တလ တလ

များ ကုန်မြန်လိုက်တာ ပြီးခဲ့တဲ့လကပဲ စီ့ planတွေအကြောင်းရေးတယ်..။

ခု လကုန်ရက်တောင်နီးလာပြန်ပြီ..။ မြန်သကွယ်..။ရေလည်ပဲ..ဟားဟားဟား။

အိမ်း.. ဘဏ်ထဲလက်ကျန်checkဖို့ အတန်ချိန်ပြီ..အဲ့ အချိန်တန်ပြီ..။

ဒီလကတော့ စီ အမျှော်လင့်ဆုံးလ တလဆိုရင်လည်းမမှားပါဘူး.. စီတွေးရင်းနဲ့ တောင်ရင်ခုန်တယ်.. အသက်က ကြီးပြီ…ခုထက်ထိ အခုန်ကောင်းတုန်း (ရင်)


အစောကတော့ သတင်းတပုဒ်ကြားလိုက်တယ်..။ စင်ကာပူမှာ PR နဲ့ အမြင်ကတ်လောက်အောင် အကြာကြီးနေပြီး နိုင်ငံသားမခံတဲ့သူတွေကို PR ပြန်သိမ်းပြီး..တခြားpassတွေပြန်ပေးမယ်တဲ့..။( စီ့ကို စောင်းပြောနေတာလားမသိဘူး)..။ ဘယ်ရမလဲ.. မိစီဂျ..။ သက်တမ်းတိုးပြီးသား.. အဟားဟား.. ။

စောင့်လိုက်အုံး နောင်၅နှစ်လောက်..။ ၅နှစ်ပြည့်တော့မှပဲ စကားထပ်ပြောမယ်..။အလဲ့ မိုက်တယ်နော်..။

စီ စဉ်းစားမိတယ်.. ။ စင်ကာပူမှာ..Permanentlyအရင်ထဲကမနေစေချင်ရင်..TR card( Temporary  Residence)ပေးပေါ့…။ ဥပမာ.. ၅နှစ်ဆို..၅နှစ်ပဲ။ ၃နှစ်ဆို၃နှစ်ပဲ..။

ဘယ့်နှယ့်..ခုကျမှ..PRကိုအကြာကြီးနေပြီး နိုင်ငံသားမခံရင် ကဒ်ပြန်သိမ်းမလို ဘာလိုလိုနဲ့ .. .ရှင်တို့ ဒူတွေလဲ… တို့ ကုသိုလ်နဲ့  တို နေနေတာ..အတင်းကိုပဲ စလုံးလုပ်ခိုင်းချင်နေတယ်..။

အဖ တို့ အမေတို့ ကတော့ အိမ်ပိုင်ရာပိုင်ဆိုတော့  သူတို့ ကို တခြားpassနဲ့ ပေးလို့ ရမယ်မထင်ပါဘူး..။ စီ့လို အိမ်မဲ့ ရာမဲ့ မိဘအိမ်အလကားတက်စားနေတဲ့ သူအတွက်သာ..ဖြစ်ချင်ဖြစ်မယ်ထင်နေတယ်..။ ဒါကလည်းရပါတယ်..။

နောက်တကြိမ် သက်တမ်းမတိုးခင် လပိုင်းအလိုလောက်မှ.. တိုတို ကို “တိုတိုရေ… တော်..စီကိုမြန်မြန်ယူ… မယူရင်..တော်တို့ အစိုးရက စီ ကို ရာထူးချတော့မှာလို့ ကြိမ်းခြောက်ပြီး.. လင်ယူရမယ်” အာ..စီ့ planတွေပေါ်ကုန်ပြီ.. ကြည့်စမ်း..။

အရင်တခေါက်တုန်းကလည်းအဲလိုပဲ..။ သူ့ ကို စီကနောက်ချင်တာနဲ့ … “ယူတို့ အစိုးရက ကိုယ့်ကို stayမပေးတော့ဘူး… ယူသာ ကိုယ့်ကိုမယူရင် ကိုယ့်မှာ stayမရှိတော့ဘူး.. ကိုယ်မြန်မာပြည်ကို အပြီးပြန်၇တော့မယ်.. ဘာညာ..နဲ့  မျက်နှာတည်ကြီးနဲ့ နောက်နေတာ..။သူ တော်တော် စိတ်မကောင်းဖြစ်သွားတယ်..။နှစ်ယောက်သားက တွေ့ လိုက်ရင် တကျက် ကျက်..

အဲလို အပြီးခွဲခွာကြေးဆိုရင်တော့ သူ ဘယ်နည်းနဲ့ မှလက်မခံဘူး..။ တခါတည်း. စီကို စလုံးလုပ်ပါ..စလုံးလုပ်ပါ..နဲ့  တချိန်လုံးပြောနေတာ..။

စီ stayတိုးထားတာလည်းသိရော.. သူ တော်တော် စိတ်တိုသွားတယ်.. အဲဒါမျိုးကနောက်စရာမဟုတ်ဘူးတဲ့..။

စီက ပြန်ပြောတယ်.. “ယူ ကိုယ့်ကိုတကယ်ယူမှာလား..မယူဘူးလားသိချင်လို့ .. ဟားဟားဟား”..

အဲဒီလိုသာ PRတွေအပြောင်းအလဲရှိတဲ့တနေ့ ကျရင် သူ တကယ်ယူမယ်တဲ့.. စီကိုတော့မြန်မာပြည်အပြီးအပြန်မခံနိုင်ဘူးတဲ့ ..။

အဲဒါနဲ့ စီပြောလိုက်တယ်… “ယူစကား..ယူမှတ်ထားလို့ ..”.။

နောင်၅နှစ်ကြာလို့ သူ့ ကို ဒီမေးခွန်း ထပ်မေးရင် သူ ဒီအတိုင်း ပဲထပ်ဖြေမှာလား ဟင်..။

မနက်ဖြန်ဆို စီတို့ ချစ်သူ သက်တမ်း၅နှစ်ပြည့်တဲ့နေ့ ..။ စီတို့ ၂ယောက်ရဲ့  သစ္စာတွေကတိတွေကို ပြန်ပြီး renewလုပ်ဖို့ လိုပြီနဲ့ တူတယ်နော်..။


Leave a Reply

foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago