အမုန်းတရား
စီငယ်ငယ်တုန်းက မှတ်မိသေးတယ်…။ တီဗွီမှာ အစိုးရသတင်းတွေပါရင်  အဘိုးက တီဗွီကိုပိတ်ပစ်တယ်…။
စီ့အဖွားက အဲလို သတင်းတွေဘာတွေကြည့်ရင် အဖွားမပိတ်မချင်း.. အဘိုးက အခန်းထဲကနေ  အစိုးရကိုဆဲနေရော….။
အဲတုန်းက အတော်ငယ်ပါသေးတယ်…အိမ်မှာ သတင်းကြေငြာပြီဆိုရင် တီဗွီပိတ်ကြတာပဲသိတယ်…။တီဗွီတည်းဆိုလားဆိုတော့ လည်းမဟုတ်ပြန်ဘူး..။
အဘွားက သတင်းစာဖတ်ရင်လည်း အဘိုးက ဆဲပြန်တယ်…။
စီက မနက်မိုးလင်းရင် စီ့ အဘိုးအဘွားအခန်းထဲ မနက်စာသွားစားလေ့ရှိတယ်..။ တခါတလေ..ဟင်းကောင်းတွေ သိမ်းထားရင် ခိုးစားလေ့ရှိတယ်…။ငယ်သေးတော့ စာမဖတ်တတ်သေးဘူး..။အဘွားက မနက် ၈နာရီ ၉နာရီလောက်ဖတ်ရင် ၁၁-၁၂လောက်မှပြီးတယ်..။အစကနေ အဆုံး..တလုံးမကျန်ကိုဖတ်တာ.။
သတင်းစာဖတ်ရင် သူမပုခုံးပေါ် လက်ကလေးထောက်ပြီး.. ဖတ်ပြ..ဖတ်ပြလို့ ..ပူဆာလေ့ရှိတယ်..။ အဲဒီမှာ sectionတခုက… အစိုးရအာဘော်ရေးထားတဲ့ တရွက်ပါတယ်..။အဲဒီအရွက် ဖတ်ပြီဆိုရင်. အဘိုးက ထဆဲပြန်ရော..။တကယ်တမ်း က တရွက်တင်မဟုတ်ပါဘူး.. အရွက်တိုင်းက အစိုးရသတင်းချည်းပဲ…။ အဲဒီခေတ်တုန်းက ကြေးမုံနဲ့ .. မြန်မာ့အလင်းလားမသိဘူး..။ကြေးမုံဆိုတော်သေးတယ်.. အဲ.မြန်မာ့အလင်းဆို အဘိုးနဲ့ လုံးလုံးမတည့်ဘူး..။
အရေးအခင်းပြီးခါစဆိုရင်…အဖွားက “တော် အဲဒါကြီး ကြပ်ကြပ်နားထောင်..။ သေခါနီး တော်ကို ကျုပ် ထောင်ထဲလာမတွေ့ ချင်ဘူး.. ။ပိတ်လိုက်စမ်း..အဲဒါကြီးကို..”တဲ့..။
စီ ငယ်တုန်းက ဘာမှကိုနားမလည်ပေမယ့်..အဖွားတီဗွီနဲ့ သတင်းစာကနေ သတင်းတွေ ကြည့်ရင် ဖတ်ရင်..အဘိုးက ဆူသလို… အဘိုး သူ့ ရှေးခေတ်ရေဒီယိုကြီးနဲ့ စီတို့ နားမလည်( တကယ်တော့နိုင်ငံရေးသတင်းတွေပါ) တဲ့ လိုင်းတွေနားထောင်နေတဲ့အခါမျိုးဆိုရင် အဘွားက အဘိုးကိုဆူနေကျဆိုတာကိုပါပဲ..။
စီနိုင်ငံခြားမလာခင်အထိ..စီ့အဘိုးအဘွားခန်းထဲ မနက်စာ ၀င်စားလေ့ရှိတယ်….။စီနည်းနည်းကြီးလာတော့ ..အဘွားကမျက်စိစမှုန်လာတယ်.. မျက်မှန်မတပ်ချင်ဘူး…။အဲဒါနဲ့ စီကို သတင်းစာ အစအဆုံးဖတ်ပြခိုင်းတယ်..။ စီလည်းအလိုလိုနေရင် သတင်းကြေငြာသူဖြစ်ရော…။အဲ…ကြားကနေ အဆဲကခံရသေးတယ်…။သတင်းမှာ အစိုးရတွေ နယ်ရွာတွေသွားပြီး…လမ်းဖွင့်..၊ စပါးကွက်နေလိုက်ကြည့်ကြတဲ့ အပိုင်းဆိုရင်..အဖိုးက ခုတင်ပေါ်ကနေ..
“မင်းတို့ ကောင်တွေ… စောက်အလုပ်မ၇ှိတိုင်း.. ဒီ စောက်ခရီးပဲထွက်နေကြတယ်..။ထွက်ပဲထွက်နိုင်ကြလွန်းတယ်…။စောက်ခွေးကောင်တွေ…။”
အဲဒီအခါကျ၇င် အဘွားက…အဘိုးနာမည်ခေါ်ပြီး…”တော် ဘယ်လိုဖြစ်နေတာလဲ..ဒီမှာ ကျုပ်သတင်းနားထောင်နေတယ်..။”
ကြားက စီက ..ဆက်ဖတ်ပြရမလိုလို.ရပ်ပစ်လိုက်ရမလိုလိုနဲ့ …လျှာရှည်ပြီး သူများအခန်းထဲဝင်နေအုံး..။
အဲဒီမှာ စီကြိုက်တဲ့ sectionတခုရှိတယ်… အဲဒီ အစိုးရအာဘော်ရေးထားတဲ့ အရွက်ပေါ့… ရေးထားတာက မွှန်းနေတာပဲ..။သောင်းကျန်းသူတွေအကုန်လုံးက ကောင်းတာမဟုတ်ဘူး…။ တပ်မတော်ကသာ အကောင်းဆုံး…။တပ်မတော်ကသာ အမြော်အမြင်ရှိဆုံး…။ငယ်ငယ်က မုန့် ဖိုးလေးမှန်မှန်ရ စားချင်တာစား၇တော့ ..ပြင်ပလောက ကလူတွေငတ်ပြတ်နေတာမသိဘူး..။ အဲလိုပဲ..စီ့ မိဘ၂ပါးစလုံးစီငယ်ငယ်တည်းက နိုင်ငံခြားကိုထွက်သွားတော့ သူတို့ ပို့ တဲ့ ပိုက်ဆံနဲ့ ချောင်လည်နေတယ်ဆိုတာစီမသိဘူး..။သတင်းစာထဲကအာဘော်တွေလို ပဲ အကုန်လုံး အဆင်ပြေ၊ ချောင်လည်နေကြတယ်လို့ ပဲထင်နေတာ..။
နောက်ကျတော့ အဘိုးဆဲမှာစိုးလို့ အဲဒီ sectionကို အဘွားကိုမဖတ်ပြတော့ဘူး.. ကိုယ့်ဟာကို အိမ်ရှေ့  ယူလာပြီးဖတ်တော့တယ်..။အဲဒီမှာ popularအဖြစ်ဆုံးကတော့ KNUနဲ့ ABSDF ဘာတွေမှန်းတော့မသိဘူး..။ သိတာက ကရင်သူပုန်နဲ့ ကျောင်းသားသူပုန်ပဲသိတယ်..။သူတို့ တွေဘာလုပ်ကြလည်းဆိုတာကတော့ တီဗွီမှာ လွင့်တဲ့ ပါပီမ ဇာတ်ကားကြည့်ပြီးတည်းက အနည်းအကျဉ်းတော့သိတယ်.. တီဗွီထဲက ကရင်သူပုန်ဆိုတာများဆိုးလိုက်တာ..။ မြို့ ကနေ တောခိုလာတဲ့ ကျောင်းသူလေးတွေကို မုဒိမ်းကျင့်တယ်..။ ရွာသားတွေကို ပေါ်တာဆွဲခိုင်းတယ်..။ သူတို့ ထောင်ထားတဲ့ မိုင်းတွေမိပြီး လူတွေလက်ပြတ်ခြေပြတ်ဖြစ်ရတယ်..။အဲဒီ campကနေ ထွက်ပြေးလာတဲ့ကျောင်းသားတွေကို ပြည်သူ့ တပ်မတော်က  ကာကွယ်ပြီး ကရင်တွေကို တိုက်တယ်.. ဘာညာပေါ့..။မှတ်မိသလောက်ပဲ..။ နောက်တော့မှ သိရတာက ပါပီ ဆို.. ခွေးကလေးတွေကိုပြောတာ..ဆိုတော့ . ပါပီမဆိုတော့ ခွေးမလေးပေါ့…။
ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက စီက KNUကို လူဆိုးလူမိုက်ဆိုတာပဲသိတယ်..။
(ဆက်၇န်)
Leave a Reply
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago