မိန်းမများ..
Thursday, July 22nd, 2010တခါတလေ မိန်းမ ဖြစ်ရတာ ကိုယ့်ကိုကိုယ် အားမရဘူး… တခုခုလုပ်ချင်တိုင်း..အခါခါပြန်စဉ်းစားရလို့ .. အထူးသဖြင့် အသက်က ၂၆ထဲဝင်လာခါနီး ဆိုရင် စဉ်းစားရလွန်းလို့ ပိုလို့ တောင် ကြာသွားတယ်…။ အရင်ကဆိုရင်တော့ ငယ်သူမို့ မသိပါပေါ့နော် (အလဲ့ ..) …လာထား..လုပ်ချင်တာလုပ်.. ပြီးရင် ” အဲလို ဖြစ်မယ်လို့ အရင်က မစဉ်းစားမိခဲ့လို့ ပါ…” “ငယ်သေးတော့ ဒါမျိုးတွေဖြစ်လာလိမ့်မယ်ဆိုတာ ဘယ်သိမှာလဲ” “ကလေးဟာကို အပြစ်ပြောဖို့ ပဲသိတယ်”….ဘာညာ ကာလိကာပေါ့..။ခုတော့မရတော့ဘူး..။ တခါတလေ.. ကြီးလာတဲ့ ဟာ(အသက်)ကို အပြစ်ပုံချရမလား..ကိုယ်ကိုကိုယ်မိန်းမဖြစ်နေတာကိုပဲပုံချရမလား..အဲဒါလေး၂ခုကို စဉ်းစားနေတာနဲ့ တင် နှစ်နဲ့ ချီကြာသွားတယ်..။ ဒီနေ့ တော့ ဘာရယ်မဟုတ်ပါဘူး… သရုပ်ဆောင် ပန်းဖြူ က သူမရဲ့  ရည်းစားဟောင်းကို ကာမလိမ်လည်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်ဆိုတဲ [...]