sponsor
ဟိုးတုန်းက စင်ကာပူမှာ ဘာလုပ်လုပ် စပွန်ဆာလိုတယ်… ခုထိလည်းလိုတုန်းပဲ…။
အထူးသဖြင့် ကျောင်းလာတက်ကြတဲ့သူတွေ…အလည်လာကြတဲ့သူတွေ..စင်ကာပူကနေ ခေါ်တဲ့သူ.. အာမခံတဲ့သူရှိမှရတယ်…။
အရင်တုန်းက ဘာသိ ဘာသာ..နေလာကြတဲ့အမျိုးတွေ… အရေးကြုံရင် ဘယ်သွားရှာရမှန်း သုံးစားလို့ မရတဲ့အမျိုး.. စင်ကာပူလာချင်ကြတော့ ..အမျိုးကိုအရင်းရင်းတောင်ဖြစ်သွားတယ်..။
ဒါကတော့ ဆွေနီးမျိုးနီးပေါ့..
ရပ်ဆွေရပ်မျိုး ကရှိသေးတယ်..။ ကိုယ်နဲ့ လည်းသိတာမဟုတ်ဘူး… ကျောင်းတက်ချင်တော့ grantor လိုတာနဲ့ ..PRအနေ နဲ့ လိုက်ပြီး လက်မှတ်ထိုးပေးရတာမျိုးပေါ့..။အဲဒီအထဲမှာတော့ စီက လုံးဝမပါဘူး… grantorကလို့ …grantoဖြစ်ဖြစ်..ကိုယ့်ကိုအမှုပတ်မယ့်အလုပ်မျိုး..ဘယ်တော့မှမလုပ်ဘူး…။
စင်ကာပူမှာ… ကိုယ် အသိ သားသမီးမပြောနဲ့ .. ကိုယ့်အမျိုး အရင်းခေါက်ခေါက်ကို grantorလုပ်ပေးတာတောင် ရင်မမနဲ့ ကျောင်းပြီးတဲ့အထိစောင့်ကြည့်နေရတာ..။သူများ သားသမီးကို ကိုယ်က
ကြားက grantorလုပ်ပေးရတယ်ဆိုတာ အတော်ကိုရှားပါတယ်…။ဒီကြားထဲ ကိုယ်အာမခံပေးထားရတဲ့ ကျောင်းသားက လိမ္မာရင်တော်သေးတယ်…တော်ကြာ ရည်ရွယ်ချက်မရှိ..အလကားအလေလိုက်တဲ့ သူနဲ့ တွေ့ လို့ .. ကျောင်းထုတ်ခံရင် ဆပ်ပေတော့ ..။ သူအဖေ လည်း လာဆပ်မယ်မထင်နဲ့ .. သူ့ ဦးလေးလည်း လာဆပ်မယ် မထင်နဲ့ …
ကိုယ်က ကြားက စေတနာ ဒလပွနဲ့ လျှာရှည်ပြီးအာမခံထားမှတော့ ကိုယ်ပဲဆပ်ပေတော့ ဆိုတာမျိုးဖြစ်နေပြီ…။
အရင်တုန်းက မြန်မာပြည်ကနေ ကျောင်းလာတက်ရင် ပီအာတယောက်ခေါ်စာ (သို့ ) အာမခံစာလား မသိဘူး.. လက်မှတ်ထိုးပေးရင် စလုံး ၈၅၀ ပေးရတယ်တဲ့ …။
အဲလို ရကြေးသာဆိုရင် စီ့ မိဘတွေ အဲဒီပိုက်ဆံနဲ့  တနှစ်တခါ ခရီးထွက်လို့ တောင်ရနေပြီ…။
လူတွေက တော်တော်လည်ကြတယ်.. ကိုယ်တာဝန်မယူချင်တဲ့ဟာမျိုးဆို သူများပုံချတယ်… အထူးသဖြင့်ရိုးသားတဲ့သူတွေကိုခုတုံးလုပ်ချင်ကြတယ်….။
လူတွေက တော်တော် စီ့ကိုလက်လန်ကြတယ်.. မိဘတွေက သဘောကောင်းသလောက် စီက အတော် သဘောဆိုးတယ်ဆိုပဲ… ပြောရအုံးမယ်…စီလွန်လားမလွန်လား…။
ဥပမာ… စင်ကာပူကို ကလေးတယောက် ကျောင်းလာတက်ချင်တယ်ဆိုပါတော့… ဦးလေးကြီး ငုတ်တုတ်… အဖေကြီးငုတ်တုတ်ရှိတာကို.. စီ့ မိဘတွေကို grantorလုပ်ခိုင်းတယ်….။
အဖေတွေ ဦးလေးတွေသေလို့ .. grantor လုပ်ပေးမယ့် သူမရှိရင်တမျိုး…။
နောက်တခုက ပေပေတေတေ ကလေးတယောက်ကို ကိုယ်ကိုတိုင်က မျက်မြင်ကိုယ်တွေ့  ဒီကလေးဆိုးသွမ်းနေတာကိုသိရက်နဲ့ … တခြားလူကို အဲဒီကလေးအတွက် grantorလုပ်ခိုင်းတယ်..
တခုခုဖြစ်ရင်.. ဘယ်သူခံရမလဲ.. စီမိဘပဲခံရမယ်..။
စီ့မိဘတွေက ရှင်းတယ်… သူတို့ လက်မှတ်ထိုးပေးလိုက်လို့ ဒီကလေးရဲ့ ဘ၀ …ပညာေ၇းတိုးတက်သွားရင်ကျေနပ်ပြီ.. ဘာမှလဲပေးစရာမလိုဘူး.. ဘာမှလည်း ကန်တော့စရာမလိုဘူး.
အဲတော့ လူတွေက တခုခုဖြစ်ရင် စီမိဘတွေဆီပဲလာပြီး.. ဘယ်သူ့ ကလေးကတော့ ဖြင့် ဒီရောက်နေတယ်.. sponsorလိုတယ်.. grantorလိုတယ်.. လက်မှတ်ထိုးပေးပါ.. ဘာညာနဲ့ …။
ကိုယ့်အမျိုးတောင် ကိုယ့် မယုံတဲ့သူ တွေက စီမိဘကျတော့ ..ဖြစ်ချင်ရာဖြစ်..ဘီးတပ်ပေးကြတယ်…။
ရေလည်အမြင်ကပ်ဖို့ ကောင်းတယ်… စီ့မိဘတွေ သဘောထားကောင်းသလောက် စီကတော့ရေလည်ဆိုးတယ်..။
ဒါတောင် တခါတလေ.. စီမသိပဲ… သူများလင်မယားတွေ မင်္ဂလာဆောင်ရင် အသိသက်သေအဖြစ်လက်မှတ်သွားထိုးပေးတာမျိုးတွေရှိသေးတယ်..။
စီသိရင် ဒါမျိုး လုံးဝခွင့်မပြုဘူး..။ တခါတုန်းက လည်း အဖဆီကို ရဲစခန်းကစာလာတယ်..။ သူ လက်မှတ်ထိုးပေးလိုက်တဲ့ လင်မယားထဲက လင်ဖြစ်သူဟာ မယားပြိုင် နှစ်ယောက်ထားမှု
အတွက် စုံစမ်းစရာရှိလို့ ရဲစခန်းကို လာပါဆိုပြီးတော့ ခေါ်စာလာတယ်..။ စီမေးကြည့်ချင်တယ်.. အဲဒီအခက်အခဲဖြစ်တုန်းက… stayကုန်လို့ .. ယောက်ျားယူမှ stay ရပါတော့မယ်ဆိုတဲ့ အမျိုးသမီး.. နာမည်ခံလက်မှတ်ထိုးပေးတဲ့ သူမရဲ့ ရည်းစားဟောင်း …စီအဖေကိုရဲ စခန်းကခေါ်တော့ ဘယ်ရောက်နေလဲဆိုတာ စီမေးကြည့်လိုက်စမ်းချင်တယ်…။
လိုချင်တုန်းကတော့ နံ့ နံ့ တက်ယူပြီး တကယ်တုန်း ဒုက္ခရောက်တော့ သူတို့ ကို ဘယ်သွားရှာရမှန်းမသိဘူး…။
စီအဖ ကို စီပြောတယ်… နောက်တခါ သူများလင်မယားတွေ မင်္ဂလာဆောင်ရင် သူများသားသမီးတွေ မိဘကြီးငုတ်တုတ်ရှိရက်နဲ့  grantorလိုလို့ .. လက်မှတ်လာထိုးခိုင်းရဲထိုးကြည့်.. စီနဲ့ တွေ့ မယ်လို့ ..။အဲလို ပြောရင် အဖ ကတော့ ခပ်ပြုံးပြုံး..။
ဒါတောင် သူ အာမခံထားတဲ့ ကျောင်းသားတယောက် ကျောင်းဆက်မတက်နိုင်လို့  ကျောင်းက ခဏထွက်ထားတာလား..နားထားတာလားမသိဘူး.. အဲဒီကျောင်းသားရဲ့ ကျောင်းကြေးငွေတွေ အိမ်ကို စာတိုက်ကနေ ခဏခဏလာတယ်.. ဒေါ်လာ သောင်းချီရှိတယ်..ဒီကျောင်းသားတကယ်ကျောင်းဆက်မတက်နိုင်ရင်..အဲဒီဘဏ်ကနေချေးထားတဲ့ သောင်းချီရှိတဲ့ ကျောင်းကြွေးဘယ်သူ ဆပ်မှာလဲ.. သူ့ အဖေဆပ်မှာလား.. သူအမေ ဆပ်မှာလား.. စီ အဖေဆပ်ပေးရလား.. အဲလိုကြေးသာဆိုရင်တော့ ပွဲကြီးပွဲကောင်းပဲ..။
အဖကို ပြောရင်.. “မပူပါနဲ့ ..ဒါတွေက သူ့ ဟာသူ ဖြစ်လာလိမ့်မယ်..”တဲ့ …။ သောင်းက ဗမာငွေ မဟုတ်ဘူး အဖရေ…. ဒေါ်လာ..ဒေါ်လာ…!အဖမပေးနိုင်ရင်.. စီက ပါကြားကလျော်ပေးရမှာ..။
လူတွေက တကယ်ပဲ.. ကိုယ်ခြင်းစာစိတ်မရှိကြဘူး.. ကိုယ်မဖြစ်ရင်ပြီးရော…။ေ၇လည်ချဉ်တယ်… အဲလိုလူမျိုးတွေ..။