stocks
ဒီမနက် အိပ်၇ာကထတော့ ပထမဆုံးမြင်ချင်တဲ့အရာက မနေ့ ကစီဝယ်ထားတဲ့ samsung galaxyS ပဲ..။
မျက်နှာတောင်မသစ်အားဘူး..။ကလိဖို့ လက်ယားနေတာ..။ထိုင်ကလိလိုက်တာ ၂နာ၇ီတောင်ကြာသွားတယ်..။တော်သေးတယ်..စီ့အာပုတ်ကိုရှူမယ့်လူဆိုလို့ စီတယောက်တည်းပဲရှိလို့ ..
။စီပျော်လိုက်တာ..။ဘာလို့ လည်းမသိဘူး..အရမ်းတောင့်တရတဲ့ အရာတခုခုရရင် စီလို့ ပဲ တခြားသူဆိုလည်းပျော်မိမှာပါ..။စီ ဖုန်းဝယ်တာအမေ ကတော့ မသိသေးဘူး..။ စီကလည်း တမင်ဖွတ်ထားတယ်..။အမေသိရင်တော့ ပွစိ ပွစိလုပ်မှာသေချာတယ်..။တခါတလေ ဘယ်သူကိုမှ အသိမပေးပဲခိုးကြောင်ခိုးဝှက်လုပ်ရတာ သိပ်အရသာရှိတာပဲ..။
ခုတောင်အလုပ်သွားရင်ဖုန်းမယူပဲအိမ်မှာပဲထားထားရင်ကောင်းမလားစဉ်းစားနေတာ..။
အဲဒီအထဲမှာမှ စီ မှတ်မှတ်ရရ touch screen phoneကိုင်တာဆိုလို့  LG crystal & Samsung Galaxy S ပဲရှိသေးတယ်..။စီဖုန်းကို Model မျိုးစုံအောင်ကိုင်တယ်.. အဲ..ကျန်တာဆိုလို့  HTC,Motorola & Backberryပဲရှိတော့တယ်..။စီက gadgetတွေကိုစိတ်ဝင်စားတယ်..။တခါတလေတော့လည်းမထောင်းသာဘူး.. တနှစ်တခါကိုဖုန်းပြောင်းသုံးနေလို့ ..။L
မနေ့ က အပြင်ထွက်ရင်းtaxiစီးတော့ ကားသမားနဲ့ စကားပြောဖြစ်တယ်..။သူက stockကို online ကနေ ကစားတဲ့ သူတယောက်..။သူငယ်ငယ်က တရုတ်ကျောင်းမှာ၅တန်းထိပဲပညာသင်ခဲ့ရတယ်..။ သားနှစ်ယောက်ရှိတယ်.. တယောက်က ၂၈၊နောက်တယောက် က၂၃၊နှစ်ယောက်စလုံးက Uniအထိတက်ပြီး ဘွဲ့ တွေရကုန်ပြီ။
စီ သူ့ ကိုချီးကျူးပါတယ်..။စီကို လည်း online trading လုပ်ဖို့ ပြောတယ်..။ stock ကကြည့်လိုက်ရင် ရှုပ်ရှက်ခတ်နေပေမယ့် တကယ်နားလည်ရင် အင်မတန်မှလွယ်တဲ့ရင်းနှီးမြုပ်နှံမှုတခုတဲ့ ။စီစိတ်ဝင်စားသွားတယ်..။စီက လည်းရင်းနှီးမြုပ်နှံဖို့ စီမံကိန်းဆွဲနေတဲ့သူပဲလေ..။
စီတို့ မြန်မာလူငယ်တော်တော်များများဟာ..ကျောင်းပြီးလို့ companyကောင်းကောင်းမှာ positionကောင်းကောင်း လစာကောင်းကောင်းလေးနဲ့ အလုပ်ရပြီဆိုရင် တသက်စာဖုံလှုံနေပြီထင်တာ..။Engineerဆိုလည်း engineerအလျှောက် Assistant Engineerဆိုလည်း assistant engineer အလျှောက်၊ IT analyst ဆို analyst အလျှောက်၊QC ဆိုလည်းQCအလျှောက်၊ဘဏ်ထဲမှာပိုက်ဆံရှိလေ လူရာဝင်လေထင်နေတာ..။တကယ်လို့ ကိုယ်ကျန်းမာရေးတခုခုဖြစ်သွားရင် အဲဒီပိုက်ဆံတွေကအလုံးအရင်းနဲ့ ကို ပြုတ်ပြုတ်ပြုန်းကုန်မှာ..။
ပိုက်ဆံကိုယ်ဆီကိုအမြဲဝင်တဲ့လမ်းကြောင်းတခု လက်ထဲမှာရှိသင့်တယ်ဆိုတာသတိမထားမမိကြဘူး..။
စီstockကိုတော့ ကြားဖူးတာကြာပြီ.. မကစားဖူးသေးဘူး..။သူများတွေကလည်းတားကြတယ်..။ it will burn your fingerတဲ့ ။Risky ကြိုက်တဲ့သူတွေမှကစားရဲတာ..။စီကလည်း Risky အကြိုက်ဆိုတော့ အတော်ပဲပေါ့…။
တရုတ်ကျောင်းထွက် ၅တန်းသမားတောင် လုပ်နိုင်သေးရင် စီက ဘာလို့ မလုပ်နိုင်ရမှာလဲ..နော့?သူကပြောတယ်..။stock အကြောင်းကို Learn by yourselfတဲ့ ။ နောက်တခါ အလုပ်ပိတ်ရက်ကျရင် အပြင်မထွက်တော့ဘူး..stockအကြောင်းကိုစလေ့လာမယ်..။
စီ taxi စီးတိုင်း စီ့ကို အကြံဥာဏ်ပေးတတ်တဲ့ကားသမားတွေနဲ့ အမြဲတိုးတာ စီ နဲ့ Taxiနဲ့ ရေစက်ပါလို့ လားမသိဘူးနော်..။
ကဲ..ရေးတာလေး အသာရပ်ပြီး ..Galaxy နဲ့ နှစ်ပါးပြန်သွားလိုက်အုံးမယ်..။အဟီး..။
Leave a Reply
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago