42″
ဒီနေ့ ညနေ တိုတို အိမ်မှာ ထမင်းစားခေါ်လို့ သွားစားတာ သူ့ livingroomက ၄၂လက်မ LED flat TV ကို သတိထားမိတယ်..၀ါးတော်တော်မိုက်တယ်..
သူ ဧည့်ခန်းနဲ့ တောင် ဒီလောက်မိုက်နေရင် စီ့ဧည့်ခန်းနဲ့ ဆိုပိုလိုတောင် မိုက်အုံးမယ်..ဟဲဟဲဟဲ..
ပြောရင်းနဲ့ တောင်လိုချင်တာပြီ…။ ခု IT showမှာ တီဗွီတွေ အပြိုင်ဈေးချနေတယ်…။2Dရော 3Dရော..
samsungကလည်း series7 model၀ယ်ရင် 32″ series5 model တလုံး free gift ပေးမယ်တဲ့ ..ဧည့်ခန်းမှာ တလုံး အလကားရမယ့်တလုံးကို စီ့အခန်းမှာတလုံးလောက်ထားလိုက်ရင်တော့လားကွာ..
စီ့ အိပ်ခန်းက ရှယ်ခန်းဖြစ်သွားတော့မယ်..။ အိမ်ရှေ့ တောင်ထွက်ချင်စိတ်ရှိတော့မှာမဟုတ်ဘူး.. ။ဝယ်စရာကတော့ တခုတိုးလာပြန်ပြီ…။
တီဗွီကြီးကို မွေးနေ့ လက်ဆောင်အနေ နဲ့ ချစ်ဖေဖေနဲ့ ချစ်မေမေကိုတောင်းလိုက်ကတော့ …နားထဲဂွမ်းစို့ ထားရလိမ့်မယ်…။
သူတို့ မသိအောင် Handphoneတုန်းကလို့ ခိုးဝယ်ပြီးဝှက်ထားရင်လည်း ၄၂လက်မ ဟာကြီးကို ဘယ်ချောင်သွားဝှက်ထားရမလဲမသိဘူး..။
ဒါပေမယ့် စီ အဲဒီ ၄၂လက်မ တီဗွီကြီးကိုလိုချင်တယ်ကွာ..။ရေလည်မိုက်တယ်…။credit cardနဲ့ ဆို 0% interestပဲရှိတယ်..။
2010 နောက်ပိုင်းမှာ ထုတ်တဲ့ samsung TV ဆိုရင် စီ့ ရဲ့ galaxy phoneနဲ့ shareလို့ လည်းရတယ်..။Wifiဖွင့်ပြီး..phone ကနေ အင်တာနက်သုံး..game ကစားလို့ ကတော့ ဝါး..
့ဝါး..၀ါး..၀ါး… ၀ါး.. လို့  ပဲ.. ၀ါးလိုက်တော့မယ်…
Best မှာ သွားကြည့်တာ ၄၂လက်မကို ၄၀၀၀ကျော်ပေးရတယ်..။ဒါပေမယ့် free gift TV မပါဘူး..။
samsung ကတော့ ချတယ်ဟေ…။ထွင်နေတာ..တခုပြီးတခုပဲ..။ phoneဆိုလည်းphone… TV ဆိုလည်း TV.. fridgeဆိုလည်း fridge ၀ါး..
စီ့ကိုယ်ပိုင်အိမ်ဖြစ်လို့ ကတော့ တအိမ်လုံး samsungပစ္စည်းတွေချည်းဖြစ်နေမှာပဲ..။ခုတောင် မိဘအိမ်ဖြစ်နေလို့ နဲနဲလျှော့ ထားရတာ..။
ဘာပဲပြောပြော ၄၂လက်မ တီဗွီကြီးလို ချင်တယ်ဗျို့ ..။

October 30th, 2010 at 7:53 pm
Same here! ဒီကလဲ Samsung fan ပဲဗျို့ !!!
November 1st, 2010 at 1:41 pm
ahaha.. Welcome to Samsung club then:)
November 4th, 2010 at 6:02 pm
I’m also hunting Sammy products! Apple ကလဲ လက်သွက်နေတယ်၊ iMac ဆိုတာကြီးကို ဈေးကွက်ထဲတင်လိုက်ပြန်ပြီ … ဆမ်ဆောင်းကသာ စောထွင်လိုက်ပြီးရော … Samsung က CPU မပါတဲ့ desktop တစ်လုံးလောက် လိုချင်လိုက်တာ