ကိုယ်ကျင့်တရား ၊ယောက်ျား၊မိန်းမ၊
အေ၇း..အရေးတွေပေါ့နော်..။အသက် က၂၆နှစ်ထဲဝင်လာပြီဆိုတော့  လင်မရမှာစိတ်ပူနေတယ်နဲ့ တူတယ်..။အသက်ကြီးမှ သိမယ်တဲ့။တယောက်တည်းဘ၀က အင်မတန်မှအထီးကျန်တယ်ဆိုပဲ..။ အရင်တုန်းက တော့  မိဘနဲ့ တသက်လုံးနေ ဘယ်တော့မှစိတ်မဆင်းရဲရဘူး..ဘာဘူးနဲ့ ပြောခဲ့ပြီးတော့ 
ဟားဟားဟား..။
စီကလည်းအရင်ကပြောထားတဲ့အတိုင်း..Dont worry,B happy ပေါ့နော်..။ စီဘ၀ကို စီရပ်တည်နိုင်တယ်..။ယောကျာ်းယူရင်တောင် အဲဒီယောကျာ်းကိုမှီခိုချင်လို့  အထီးကျန်တာကိုဖြေဖျောက်ချင်လို့ ယူ တာမျိုးဘယ်တော့မှမဖြစ်စေရဘူးလို့ ..။စီချစ်တဲ့ယောက်ျားပဲစီယူမှာ.. အဲဒီမှာ ကွိုင်က..
စီကို မြန်မာနိုင်ငံသား လင်ယူစေချင်နေတယ်..တကယ် ကွိုင်ပဲ.. စီမကြိုက်လို့ .. စီချဉ်လို့ မရှာပဲနေနေတာ..
ယူဖို့ ဆိုတာဝေလားဝေးပဲ..။
မြန်မာနိုင်ငံသား ယောက်ျားတွေထဲကမှာ လည်း ကောင်းတဲ့ယောက်ျားတွေရှိပါတယ်..။
ဒါပေမယ့် စီ ဘယ်လိုမှ ခေါင်းထဲထည့်စဉ်းစားလို့ မရဘူး..။စီ သိသမျှ မြင်သမျှ ကြားသမျှ မြန်မာယောက်ျားတွေကတော့  တစက်မှ ယူချင်ရက်စရာကိုမရှိဘူး..။
တနေ့ တုန်းက websiteတခုကို ၀င်၇င်းနဲ့  အဲဒီမှာ..ပေးထားတဲ့ commentတွေကိုဖတ်ကြည့်တယ်..။
ရေးထားတဲ့flowကိုကြည့်ထဲက ယောက်ျားလား မိန်းမလား စီသိတယ်..။
အဲဒီမှာ သတိထားမိတာက..
မြန်မာယောက်ျားနဲ့ မိန်းမငြင်းတဲ့အခါ စကားနိုင်လုတဲ့အခါ..နောက်ဆုံး မနိုင်တဲ့အခါမှာ…
ယောက်ျားတွေသုံးတဲ့ စကားရှိတယ်..။အဲဒါကတော့ sexual assultပဲ..။
နောက်ဆုံး ငြင်းလို့ မနိုင်ရင် တဖက်သားက မိန်းမသားရှင်ဖြစ်နေတာတောင် လီးပဲ.. ဘာပဲ..။အင်မတန်မှရိုင်းစိုင်းတဲ့ စကားလုံးတွေသုံးလာတယ်..။
Subjectတခုကို အလေးထားပြီးဆွေးနွေးချင်ရင် အရင်ဆုံး အဲဒီsubjectကိုလေ့လာပြီး ဟာကွက် သာကွက်ကိုအရင်ရှာပြီးမှ ဆွေးနွေးသင့်တယ်..။
အဲလိုမျိုးမဟုတ်ဘဲ ဘာမှမစဉ်းစားမတွေးတောပဲ ၀င်ဆွေးနွေး ၊နောက်ဆုံး မပြောတတ်ရင် လီးပဲ..ဆိုပြီး
အဖျားရှူးသွားတဲ့ ယောက်ျားတွေကို စီရေလည်သနားတယ်..။
အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။
အဲဒီလို ယောက်ျားတယောက်ရဲ့ ကိုယ်ကျင့်တရားဟာ သူ ရဲ့  လီးတတောင့်စာ သာသာနဲ့ ညီမျှလိမ့်မယ်..။
Get a life, Dude.
5 Responses to “ကိုယ်ကျင့်တရား ၊ယောက်ျား၊မိန်းမ၊”
  1. leaf Says:
    That is right.
  2. Babu Says:
    ယောက်ကျားတွေကမိန်းမတွေဆီကလိုချင်တာတစ်ခုဘဲရှိတယ်၊မိန်းမတွေကယောက်ကျားတွေဆီကလိုချင်တာကအများကြီး
  3. aungnainghtue Says:
    …မင်းကျင်လည်ရတဲ့ပတ်ဝန်းကျင်နည်းသေးလို့ဖြစ်မှာပါ…ဒါမှမဟုတ်လည်းမင်းရှင်သန်နေတဲ့ပတ်ဝန်းကျင်မှားနေသေးလို့နေမယ်..ok?
  4. foxie284 Says:
    အတော်လေးများလား. babu..။ယောက်ျားတယောက်အနေနဲ့  လက်လျှော့အရှုံးပေးရတဲ့ အထိကိုများလား
  5. foxie284 Says:
    ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နည်းသေးလို့ နဲ့ ရှင်သန်ရတဲ့ ပတ်ဝန်းကျင်က မှားနေသေးလို့ ဖြစ်မယ်ဆိုတာ..ဘာနဲ့ တိုင်းပြီးပြောလိုက်တာပါလဲ…။
Leave a Reply
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 6 months ago[*]
:where ya? about 1 year ago