ရုပ်ရှင်ထဲက စစ်သား
ဒီနေ့ မနက် အားနေတော့  mio ကနေ အဖနဲ့ green zoneဆိုတဲ့ ရုပ်ရှင်တစ်ကားကြည့်ဖြစ်တယ်..။သားအဖ နှစ်ယောက်က အားရင် ရုပ်ရှင်ကြည့် ဘောပွဲကြည့်နဲ့  စီ ရုပ်၇ှင်ကြိုက်လှချည့် ရဲ့ မှတ်တယ် အဖနဲ့ သွားတူနေတာကိုး
အဲ စတာလေးပြန်စရအောင်.။
ဇာတ်လမ်းက အီရတ်မှာ WMD( weapon of mass destruction)plant ရှိနေတယ်ဆိုပြီး အမေရိကန် က ၂၀၀၃မှာ အီရတ်ကို ၀င်တိုက်တာ။
အဲဒီမှာ မင်းသားက Matt damon
(စီ့ အသဲ) က အမေရိကန် Chief warrant officerပေါ့။သူ အလုပ်က အဲဒီ WMD siteရှိတဲ့ နေရာကိုသွားပြီးစုံစမ်းဖို့ ပေါ့နော်..။
ရောက်သွားတဲ့အခါကျတော့ ဘာမှလက်နက်၊ ဘာပစည်းမှမရှိပဲ empty warehouse ပဲတွေ့ ရှိတယ်။အဲဒီမှာ သူ နည်းနည်း သံသယ၀င်သွားတယ်.။
ကြည့်ရင်းကြည့်၇င်းနဲ့ ဇာတ်ကရှုပ်လာတယ်။ နိုင်ငံေ၇းရဲ့  နက်ရှိုင်းမှုတွေအများကြီးတွေ့ ရတယ်။
မင်းသား က စစ်သားတယောက်အနေနဲ့  ဘာမှသံသယမ၀င်၊ ဘာမှမစဉ်းစားပဲ အထက် စစ်မိန့် ကိုယုံယုံကြည်ကြည်နဲ့ နာခံပြီး တိုက်ဆိုတိုက်၊ပစ်ဆို ပစ် စုံစမ်းဆို စုံစမ်းရုံသက်သက်
လုပ်လို့ ရတယ်။
အဲဒီမှာမင်းသားက သူကိုယ်တိုင် အဲဒီ WMDနဲ့ ပတ်သက်တဲ့ လူတွေ၊ အမေရိကန်တွေဘက်က အကြီးပိုင်းတွေ ကလူတွေကိုပြန်လိုက်တဲ့အခါကျတော့ အဲဒီ WMD planဆိုတာ ၁၉၉၁ တည်း အပြီးအစီးဖျက်သိမ်းပြီးသားဖြစ်နေတယ် အဲဒါကို ခေါင်းဆောင်ကြီးပိုင်းတွေက ထိန်ချန်ပြီး တော့ အီရတ်မှာ WMD စီမံကိန်းတွေရှိနေပါတယ် ဒါကြောင့် စစ်ကြေငြာပြီး ဆာဒမ်ဟူစိန်ကို အာဏာချပြီး အီရတ်ကိုသိမ်းလိုက်ရော.။
မြန်မာပြည်က စစ်သားတွေမသိဘူးပေါ့နော် ဇာတ်လမ်းထဲက အမေရိကန်စစ်သား (စစ်ဗိုလ်ပဲထားပါတော့)
တယောက်ဟာ ဒီလိုအရေးကြီးတဲ့ missionတခုမှာပါဝင်နေချိန် ဒီmissionကြီးဟာ တခုခု မှားယွင်းနေတယ်ဆိုတာသိတဲ့အချိန်ကစပြီး သူ့ ဦးနှောက်သူ သုံးပြီး အထက်က အမိန့် ကိုနာခံမယ့်အစား သူ့  ကအမှန်တရားကိုရှာဖွေဖို့ ကြိုးစားခဲ့တယ် ။ သူ့ မှာ စစ်သားတယောက်ဖြစ်ပေမယ့် အမိန့် ကိုနာခံတတ်ပေမယ့် လိုအပ်ရင် လိုအပ်သလို သူ့ ဦးနှောက်ကို အသုံးချတတ်သေးတယ်။
သူ့ ဦးနှောက်ကသုံးစားလို့ ရသေးတယ်။
စီ ဇာတ်လမ်းထဲက မင်းသား စစ်သားတယောက်ရဲ့  စိတ်ဓါတ်ကိုရေလည်သဘောကျသွားတယ်…။ ဒါရိုက်တာကလည်းအပေးတော်တယ်.။အမေရိကန်စစ်သားတယောက်ဖြစ်လို့ အဲလိုဖြစ်နေလား..။ စစ်သားတယောက်ဖြစ်လို့ အဲလိုစိတ်ဓါတ်ဖြစ်နေတာလား ဆိုတာကတော့ ဒါရိုက်တာကိုမေးမှပဲ သိတော့မယ်..။
စီ တို့ မြန်မာပြည်က စစ်သားတွေရော အရေးကြုံရင် အသုံးချလို့ သုံးစားလို့ ရတဲ့ ဦးနှောက်ရှိသေးလား။
အထက်ကနေ” မင်းတို့  စစ်သားတွေဆိုတာ တိုင်းပြည်ကိုကာကွယ်ဖို့ ဆိုတဲ့ missionပါဝင်နေကြတဲ့သူတွေ။ဒီတော့ တိုင်းပြည်ကိုကာကွယ်ဖို့ ရာ အထက်ကအမိန့် ကိုနာခံတတ်ခံအောင်လုပ်” ပြောတိုင်း ဘာမှမစဉ်းစားပဲ အမိန့် ပေးတိုင်းလုပ်နေကြမှာလား
ဒါမှမဟုတ် ဒီmissionကြီး တခုခုလွဲချော်နေတာကို သိချိန်ကစပြီး ကိုယ်ပိုင်စဉ်းစားဥာဏ်နဲ့ တွေးခေါ်ပြီး fixedလုပ်မှာလား။
စစ်သားကောင်းတယောက်ဟာ အမိန့် ကိုတလွဲမသွေ နာခံတတ်ရမယ်။ စီစဉ်းစားမိတယ် အဲလိုတိုင်းသာဆိုရင် စစ်သားကောင်း= ခွေးကောင်း တကောင်ဖြစ်နေပြီ။ခွေးကောင်းကောင်းတကောင်ဟာ အမိန့် တွေကိုနာခံတတ်တယ်။ ဘာမှမစဉ်းစားတတ်ဘူး ။သခင်က ဒါဆို ဒါ။သခင်က ဟိုဟာဆို ဟိုဟာ။
စီထင်တယ် မြန်မာနိုင်ငံက စစ်သားတွေဟာ အဲလိုတော့ မဟုတ်လောက်ဘူးလို့ ။
အထက်က အမိန့် က တိုင်းသူပြည်သားတွေအတွက် အဓိပါယ်မရှိရင် မလိုအပ်ရင် အသုံးမ၀င်ရင် နာခံစရာမလိုဘူးလို့ ထင်တယ်။
စစ်သားဆိုတာ လူတွေပဲ။ ခွေးတွေမဟုတ်ဘူး။ လူစိတ်ရှိတဲ့ စစ်တပ်နဲ့ ခွေးစိတ်ရှိတဲ့စစ်တပ် စစ်တိုက်တဲ့အခါ စီယုံတယ် လူစိတ်အပြည့်ရှိတဲ့ စစ်တပ်က နိုင်ကိုနိုင်ရမယ်။ တခါတလေ အင်တာနက်ပေါ်မှာ အစိုးရ ကောင်းကြောင်းအာဘော်တွေ ရွှန်းရွှန်းဝေအောင်အချိန်ကုန်ခံပြီးရေးထားကြတယ်။ အမှားနဲ့ အမှန် က အဖြူနဲ့ အမည်းလို လုံးဝကြီး ကွဲပြားခြားနားနေတာကိုသိသိကြီးနဲ့ အမိန့် ကိုနာခံတတ်ပြီး. လက်ရှိအစိုးရက ကောင်းတယ် ၊တော်တယ် blah blahနဲ့ တကယ်ကောင်းလားမကောင်းလားဆိုတာ မြန်မာပြည်မှာကျန်ခဲ့တဲ့ 
မိသားစုကအသိဆုံးပါ။ကုန်ဈေးနှုန်းက တက်၊စားဝတ်နေရေးမပြေလည်နဲ့  ဒီအစိုးရကြောင့် မိသားစု တစု နှစ်စု မပြေလည်ကျပ်တည်းတယ်ဆိုရင်မပြောလိုပါဘူး..။ခုမှဟာ သန်းလိုက်ချီတဲ့ မိသားစုတွေကျပ်တည်းနေကြတာ..။ အဲဒါကိုပဲ တမင်ဘူးခံပြီး…ကောင်းတယ် တကဲကဲလုပ်နေကြတာ…။
အဲဒါ မြန်မာပြည်က အထက် အမိန့် ကိုနာခံတတ်တဲ့  တိုင်းသူပြည်သားတွေကို ကာကွယ်ပေးမယ့် စစ်သားကောင်းဆိုတာမျိုးတွေလား..။ စီ့အတွက်ကတော့  တိုင်းသူပြည်သားတွေကို သေခါနီး ဘီးတပ်ပေးတဲ့  သခင်အမိန့် ကိုနာခံတတ်တဲ့ ခွေးအမျိုးအစားကောင်းကောင်းတမျိုးလို့ ပဲထင်မိတယ်…။
လူခွေးဆိုတာ အဲဒါမျိုး ဖြစ်မယ်…
ရုပ်၇ှင်ထဲက အမေရိကန် Chief warrant officerလိုမျိုး မြန်မာစစ်တပ်ထဲမှာအနည်းအကျဉ်းလောက်၇ှိလိုက်ရင်… မြန်မာပြည်ကြီး အစောကြီးထဲက လွတ်လပ်နေလောက်ပြီ.။ရုပ်ရှင်ဆိုတာကလည်းအပြင်မှာတကယ်မလုပ်နိုင်တဲ့ အ၇ာတွေကိုလုပ်ပြထားတာဆိုတော့  အဲလို0fficerမျိုး မြန်မာစစ်တပ်ထဲမှာရှိလောက်မယ်မထင်ပါဘူး။
(မှတ်ချက်) လူစိတ်ရှိပြီး လူလို တွေးတောတတ်သော စစ်သားမှမပါ။
