မတူညီတဲ့ ၂၄နာရီများ


ဇူလိုင်လ က တော့ အတော်လေးထူးခြားတဲ့လလို့ ပြောလို့ ရမယ်..စီ.စာဇွတ်ရမ်းေ၇းတဲ့လ တစ်လ ဖြစ်နေလို့ ..အရင်ကဆို တစ်လ ၁၀ပုဒ် တခါတလေ ဒါထက်နည်းမယ်..တခါတလေ ၃ပုဒ်လောက်ပဲရေးတဲ့လတွေရှိတယ်..။

ဇူလိုင်လလို စာအရမ်းရေးဖြစ်မိတာက. စီ MS wordမှာ စာရေးချင်စိတ်ပေါ်လာရင် ကောက်ရေးချပြီး ပြီးမှ blogပေါ်ကိုတင်လို့ ..။တခါတလေ တနေ့ တည်း ၅ပုဒ်လောက်ရေးနေရင် ဖတ်တဲ့သူတွေမူးမေ့ကုန်မှာစိုးလို့  တနေ့ ကို အများဆုံး၃ပုဒ်လောက်ပဲတင်ပြီး ကျန်၂ပုဒ်ကို scheduled လုပ်ထားလိုက်တယ်..။အဲတော့  automatically post တွေက ဆက်တိုက် update လုပ်နေတယ်..။

စီblog စရေးတာ ၄နှစ်လောက်ပဲရှိအုံးမယ်..အဲဗမာလိုစရေးတာ ၂နှစ်ကျော်လောက်ပဲရှိသေးတယ်..။

စီ့အရင်က policyအတိုင်း ဘယ်သူမဆို ဖတ်လို့ ရတယ်.. လမ်းကြုံရင်လည်းဖတ်လို့ ရတယ်..။

စီ့ ရဲ့  blogကိုဖတ်လိုက်ခြင်း  အားဖြင့် စီဆိုတဲ့ မိန်းမတယောက်ရဲ့ ဘ၀ဆိုတဲ့ စာအုပ်ကို အတွင်းကျကျ မသိသေးစေကာမူ.. အပေါ်ယံအားဖြင့် တနည်းအားဖြင့်နားလည်ကြမယ်လို့ ထင်ပါတယ်..။

စီ့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ဟာတွေ..စီကိုယ်တိုင်ဖြစ်နေတဲ့အရာတွေကို ထပ်တူခံစားစေချင်တယ်.။လူတွေဟာ တခါတလေ တကိုယ်ကောင်းဆန်နေတတ်တယ် (စီလည်းပါတယ်)..။တခြားသူတယောက်ကိုနားလည်ပေးဖို့ ခက်ခဲတတ်တယ်..။တခြားသူတွေဖြစ်ဖူးတာကို စီမဖြစ်သေးတာရှိချင်လည်းရှိမယ်..။

စီဖြစ်ဖူးခဲ့တာတွေတခြားသူတွေမဖြစ်သေးတာလည်းရှိချင်ရှိမယ်..။စီ သိတာလေးတွေကိုပဲမျှဝေချင်တယ်..။ကောင်းတဲ့အရာတွေကို အတုယူစေချင်တယ်..မကောင်းတဲ့အရာတွေကိုရှောင်ရှားစေချင်တယ် (စီလို့ အမှားမျိုး နောက်ထပ် တခြားမိန်းကလေးတွေ ထပ်မလုပ်မိအောင်)။

တကယ်တမ်းကတော့  စာဖတ်တဲ့ သူတွေပေါ်မှာပဲမူတည်ပါတယ်..။စီ က ဒါမျိုးလုပ်ပါ.ဒါကောင်းတယ်..ဒါမကောင်းဘူးလို့ လိုက်ရေးနေလို့ မရဘူး..။ စီနဲ့ ကအမြင်တူချင်မှတူမယ်..။အသွင်တူချင်မှလည်းတူတယ်..။အဓိက က တော့ စီ blogကို လာလည်ရင်းတခုခုတော့ ရသွားချင်တယ်…။

စီကိုယ်တိုင်လည်း..တိုင်းရေးပြည်ရေး ရေးတဲ့ blogထက် personal blogတွေကိုပိုစိတ်ဝင်စားတယ်..။

တရက်တည်းမှာ စီနဲ့ ၂၄နာရီတည်းရှိတာခြင်းအတူတူ..တခြားသူတွေ ဘာဖြစ်နေလဲ..ဘယ်လို ခံစားရလဲ.. အခက်အခဲတွေ့ ရင် ဘယ်လို ဖြေရှင်းကြလဲ..ဆိုတာ စီအရမ်းစူးစမ်းချင်တယ်( တိုတိုကတော့ စီကို  စပ်စုစီတဲ့ .kpo girl)..။အဲဒါကြောင့်  စီလည်း ၂၄နာရီအတွင်းမှာ ဘာတွေဖြစ်နေလဲ..ဘယ်လိုခံစားရလဲ..ဘာတွေတွေးတောမိလဲ…ဘယ်လို ဖြေရှင်းလဲ ဆိုတာကို တတ်နိုင်သရ်ျ recordလုပ်ထားတယ်.. စီကိုယ်တိုင်လည်း အားတဲ့တနေ့ ကျရင် ကိုယ့် blogကို ပြန်ဖတ်တယ်..။တခါတလေ  ဘ၀ရဲ့ အမှားတွေ၊ တိမ်းစောင်းမှုတွေဟာ ကိုယ်ကိုတိုင်သတိမထားမိပဲနဲ့ အကြိမ်ကြိမ် အခါခါ ဒီနည်း ဒီပုံစံနဲ့ ပြန်လာတတ်တယ်..။အဲဒီအခါကျရင် ဒီနည်းဒီပုံစံနဲ့ ပြန်ပြီးကျူးလွန်တတ်တယ်..

Same mistakes but commit many times and we ended up using excuse like “Damn, I did again. I wish I could remember my old mistakes.”

Personal blogရေးတာ အဲဒါတခုတော့ကောင်းတယ်.. ကိုယ့်အကြောင်းကို keep trackလုပ်ထားလို့ ရတယ်..။ ဘယ်နှစ်တုန်းက ဘာတွေဖြစ်ခဲ့တယ်..အဲဒါကိုဘာတွေလုပ်ပြီးဖြေရှင်းခဲ့လဲ..ဘယ်တုန်းကဘယ်လောက်ခံစားခဲ့ရလဲ..ဘယ်လိုနည်းမျိုးနဲ့ မေ့ပျောက်အောင်ကုစားခဲ့လဲ..။ ဘယ်နှစ်ရဲ့  ဘယ်လတုန်းက ဘယ်လောက်ကျပ်တည်းခဲ့လို့ ဘာဖြစ်ခဲ့လဲ..ခု ဒီနှစ်ရဲ့  အဲဒီလမှာပဲ ကိုယ်ဘယ်လောက်တိုးတက်နေပြီလဲ..စသဖြင့်ပေါ့..။

စာရေးခြင်းဟာ တနည်းအားဖြင့်တော့ကောင်းတယ်..။ စာတွေရေးချင်တဲ့အခါ ကုန်ကြမ်းတွေစရှာတတ်လာတယ်. ပတ်ဝန်းကျင်ကိုစ ဂရုပြုမိလာတယ်..အဲဒီကတဆင့် ပတ်ဝန်းကျင်ထဲကလူတွေအကြောင်းကိုဂရုပြုမိလာတယ်..။လူတွေအကြောင်းကိုသိမြင်လာတယ်..။Billgateကိုစိတ်ဝင်စားရင် Billgateလိုကြိုးစားရမယ်.. Billgateချမ်းသာတာ တခုတည်းကိုစိတ်ဝင်စားလို့ မရဘူး.. Billgate ကြိုးစားပုံကိုလည်းစိတ်ဝင်စားရမယ်..။

Oprah Winfrey ကိုစီသဘောကျတယ်.. Africaမှာ သူမက သူမနာမည်နဲ့ မိန်းကလေးတွေအတွက် ကျောင်းတွေဆောက်ပြီးပညာသင်စေတယ်..။သူမလိုပဲ.ကိုးရီးယားက အမျိုးသမီးကြီးတယောက် Africa မှာ ကိုးရီးယား စားသောက်ဆိုင်ဖွင့် ဆွံ အနားမကြားတဲ့ africanလူမျိုးတွေကို သူမဆိုင်မှာ အလုပ်ခန့် ပြီး အဲဒီ less fortunateဖြစ်နေတဲ့ လူသားတစုကို ထောက်ပံ့နေတာ။ဆိုင်ကရတဲ့ အမြတ်ထဲက တပတ်တခါ အာဟာရချို့ တဲ့ တဲ့ ကလေးတွေကို ပါမုန့် တွေဝယ်ပြီး ဝေပေးနေတာ..။ကလေးတွေကအရမ်းငတ်နေကျတော့ သူတို့ အဖို့ ပါမုန့် တထုပ်ဟာ အင်မတန်မှတန်ဖိုးရှိတဲ့အစာဖြစ်နေတယ်..။

Oprah winfreyနဲ့  အဲဒီကိုးရီးယား မိန်းမကြီးချမ်းသာပုံခြင်းမတူဘူး..သူ့ နည်းသူဟန်နဲ့ တော့ လူတွေကိုအကျိုးပြုနေတာပဲ..။တခါတလေ သူတို့ ရဲ့  showတွေကြည့်ပြီး စီ မျက်ရည်ကျမိတယ်..အဲဒီအကြောင်းလည်း blogမှာ ရေးထားလိုက်တယ်.။ တခါတလေစိတ်ဓါတ်ကျရင် လူတွေကတရားထိုင်တယ်..။စီကတော့ သူတို့ နဲ့ ပတ်သက်တဲ့ အကြောင်းတွေပြန်ဖတ်ပြီး..”ဟာ.. ငါ့မှာ..မိစုံ ဖစုံရှိနေသေးတာပဲ.. စားနိုင်သောက်နိုင်သေးတာပဲ..၀ယ်နိုင်ခြမ်းနိင်သေးတာပဲ.. တခြားနိုင်ငံမှာ ကိုယ့်ထက်အဖြစ်ဆိုးတဲ့ လူတွေတောင် ဘ၀ကိုရုန်းကန် ရပ်တည်နိုင်သေးတာ..ဘာလို့ စိတ်ဓါတ်ကျရမှာလဲ..ဘာလို့ ပူပင်ရမှာလဲဆိုပြီး”..သတိကပြန်ဝင်လာတယ်..။

စီသူတို့ ကိုအားကျရုံနဲ့ မပြီးဘူး..။ အဓိက က စိတ်ဓါတ်ပဲ။စိတ်ဓါတ်ကိုပြင်လိုက်ရင်..စီလည်းတချိန်မှာသူတို့ လို …less fortunateဖြစ်တဲ့ သူတွေကိုအကျိုးပြုနိုင်မှာပဲ..။အဲဒီတော့ motivateပြန်ဖြစ်လာတယ်.. ဘ၀တိုက်ပွဲကို ပြန်လည် တိုက်ဖို့ အတွက် ခွန်အားပြည့်လာတယ်..။အဖက အမြဲပြောတယ်.. ဘ၀မှာ တိုက်ပွဲငယ်လေးတွေကိုတိုက်ရင်းရှုံးနှိမ့်ရင်ရှုံးနှိမ့်မယ်..။ဒါပေမယ့် တိုက်ပွဲကြီးကို နိုင်အောင်တိုက်ရမယ်တဲ့ .။” you may lose the battles but you must win the War”.။ စီအလုပ်ထဲမှာအဆင်မပြေရင်..stressများရင်.. ဆုံးမနေကျအဖရဲ့  စကားလေးတခွန်းပါ။

မြန်မာလူမျိုးတွေတော်တော်များများက အန်တီအောင်ဆန်းစုကြည်ကို အတုယူပြီး လေးစားကြတယ် အားကျကြတယ်..။တခါတလေ ကိုယ့်ထက်ငယ်တဲ့ လူငယ်လေးတွေက ဘုမသိဘမသိ..၈၈အရေးအခင်းအကြောင်းကို  တက်ကြွနေကြတယ်..။ ၈၈တုန်း က ၄နှစ်အရွယ် စီတောင် ဘုမသိ ဘမသိခံလိုက်ရသေးတယ်.. ဆီဆိုလည်းမှောင်ခိုနဲ့ ဝယ်ရတယ်..။ဆန်ဆိုလည်းချွေတာစားရတယ်..။ဆိုင်တွေပိတ်၊လူတွေသေ၊ စီရဲ့ ဝမ်းကွဲတွေဆိုလည်း ကျောင်းတွေပိတ်လို့ ပညာရေးတွေထိခိုက်ကုန်တယ်..စီဦးလေးဆိုရင်လည်း ဘုမသိ ဘမသိ ဟောပြောပွဲသွားလို့ ခြေထောက်မှာကျည်ဆံအလကားမှန်သွားတယ်..။ကလေးပေမယ့် အပြင်ထွက် ကစားလို့ မရဘူး..။တနေ့ တနေ့ သေနတ်သံတွေကြားတိုင်း အိမ်ကိုဘယ်တော့ကျည်ဆံမှန်မလဲဆိုတာငယ်ငယ်လေးထဲကတွေးကြောက်ပြီး ထမင်းစားခန်းထဲက ထမင်းစားခုံအောက်နဲ့ .ရေချိုးခန်းထဲ အလှည့်ကျခိုအောင်းပြီးအိပ်ခဲ့ရတယ်..။ညညဆိုအဖက ရပ်ကွက်လုံခြုံရေးအတွက် ကင်းလိုက်စောင့်လို့ ..မိစုံဖစုံနဲ့ အိပ်ခဲ့တဲ့ စီဟာ..ညဘက် အဖပျောက်ရင် စိတ်ပူခဲ့ရတယ်..။

စီကစားချင်ရင် အိမ်ပေါ်မှာ တခန်းဝင်တခန်းထွက် လူပျောက်ရင်လိုက်ရှာတဲ့ တူတူပုန်းတိုင်းပဲကစားခွင့်ရတယ်..။

အဲဒါမျိုးတွေ ခုခေတ်မြန်မာကလေးတွေမကြုံတွေ့ မခံစားဖူးပဲနဲ့ .. အန်တီစုကို အားကျပြီး အကြမ်းမဖက်တဲ့ နည်းနဲ့ ဒီမိုကရေစီယူကြမယ့်အကြောင်းပြောတော့ စီလေ.. ၈၈တုန်းက အကြမ်းမဖက်ပဲ ဆနပြလို့ သေခဲ့ကြတဲ့ လူတွေရဲ့ သွေးကွက်ကို ဒင်းတို့ ကို မြင်စေချင်တယ်..။

စီလည်း အန်တီစုကို အားကျတဲ့အချက်တွေရှိတယ်.. နိုင်ငံခြားမှာ ပညာသင်တဲ့သူ၊အင်္ဂလိပ်စကားကို မွတ်နေအောင်ပြောနိုင်တဲ့သူ.နိုင်ငံခေါင်းဆောင်သမီး။ဒီလောက်ပဲ။

စီ… သူမ အကြမ်းမဖက်ပဲ ဒီမိုကရေစီကိုစောင့်ဆိုင်းနေတာ အားမကျဘူး..။နေအိမ်အကျယ်ချုပ်ဖြစ်နေတာ အားမကျဘူး..။နိုင်ငံတကာက ဆုတွေအများကြီးရတာအားမကျဘူး..။နေအိမ်အကျယ်ချုပ်ချပြီးမှ ရတဲ့ ဆုတွေကို အားမကျဘူး..။ဒီဆုတွေဂုဏ်ပြုခံရတော့ ရော အန်တီစုရဲ့  လွတ်လပ်မှုက ပြန်ရလာမှာလား… အကျယ်ချုပ်က အကျယ်ချုပ်ပဲ..။အိမ်ထဲမှာ ၁၅နှစ်လောက် အကျယ်ချုပ်ခံထားရသူနဲ့ အပြင်မှာ ၁၅နှစ် လွတ်လပ်နေတဲ့ သူရဲ့  performanceကိုယှဉ်ရင်သိတာတယ်..။မြန်မာတွေက အန်တီစုကို အားကျပြီးလွှတ်နိုး လွှတ်နိုးနဲ့ စောင့်လာတာခုဆိုဘယ်ချိန်ရှိပြီလဲ..။အန်တီစု က ဒီမိုကရေစီကို အကြမ်းမဖက်ပဲယူပါ…။တကယ် အကြမ်းမဖက် ဆနပြပြီး ကျည်ဆံမှန်သေကုန်တာက ပြည်သူတွေ(တခါတလေ  ဘ၀ရဲ့ အမှားတွေ၊ တိမ်းစောင်းမှုတွေဟာ ကိုယ်ကိုတိုင်သတိမထားမိပဲနဲ့ အကြိမ်ကြိမ် အခါခါ ဒီနည်း ဒီပုံစံနဲ့ ပြန်လာတတ်တယ်..။အဲဒီအခါကျရင် ဒီနည်းဒီပုံစံနဲ့ ပြန်ပြီးကျူးလွန်တတ်တယ်..)..။၉၆၊၂၀၀၃၊၂၀၀၇ အရေးအခင်းတွေက ဥပမာတွေပဲ။ လူတွေဟာ လုပ်နေကြအမှားကို ထပ်ခါတလဲလဲ ကိုယ်တိုင်သတိမထားမိပဲလုပ်မိနေကြတယ် ဆိုတာမသိကြဘူး..။

ဗိုလ်ချုပ်အောင်ဆန်းတုန်းက အင်္ဂလိပ်ကို တိုက်ချင်တော့ ဂျပန်အကူအညီယူတယ်..ဂျပန်ကိုတိုက်ချင်တော့ အင်္ဂလိပ်အကူအညီယူတယ်..။သူသေသွားပေမယ့် မြန်မာပြည်ကြီးလွတ်လပ်ေ၇းရခဲ့တယ်..။ တကယ်လို့ သာ ဗိုလ်ချုပ်အောင်ဆန်းသာ..အကြမ်းမဖက်ပဲလွတ်လပ်ေ၇းကိုစောင့်ဆိုင်းမယ်ဆိုရင် စီတို့ မြန်မာတွေခုဆို သန်းရွှေကြီးလက်အောက်ရောက်မှာတောင်မဟုတ်ဘူး..။အင်္ဂလိပ်က မတရားမိနှိပ်ထားပေမယ့် ကြာရှည်ခံတဲ့ လမ်းကောင်းတွေ၊ ကျောင်းတွေ၊ အင်္ဂလိပ်စာတွေကိုအင်္ဂလိပ်လူမျိုးနီးပါးတောင်ပြောတတ်နိုင်အုံးမယ်..။နိုင်ငံခြားအလုပ်သွားရှာရင်တောင်..indiaက ကုလားတွေ ဖိလစ်ပိုင်က ဖိလစ်ပိုင်လူမျိုးတွေထက်တောင်အင်္ဂလိပ်စကားပြောတတ်အုံးမယ်..။

အဲလိုပဲ အန်တီစုသာ အကြမ်းမဖက်ပဲ ဒီမိုကရေစီကို စောင့်စားနေမယ်ဆိုရင်… စီတို့ တွေ သန်းရွှေကြီးတို့ လက်အောက်ကျွတ်သေးမှာမဟုတ်ဘူး..။လမ်းပျက်တွေ၊ ကျောင်းစုတ်တွေ၊ ရောဂါပေါင်းစုံတွေ၊မတရားဖိနှိပ်မှုတွေအောက်မှာပဲနေကြရအုံးမယ်..။

စီအန်တီစုကို မကောင်းပြောတာလည်းမဟုတ်ဘူး..အထင်သေးတာလည်းမဟုတ်ဘူး..။မြန်မာလူမျိုးတော်တော်များများက အန်တီစုနဲ့ ပတ်သက်လာရင် အကောင်းပြောရမယ်..အထင်ကြီးရမယ်.. အဲလိုမဟုတ်ရင် အဲလိုရေး..အဲလိုပြောတဲ့ သူကို အစိုးရလူလို့ ထင်တတ်ကြတယ်..။စီ အစိုးရလူလည်းမဟုတ်ဘူး..နိုင်ငံရေးသမားလည်းမဟုတ်ဘူး.. သာမာန်မြန်မာနိုင်ငံသားတယောက်ပဲ။မြန်မာနိုင်ငံသားဖြစ်လို့  အမြဲတမ်း အန်တီစုကောင်းကြောင်းပဲပြောရမယ်ဆိုတဲ့ ခံယူချက်စီမှာမရှိဘူး..။

လူတွေက အန်တီစုကို အတုယူတယ်..အားကျတယ်ဆိုတာဘာလဲ..အန်တီစုလို နှစ်ရှည်အကျယ်ချုပ်နေတာကိုပြောတာလား..။

စီ oprah winfreyကိုအားကျတယ်..အမည်မသိကိုး၇ီးယားစားသောက်ဆိုင်ပိုင်ရှင်မကြီးကိုအားကျတယ်..။

သူတို့ က လွတ်လပ်ပြီး..ကိုယ့်ခံယူချက်အတိုင်းအလုပ်လုပ်နေကြတာကို အားကျတယ်..။လူတယောက်ကြောင့် လူအများအကျိုးဖြစ်ထွန်းတာ အင်မတန် မင်္ဂလာရှိတယ်..။

အန်တီစု ခု အကျယ်ချုပ်ကျနေတယ်.. ကိုယ်ကလွတ်လပ်နေတယ်.. ကိုယ်လွတ်လပ်နေရက်သားနဲ့ ကိုယ့်မှာလုပ်ပိုင်ခွင့်ရှိရဲ့ သားနဲ့ ..အန်တီစုကိုစောင့်နေတယ်..။ဒါဟာကိုယ့်အခွင့်အရေးဆုံးရှုံးနေတာပဲ..ကိုယ့်လွတ်လပ်ခွင့်ဆုံးရှုံးနေတာပဲ..။ကိုယ့်လိုပဲ မြန်မာနိုင်ငံမှာရှိကြသော မြန်မာလူမျိုးများလည်း အန်တီစုလွတ်လာနိုးစောင့်နေကြတာ.. သူတို့ ရဲ့ လွတ်လပ်ခွင့်တွေဟာ အန်တီစုနဲ့ အတူဆုံးရှုံးနေကြတယ်..။အန်တီစု နေအိမ်အကျယ်ချုပ် နဲ့ ၁၅နှစ်နေတာ အန်တီစု တယောက်တည်း လွတ်လပ်မှုတွေဆုံးရှုံးနေတာမဟုတ်ဘူး..အန်တီစုကို မျှော်လင့်အားကိုးပြီး ဘာမှမလုပ်ပဲစောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့  ၁၅နှစ်စာပါ ဆုံးရှုံးနေတာ..။လူသန်း၅၀ကျော်.. မဟုတ်သေးဘူး.. ခုမွေးလာတဲ့ကလေးတွေ၊လူငယ်တွေကိုထည့်တွက်လို့ မရဘူး..  အသက်၁၅နှစ်အထက်..အကြမ်းဖြင့်..လူသန်း၃၀ကျော်ပဲထားလိုက်၊ အဲဒီလူတွေရဲ့  လုပ်သင့်တာ ရရှိထိုက်တာတွေဆုံးရှုံးနေတာ..။ Oprah Winfreyကိုသာ အချိန် ၁၅နှစ်အပိုပေးထားကြည့်… သူမ ဒီထက်မက အာဖရိက က လူမည်းအမျိုးသမီးတွေရဲ့ ဘ၀ကို ပိုအကျိုးပြုနိုင်လိမ့်မယ်..။

Billgateကိုအချိန်၁၅နှစ်အပိုပေးထားကြည့်.. ဒီထက်အလုပ်ပိုလုပ်နိုင်လိမ့်မယ်..။ဒီထက် အမြတ်ပိုရှာနိုင်လိမ့်မယ်..။

စီတို့ မြန်မာနိုင်ငံသားများက  စစ်သားတွေ စစ်တပ်တွေ..စစ်ဝါဒတွေကိုမုန်းတယ်ပြောကြတာ..

စီတို့ ကိုယ်တိုင် စစ်သားလို ကျင့်ကြံနေတာတော့သတိမထားမိကြဘူး..။တသွေးတသံတမိန့် ..။

သန်းရွှေကြီးက ဒါလုပ်ဆို..စစ်တပ် ကဒါလုပ်..သန်းရွှေကြီးက ဟိုဟာလုပ်ဆို.စစ်တပ်က ဟိုဟာလုပ်..။သန်းရျွှေကြီးကထောက်ခံဆို..စစ်တပ်ကထောက်ခံ..။ သန်းရွှေကပစ်ဆို..စစ်တပ်ကပစ်..။သန်းရွှေကြီးက ချဆို.စစ်တပ်ကချ..။

အန်တီက အကြမ်းမဖက်နဲ့ ဆို..ပြည်သူတွေက  အကြမ်းမဖက်.. ၊အန်တီစုက ဒီမိုကရေစီ..ပြည်သူတွေက ဒီမိုကရေစီ.. အန်တီစုကစောင့်ဆို… ပြည်သူတွေကစောင့်..။အန်တီစုက မလုပ်နဲ့ ဆို..ပြည်သူတွေကမလုပ်..အန်တီစုက ထောက်ခံဆို ပြည်သူတွေကထောက်ခံ..။အန်တီစုက ခရီးထွက် ပြည်သူတွေကနောက်ကလိုက်… နောက်ဆုံးတော့ ..ပစ်တဲ့သူနဲ့ လိုက်တဲ့သူကြားမှာ..လိုက်တဲ့သူက ကြားကအချောင်သေ.. (ဒီပဲယင်း ခရီးစဉ်)၊ (၂၀၀၇ စက်တင်ဘာဆနပြပွဲ)။

အိမ်း ..လူသားတွေ..လူသားတွေ.. ။တခါတလေ  ဘ၀ရဲ့ အမှားတွေ၊ တိမ်းစောင်းမှုတွေဟာ ကိုယ်ကိုတိုင်သတိမထားမိပဲနဲ့ အကြိမ်ကြိမ် အခါခါ ဒီနည်း ဒီပုံစံနဲ့ ပြန်လာတတ်တယ်..။အဲဒီအခါကျရင် ဒီနည်းဒီပုံစံနဲ့ ပြန်ပြီးကျူးလွန်တတ်တယ်..။ဒါကပဲ ဘ၀သံသရာဆိုတာများလားကွယ်..။

လူတယောက်ကို၂၄နာရီပိုင်တယ်ထားပါအုံးတော့ .. သန်းပေါင်းများစွာသောမြန်မာလူမျိုးတွေရဲ့ ၂၄နာရီတွေဆုံးရှုံးနေခဲ့ဘယ်လောက်ကြာခဲ့ပြီလဲလေ..။

2 Responses to “မတူညီတဲ့ ၂၄နာရီများ”

  1. လေလွင့်သူ Says:

    ခက်တော့လည်း ခက်သားဗျ မစီရ …

    မစီရေးထားသလောက် ဖတ်ရတော့ ကျွန်တော်လည်း မစီအသက်နဲ့ ရွယ်တူလောက်ပဲ။ ရှစ်လေးလုံး ဖြစ်တော့ ကျွန်တော့်အသက်က ၄ နှစ်။ အဲ့မှာ မစီနဲ့ မတူတာကတော့ ကျွန်တော်နေတာက စစ်တပ်လိုင်းတန်းမှာကိုး။ မင်္ဂလာဒုံ ခရေပင်လမ်းခွဲနားက လိုင်းတန်းထဲမှာ အဲ့တုန်းက ဆော့လို့ ကောင်းတုန်းပေါ့ဗျာ။ ဆန္ဒပြတန်းတောင် ဆော့ကြသေးတယ်၊ လိုင်းတန်းကိုပတ်ပြီး ဒို့အရေး အော်ကြတာလေ။ အဖေကိုလည်း အဲ့တုန်းက မတွေ့တာ များပါတယ်။ ဒါပေမယ့် စစ်မှုထမ်းသားသမီးဆိုတော့လည်း အဖေနဲ့ ခွဲပြီးနေရတာက အကျင့်ဖြစ်နေတော့ အဖေပြန်မလာလည်း ထူးထူးခြားခြားတော့ ဖြစ်မနေတော့ဘူး။ သတင်းစာတွေမှာတော့ ခေါင်းပြတ်ပုံတွေ ပါပါလာတာတော့ တွေ့တာပေါ့လေ။ အမေက ပေးမပြဘူးဗျ။ ကျွန်တော်ကြောက်မှာစိုးလို့ဆိုပြီး ဖွက်ထားတာ။ ကျွန်တော်ကလည်း အဲ့လိုမျိုးဖွက်တယ်ဆိုရင် ပိုကြည့်ချင်တဲ့ကောင်ဆိုတော့ တခါခိုးကြည့်လိုက်တာ ခေါင်းပြတ်ပုံတွေကို … ညညဆို ကြောက်လိုက်တာ…

    ဒီလိုနဲ့ အရေးအခင်းကြီးပြီးသွားရောပေါ့လေ။ ကျွန်တော်လည်း ရှစ်လေးလုံးမှာ ဒို့အရေးတော့ အော်ဖူးခဲ့တယ်ဆိုတာလောက်ပဲ အတွေ့အကြုံရခဲ့တယ်ပေါ့။ ဘာဆိုဘာမှ ကိုယ်တွေ့မသိလိုက်တာမျိုး။ ကျွန်တော် ရှစ်တန်းလောက်ထိက အဖေ့အရိပ်မှာနေခဲ့ရတာဆိုတော့ ကျွန်တော်လည်း တကယ့်ဒေါင်ဒေါင်မြည် တပ်ချုပ်ကြီးဘက်တော်သား ဖြစ်ခဲ့ဖူးပါရဲ့။ ငယ်ငယ်တည်းက နေလာတာက စစ်တပ်ထဲ၊ ဖတ်ရတာကလည်း ရွှေသွေးလည်းပါသလို တပ်မတော်စာစဉ်ဆိုတာကလည်း ပါသေးတယ်လေ။ အဖေကလည်း ကျွန်တော်အသက်နည်းနည်းကြီးလာတော့ ကေအန်ယူဘာလဲဘယ်လဲလို စာအုပ်မျိုးတွေကို ယူယူလာပေးတော့ ကျွန်တော့်ခေါင်းထဲမှာ စစ်တပ်က၀ါဒဖြန့်တာတွေနဲ့ပဲ ပြည့်နေခဲ့တယ်လေ။ ရှစ်လေးလုံးက လူတွေ အသားလွတ်သောင်းကျန်းကြတာ စစ်တပ်က ၀င်ထိန်းပေးရတာ အန်တီစုဆိုတာ အလကား၊ ကုလားဖြူကို ယူထားတဲ့အမျိုးသမီးကြီး စသဖြင့်ပေါ့ဗျာ။

    ၈ တန်းနှစ်ကုန်ခါနီးမှာ အဖေနဲ့ အမေလမ်းခွဲတော့ ကျွန်တော်က အမေ့ဘက်ပါလာတယ်။ အရပ်ထဲရောက်တော့မှ ကြာလာလေလေ တကယ့်လူများစုဟာ ဘယ်လိုခံစားနေရတယ်ဆိုတာ သိလာလေလေပဲ။ ကျွန်တော်ကိုယ်တိုင်လည်း အဖိနှိပ်ခံ၊ အချုပ်နှိပ်ခံ တစ်ယောက်ဖြစ်ခဲ့ရပြီဆိုတော့ ခါးသီးတတ်လာခဲ့တယ်လေ။ ဒီအစိုးရကို ကျွန်တော် တစတစနဲ့ တော်တော်ကို မုန်းလာတယ်။ ဒါပေမယ့် ဆန္ဒပြတာတွေ ဘာတွေ လိုက်လုပ်ဖို့ထိတော့ သတ္တိမရှိခဲ့သေးဘူးဗျ။ ၂၀၀၇ ခုနှစ်ရောက်တော့မှ သံဃာတော်တွေ လမ်းလျှောက်တော့ ပထမရက်တွေမှာ တွေဝေနေခဲ့သေးတယ်။ ကိုယ့်ရဲ့ အနာဂတ်၊ ဖိစီးနေတဲ့ အကြောက်တရား ဒါတွေက ကျွန်တော့်ကို ခွင့်မပြုခဲ့ဘူး။ ဒီကြားထဲ ဆန္ဒပြတဲ့သူတွေကလည်း တဖြည်းဖြည်းများလာတယ်၊ လူတွေရဲ့ရှေ့မှာ သံဃာတော်တွေကလည်း မားမားမတ်မတ်နဲ့ ရှိနေတယ်ဆိုတော့ ကျွန်တော် သွေးကရဲလာပါလေကော။ သူများတွေလုပ်နေကြပြီ၊ ငါလည်း ၀င်ပါသင့်တယ်လို့ တွေးမိလာတယ်။ ကိုယ်ခံနေရတာကို ကိုယ်ကမှ မကျေနပ်ဘူးဟေ့လို့ မကြွေးကြော်ရဲရင် ကိုယ့်လောက် အသုံးမကျတဲ့ကောင် ရှိတော့မှာ မဟုတ်ဘူးလို့လည်း တွေးမိလာတယ်။ အဲ့ဒါနဲ့ ၃ ရက်မြောက်ကစပြီး ကျွန်တော်ပါလမ်းဝင်လျှောက် ၀င်ဆန္ဒပြခဲ့ပါတယ်။ မြို့ထဲ ဆူးလေကိုသွား အဲဒီကနေ ရွှေတိဂုံထိလမ်းလျှောက်ပေါ့လေ။ နောက်ရက်တွေမှာ စစ်တပ်က ပစ်မယ်ခတ်မယ်ဆိုတာ အသံကြားလာရတယ်။ ကျွန်တော်အနေနဲ့ ဗုဒ္ဓဘာသာနိုင်ငံမှာ သံဃာတွေကို ပစ်သတ်တဲ့အထိ ဒီကောင်တွေ မိုက်လုံးကြီးလိမ့်မယ်လို့ မထင်ခဲ့ရိုးအမှန်ပါ။ ဒါ့အပြင် ဒီကောင်တွေ ပစ်သတ်ခဲ့ရင် တစ်ခုခုပေါ့ဗျာ ဘယ်လိုပြောမလဲ Miracle လိုဟာမျိုးပေါ့ဗျာ ဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်တယ်။ Miracle လိုဟာမျိုး မဟုတ်ရင်တောင်မှ လူ့အဖွဲ့အစည်းက ဒါကိုလုံးဝ သည်းခံနေမှာ၊ ခေါင်းငုံ့ခံနေမှာ မဟုတ်ဘူးလို့ လုံးဝယုံကြည်နေခဲ့တယ်။ ကျွန်တော် လမ်းဆက်လျှောက်ခဲ့တယ် မစီ …

    နောက် ဘာတွေဆက်ဖြစ်လည်းဆိုတာ မစီလည်း သိမှာပါ … ကျွန်တော် ခံပြင်းတာရော၊ စိတ်ဓာတ်ပျက်ပြားသလိုဖြစ်တာရောကြောင့် သံဃာသတ်တဲ့ ခွေးထက်မိုက်တဲ့ကောင်တွေလုပ်ရပ်ကို ဆက်မပြောတော့ဘူး။ ကျွန်တော်ပြောချင်သေးတာကတော့ Miracle ဆိုတာမျိုး မဖြစ်တာ လက်ခံလို့ရပါသေးတယ်။ ဗုဒ္ဓဘာသာသမိုင်းမှာ အိန္ဒိယက နာလန္ဒာတက္ကသိုလ်ကို မွတ်စလင်တွေ မီးရှို့လုယက် သတ်ဖြတ်တုန်းက ရဟန်းပေါင်း သောင်းနဲ့ချီ သေခဲ့ပါတယ်တဲ့။ အဲ့တုန်းကလည်း ဘာ Miracle မှ မဖြစ်ခဲ့ပါဘူး။ ခုလည်း မဖြစ်တာ လက်ခံသေးတယ်။ ဒါပေမယ့် ကျွန်တော်မြင်သွားတာက ရန်ကုန်မှာ ဗုဒ္ဓဘာသာဝင် အနည်းဆုံး ၂ သန်းလောက်တော့ ရှိပါတယ် … အဲ့အထဲက သံဃာတော်တွေနဲ့အတူ လမ်းဝင်လျှောက်တဲ့လူတွေဆိုတာ ရာခိုင်နှုန်းက အတော်နည်းတယ်။ ဒါ့အပြင် သံဃာတွေကို သတ်တော့ လက်ပိုက်ပြီးကြည့်နေနိုင်သေးတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြောက်တရားကိုလည်း ကျွန်တော်မြင်သွားပါသေးတယ်။ ဒီထက်ဆိုးတာက ကျွန်တော့် ပတ်ဝန်းကျင်က ဆန္ဒမပြတဲ့ကောင်တွေ ပြောတဲ့စကား။ ကျွန်တော့်ကိုလာပြောတာပါ .. ဟေ့ကောင် မင်းကဘာလို့ သွားနေတာလည်း အချောင်သေနေဦးမယ် ပြစရာရှိ သူများတွေပြပါစေ သေရင်သူတို့သေလိမ့်မယ်။ တခုခုအပြောင်းအလဲဖြစ်ရင်တော့ ငါတို့ပါ အခွင့်အရေးရမှာပဲဟာကို … တဲ့။ ကျွန်တော် စိတ်တော်တော်လေသွားတယ်။ ဒီလိုကောင်တွေ များနေတာပဲဗျ။

    ဒါ့အပြင် မြို့လယ်ကောင်မှာ ဗုဒ္ဓဘာသာဝင်တွေ ဘုရားနဲ့ တစ်တန်းထဲထားပြီး ပူဇော်ရတဲ့ သံဃာတွေကို စစ်ခွေးတွေက သတ်ပြလိုက်တာ … သူတို့ဘာဖြစ်သလဲ … ဘာမှမဖြစ်ပါဘူး (နောက်ဘ၀တို့၊ နောက်မှဆိုတာတို့ကို ကျွန်တော်လက်ကိုမခံနိုင်တော့ပါ) ဘယ်နိုင်ငံ ဘယ်လူတွေကများ ယဉ်ကျေးလှပါတယ်ဆိုတဲ့ ဘယ်လိုနိုင်ငံတွေကများ ထိထိရောက်ရောက် ၀င်ပြော ၀င်ဆောင်ရွက်ပေးကြပါသလဲ … ကျွန်တော် ဂိုဏ်းသင့်ရင်လည်း သင့်ပါစေဗျာ ခုအပြင်မှာ မိုးလည်းရွာနေတယ် .. မိုးကြိုးပစ်ချင်လည်း ပစ်ချလိုက် ပြောမယ် … ဒီစစ်ခွေးတွေ လှူသမျှ အခန့်သင့်လက်ခံ … ဒီစစ်ခွေးတွေ ဆောက်ပေးတဲ့ နတ်ဘုံနတ်နန်းလောက်ကောင်းတဲ့ ကျောင်းကြီးတွေပေါ် ထိုင်နေတဲ့ သံဃာ့မဟာနာယကဆိုတဲ့ ရဟန်းတွေကိုလည်း ကျွန်တော် မကြည်ညိုတော့ဘူး။ တကယ့် အမှန်တရား(Absolute truth – သစ္စာလေးပါး ဆိုတာမျိုး) လက်ကိုင်ထားပါတယ်ဆိုတဲ့ ကျင့်ကြံပါတယ်ဆိုတဲ့ သံဃာ့မဟာနာယကတွေဟာ သံဃာသတ်တဲ့ကိစ္စမှာ ဘာတစ်ခွန်းမှ မဟတာတော့ ကျွန်တော် ရွံလည်းရွံတယ်။ တချို့က ပြောကြမယ်။ လမ်းလျှောက်တဲ့ ဘုန်းကြီးတွေက ဘာညာတွေဆိုပြီးတော့ … ကျွန်တော်သိတဲ့ ဗုဒ္ဓဘာသာရဲ့ သွန်သင်ချက်က ငါးပါးထက် ပိုတဲ့ ရဟန်းအစုအဝေးဟာ သံဃာဆိုတာ ဖြစ်ပါပြီ။ သံဃာဆိုတာကို စော်ကားရင်၊ သတ်ရင် ဘုရားကို ပြစ်မှားတာနဲ့ တူတူပါပဲဆိုတာပါ။ ထားပါလေ … သေတဲ့သူတွေကတော့ လမ်းဘေးက အမှိုက်တစ်ရွက် လွင့်မျောသွားခဲ့ကြရပါပြီ။ ကျွန်တော်လည်း ကျည်ဆန်လာမထိလို့သာ ခုလိုရေးနေနိုင်သေးတာ။ ကျွန်တော် သေသွားခဲ့ရင်လည်း မြန်မာနိုင်ငံကြီး ဘာမှကောင်းလာမှာမဟုတ်သလို သေသွားတဲ့ ကျွန်တော့်ကိုလည်း ကျွန်တော့်အမေကလွဲရင် ဘယ်လူတွေကမှ သတိရနေကြမယ်မဟုတ်ဘူးဗျ … ဒါကို ကျွန်တော် ထင်ထင်ရှားရှား သဘောပေါက်သွားတယ်။

    အဲ့ကတည်းက ကျွန်တော့်ခေါင်းမှာ အသိအမြင်တစ်ချက်ပဲ ၀င်လာတော့တယ် … ရှိနေတော့တယ်။ မြတ်စွာဘုရားဟောကြားခဲ့တာ ရှိပါတယ် မစီ … ရပ်ပြစ်ရှစ်ပါးနဲ့ဒဏ်ထိုက်တဲ့ အရပ်မှာ မနေအပ်ရာတဲ့။

    … စိတ်ထဲရှိသမျှ ချရေးလိုက်ရရင်တော့ တစ်ထောင့်တစ်ညပုံပြင်ထက် ရှည်သွားတော့မယ် … လောလောဆယ်တော့ တော်တော်တော့ ရင်ပေါ့သားပဲဗျ ..

    ကျန်းကျန်းမာမာပဲ မဟုတ်လား မစီ …

  2. foxie284 Says:

    အော် လေလွင့်သူရယ်..ယူက အရေးအခင်းတုန်းက စစ်တပ်လိုင်းမှာနေရမှတော့ ဘယ်သူက သေနတ်နဲ့ လာပစ်ဝံ့မှာလဲ..။ စီတို့ ကအရပ်သားတွေလေ..။ စီတို့ နားမှာ ဆို “ဒက်..ဒက်..ဒက်”နဲ့ ..။သေနတ်ဆိုတာမမြင်ဖူးဘူး..အသံကြားရုံနဲ့ တင်ကြောက်ခဲ့ရတယ်..။အစ်မ၀မ်းကွဲတွေဆို ဖြဲခြောက်တယ်..။
    ငြိမ်ငြိမ်နေ..မနေရင် သေနတ်မှန်ပြီး ဖျာလိပ်နဲ့ ပတ်ခံထားရဲ့ သူလိုဖြစ်သွားမယ်ဆိုပဲ..နောက်သူများပြောတော့မှ.. အဲဒါ လူသေတွေကိုပြောတာ..။
    စက်တင်ဘာအရေးအခင်းတုန်းက စီ စင်ကာပူ tv channelကနေ ကြည့်တာတောင် မငိုပဲမျက်ရည်ကျမိတယ်..။စစ်သားတွေ သံဃာတွေကိုတုတ်တွေနဲ့ ရိုက်နပန်းကျင်းပြီး ကားပေါ်ခေါ်တင်သွားတာကိုမြင်တော့  အတော်လေးခံပြင်းမိတယ်..။ ယူတို့ လို ကိုယ်တိုင်ပါတဲ့သူတို့ ရင်
    ဒီထက်ပိုခံပြင်းမိမှာသေချာပါတယ်..။
    အဲဒါကြောင့်ပြောတာ.. စီကတော့ နိုင်ငံရေးတွေ ဘာမှမလုပ်ဘူး.. လုပ်ရင်လည်းအသေပဲ..။မွတ်စလင်ကို
    အားကျလို့ တော့မဟုတ်ဘူး..။နိုင်ငံရေးလုပ်လို့ အဖမ်းခံရရင်လည်း ထောင်က ဒီတသက်ထွက်ရတော့မှာမဟုတ်ဘူး..ပြန်မထွက်ရမယ့်အတူတူ..အသက်ရှင်တုန်း အကုန်သိမ်းကျုံးပြီး ကိုယ်နဲ့ အတူသေရွာကို ခေါ်သွားတာမှ အကျိုးရှိအုံးမယ်..။

    စိတ်ထဲရှိရာချရေးလိုက်တော့ ရင်ထဲပေါ့သား ရှိတော့မှပေါ့..။
    တခါတလေ လူတွေကို တိုက်ရိုက်မပြောချင်တဲ့အရာက စာနဲ့ေ၇းပြောရာမှာ အတော်အရာရောက်သား..။
    တထောင့်တည ပုံပြင်ဆိုတော့ လည်း ပုံပြင်ပေါ့.. စီပိုက်ပိုက်ရှိရင် ယူကို စာအုပ်ထုတ်ပေးမယ်..ဟဲဟဲ..။
    အရပ်ကတို့ ပို့ သ တဲ့ မေတာကြောင့် ကျန်းကျန်းမာမာ ရှိပါတယ်ရှင်..။
    ခုလို တကူးတက အချိန်ပေးပြီး commentပေးတဲ့အတွက်လေးစားပါတယ်..။:)

Leave a Reply

foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago