
အဟားဟားဟား အတော်ရီစရာပြောတဲ့အဖိုးကြီး။
လူတွေကတော့ထင်မှာပဲ။ ရေကြီးတာနဲ့ စလုံးနိုင်ငံသားလုပ်တာနဲ့ ဘာဆိုင်လို့ လည်းဆိုရင်
မဆိုင်သလိုလိုနဲ့ ဆိုင်နေတယ် (ထူးဆန်းတယ်နော်)။
PR တယောက်ဖြစ်နေတော့ အရေးဟယ်အကြောင်းဟယ်ဆိုရင် CPFတွေအကုန်ထုတ်ပြီး ရွာပြန် ငွေတိုးချေးစားပြီးခြေထောက်လေးနံ့ လို့ ရတယ်။
စလုံးဖြစ်သွားရင် အဲဒီပိုက်ပိုက်တွေတပြားမှာထုတ်လို့ မရတော့ဘူး။
စလုံးကျွန်းလေးရေထဲနစ်သွားခဲ့သည်ရှိသော် ရွာပြန်ရင် အမျိုးအိမ် ကပ်စားရမှာ။ ကံမကောင်း ရင် မြန်မာပြည်မှာ မြန်မာစစ်စစ်နဲ့ overstay ကဖြစ်အုံးမယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကစပြီး မြန်မာတွေကြားမှာ စလုံးနိုင်ငံသားပြောင်းတဲ့ သတင်းက ရေပန်းစားခဲ့တာ..
စီဆိုရင် နံ့ နံ့ တက် စလုံးလုပ်တာခံချင်.. အဲ့ မှားကုန်ပြီ.. စလုံးခံချင်နေတာ။ အဖနဲ့ အမေ မနဲ တားထားလို့ ပေါ့ကွာ.. ဟင်း..ဟင်း..ဟင်း..။
အဓိက က တော့ အခွန်မဆောင်ချင်လို့ ပါပဲ(မနက်အစောကြီး အိပ်ရာထ ပြီးတန်းစီတတ်တဲ့အကျင့်ကလည်းမရှိတော့)။
ခုလို အကြံအဖန်နဲ့ ဆောင်လို့ ရတယ်ဆိုတော့ လည်းဘာအရေးလည်း ၅နှစ်မှာတခါ ဆောင်ဆို recordတောင်ရှိမှာမဟုတ်ဘူး။ သံရုံးကလူတွေကလည်း ၄နှစ်တခါလောက်ပြောင်းနေတာ(အမေရိကန် ဗြဲစီတန့် နဲ့ အမျိုးမတော်လောက်ဘူးထင်ပါတယ်)
မိုက်တယ်ကွာ..။အရင်တုန်းကတော့ ပိုက်ဆံစုဖို့ ကြိုးစားနေတာ။ခုတော့ CPFထဲ ၃၄%က ၀င်နေပြီးသားဆိုတော့  မစုလည်းဘာအရေးလဲ။အချိန်တန် အကုန်ထုတ်ပြီး သုံးရုံပဲ။
စီ့ လိုအကြံသမားတွေများလို့ လားမသိဘူး ခု မြန်မာတွေ PRလျှောက်တာRejectထိနေတယ်။
ဒါတောင် အစိုးရ ကတလောတုန်းက သူတို့ နိုင်ငံမှာ နိုင်ငံခြားသား၁၀၀,၀၀၀လောက်ထပ်လိုနေတယ်ဆိုပဲ။
အဲဒီအထဲမှာမြန်မာတွေဘယ်နှစ်ယောက်လောက်ပါမလဲမသိဘူး။လက်ရှိမှာတော့ ဖိလစ်ပိုင်လူမျိုးတွေပိုများနေသလိုပဲ။အရင်က ကားစီး ရထားစီးရင် အရပ်လေးမျက်နှာမှာ မြန်မာသံကြားရပေမယ့် ခုတော့ ဖိလစ်ပိုင်သံတွေပဲပိုကြားနေရတယ်။
ဘာပဲဖြစ်ဖြစ် ခုတော့  စီတယောက် စလုံးမဖြစ်လည်းမပူတော့ဘူး။ ရေကြီးလည်းမပူတော့ဘူး။
အဲသတိရတုန်း လှေတစီးတော့ လိုရမယ်ရ ၀ယ်ထားအုံးမှ ဘောတကွင်းပါ အစစ် တောင်းအုံးမှ(သက်ကယ်ဘောကိုပြောတာပါ..ဟီးဟီးဟီး..)။
ပုံ
မိစီ( 12:36am)
July 22nd, 2010 at 6:30 am
Ha!Hey!Hah!. That’s funny. That’s the first time I’ve seensomething like that. though.
July 22nd, 2010 at 7:08 am
Sorry…I meant comment on this a while ago. I am convinced that it is fair. Keep up the good work. I’ll be back soon
July 23rd, 2010 at 9:49 am
Sorry…I meant comment on this a while ago. I believe that it is good. Keep up the great work. I’ll be back when I can
July 26th, 2010 at 4:14 am
Excellent. I haven’t had the same experience here in Russia, but I suppose that isn’t really suprising.