aug လချုပ်

ဒီလ တလလုံးကိုအနှစ်ချုပ်ကြည့်မယ်ဆိုရင်တော့ဖြင့် ကောင်းတယ်လို့ ဆိုရမယ်…။ ပြီးခဲ့တဲ့လကစပြီး အချိန်ပိုဆင်း.. basic salaryကို စုမယ်လို့ planဆွဲထားတဲ့အတိုင်းလုပ်ဖြစ်တယ်..။

တိုးတက်လာတာကတော့ လက်စွပ်၂ကွင်းအလကားရတယ်..။တကွင်းက အမေပေးတာ..။

နောက်တကွင်းကတော့ တိုတိုပေးတာ..။ စီကတော့ဘာမှမပေးဘူး..ဟီးဟီး..။ရုပ်၇င်ကတော့ salt နဲ့  the  expandables နှစ်ကားပဲကြည့်ဖြစ်တယ်…။

စီ ကြိုက်တဲ့ဖုန်းကို စီဝယ်ခွင့်ရတယ်..။ Galaxy Sက တော့ တကယ် awesome ပဲ…။အဲဒီထဲမှာစီကြိုက်တဲ့Apps တခုပါတယ်..။

နောက်တော့မှပဲ ဓါတ်ပုံရိုက်ပြီး uploadလုပ်တော့မယ်…

ပြီးတော့ geylang serai bazzarသွားပြီးတော့ beef bah kwaသွားမြည်းဖူးတယ်.. ဒီတခါပဲစားဖူးတာ.. အရင်က

ဝက်သား bah kwa..ကြက်သား bah kwa ပဲစားဖူးတယ်..အမဲသားရှိမှန်းတောင်မသိဘူး. အရသာက ရေလည်ရှယ်ပဲ..မိုက်တယ်ကွာ..။နောက်တခေါက်ထပ်သွားအုံးမယ်..။

တိုတိုက တော့ လျှာထွက်တော့မယ်.. စီတို့ သွားတာက weekendကြီးကို..။ လူတွေက ပြည့်ကျပ်.. မီးပွိုင့်မှာဆို..traffice polices ထားထားရတယ်..

carparking ကမရနဲ့ ..။ နောက်ဆုံးတော့ ၂ယောက်သားလမ်းလျှောက်လာရတယ်..။စီကတော့ပျော်တယ်..။ ကိုယ်ချစ်တဲ့သူနဲ့ အဲလို..မလုပ်ဖူးတဲ့အရာတွေအတူတူလုပ်ရတာ..။ဒါတောင် ဈေးတန်းကြီးကမကုန်သေးဘူး… အစားအစာဆို..တရုံ… အ၀တ်အထည်ဆို တရုံ… ကော်ဇောဆို တရုံ… ၀ါး..အပြိုင်ရောင်းနေကြတာ..။ သူကပြောတယ်.. Puasaမပြီးခင် ၁ရက် အလိုလောက်သွားကြည့်.. ပိုပြီးဈေးပြိုင်လျှော့လိမ့်မယ်တဲ့… ၀ါး အတော်ပျော်စရာကောင်းမှာပဲ…

နှစ်တောင်ကုန်တော့မယ်.. နောက်၎လကြာရင်… အဲလို ပဲ စီလည်း အသက်တနှစ်ကြီးလာတော့မယ်.. ၂၆..၂၇..၂၈..၂၉…၃၀…ဖုရာ..ဖုရာ…အပျိုကြီးမမဖြစ်တော့မှာပါလား.. ခွီးခွီးခွီး..

Leave a Reply

foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago