ကျေးဇူးရှင်တွေ
ခုတလော စလုံးက မြန်မာတွေအတော်လေး နေမထိထိုင်မသာ ဖြစ်နေကြတယ်။
ဒေါ်လှတွေ အင်မတန်ထိုးဆင်းနေတယ်။ တဒေါ်လာ ကို ၆၁၀ကျပ်ပဲရှိတော့တယ်။
နံပြားတချပ် ၁၀၀ကျပ်ရှိတဲ့အချိန်မှာ တဒေါ်လှဆို ၆ချပ်လောက်ပဲဝယ်လို့ ရတော့မယ်။
စီတို့ အမေခေတ်တုန်းက ၁ဒေါ်လာ ကို ၇၀ကျပ်။ တနေ့ ဈေးဖိုးက ၇၀ကျပ်ပဲကုန်တယ်။အဖ စင်ကာပူကို ရောက်တုန်းက ဘဲဥတလုံး ၂ကျပ်ရှိတယ်။စီတောင် တနေ့ မှ ၅ကျပ်ပဲရတယ်။
ကျောင်းမှာ ရောင်းတဲ့ ကပ်စေးနဲ ထုတ်ချောင်းတောင် တချောင်း ပြား၅၀ပဲရှိတယ်။
ဒါကြောင့်လည်း လူတွေနိုင်ငံခြားကိုထွက်ပြီး အလုပ်လာလုပ်ကြတာ။ မိသားစုစားဝတ်နေရေးဖူလှုံ အောင်လို့ ။
တယောက်မှ အားပြီး ယားလို့ အလုပ်လာလုပ်ကြတာမရှိဘူး။
ဟိုးခေတ်တုန်းက သံရုံးအမှုထမ်းတွေလည်း aircon မတပ်တာ၊ photo copier machine မရှိတာကလွဲလို့  လူစကား သူ စကားပြောတတ်ကြသေးတယ်။
သံရုံးအခွန်လာပေးပေမယ့် “ငါ့ချွေးနဲ စာတွေကုန်ပါပြီ.. ဒါပေမယ့် သူတို့ လည်း သူတို့ အလုပ်လုပ်နေကြတာပဲလေ”ပြီးဖြေသိမ့်နိုင်သေးတယ်။
အဲဒါကြောင့်ပြောတာ။ စကားမပြောတတ်ရင် ဆဲတာနဲ့ အတူတူပဲဆိုတာ။
မျိုတာလည်းမျို.. ဆို့ တာလည်းဆို့ ပေါ့.. မသထာေ၇စာ စားပြီးကျေးဇူးရှင်လို့ အခေါ်ခံချင်လို့ ဘယ်ရမလဲ..။
ဒင်းတို့ မျိုဖို့  ဆို့ ဖို့ ကိုယ့် ပိုက်ဆံ ကိုယ်လာပေးတာတောင် ကျွေးတဲ့လက်ကို ပြန်ကိုက်ချင်သေးတယ်..။
ဒေါ်လှ က ကျရတဲ့အထဲ အဲဒီ ၀မ်းမနာ ကာလသားသမီးတွေ မျို ဖို့ ဆို့ ဖို့  အခွန်ကဆောင်ရသေးတယ်။
ဒင်းတို့ ကိုပေးတဲ့ ပိုက်ဆံတွေ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ပို့ ရင်တောင် ကုသိုလ်ရအုံးမယ်..။
ခုဟာက ဒင်းတို့ ကို ကျွေးလည်း ကျွေး.. အကုသိုလ်ကလည်း ဖြစ်နဲ့ …
နောက်တခါ သံရုံး အခွန်ဆောင်ဖို့ စိတ်ရှိတိုင်း စင်ကာပူက SPCA က animals တွေစားဖို့  သွားလှူရမယ်..။
ပြောလိုက်ရင် နိုင်ငံတော်..နိုင်ငံတော်နဲ့ .. နေတာက ကွန်ဒိုမှာ.. ။
မြန်မာပြည်မှာ မနေလာခဲ့ဖူးသမျှ နေဖူးတယ်ရှိအောင် စင်ကာပူလာနေကြတာ.. ဘယ်သူ့ ပိုက်ဆံနဲ့ လဲ..။ နင့်တို့ ကြီးတော် ပိုက်ဆံနဲ့ မဟုတ်ဘူး.။
ငါတို့ ချွေးနဲစာ နင်တို့ အတွက် မသထာရေစာ တွေ။
စင်ကာပူမှာ သံအမှုထမ်းလာလုပ်တာတောင် မြန်မာပြည်က သောက်ကျင့်က မပျောက်ချင်ဘူး…။ လူတကာကို အပေါ်စီးက ဆက်ဆံချင်သေးတယ်။ ဒင်းတို့ ကို ဒင်းတို့ မင်းတုန်းမင်းဆက် ထင်ပြီး ..လာသမျှ လူတွေတွေကို ဒင်းတို့ ကျွန်တွေထင်နေလားမသိဘူး..။လူကို လူ လူချင်းမြင်တတ်အောင် ကြည့်ပါလို့ ပြောလည်း ဒင်းတို့  သိမယ်မထင်ဘူး.. ဘာလို့ လည်း ဆိုတော့ 
ဒင်းတို့ က လူယောင်ဆောင်ထားတဲ့ ဘာတွေလည်းမသိဘူး.. လူစကားမပြောတတ်တာပဲကြည့်တော့ ..။
အဲဒီမှာ စီ စဉ်းစားမိတယ်..။ စီတို့ ဘာလို့ ပညာတွေအများကြီးသင်ပြီး အလုပ်လုပ်နေကြလဲလို့ ။
စံပြဈေးမှာ ငါးစိမ်းကို ၄နှစ်လောက်ရောင်းပြီး သံရုံးမှာ အလုပ်ဝင်လုပ်ရုံပဲ..။ သံရုံးမှာလုပ်တာ ဦးနှောက်ရှိဖို့ မလို ဘူး အဆင့်ရှိဖို့ မလိုဘူး..။လူတကာကို ပတ်ဆဲပြီး အော်ငေါက်တတ်၇င်ပြီးတာပဲ..။
ဂဏန်းပေါင်းစက်နှိပ်တတ်ရင်တော့ကောင်းတာပေါ့.။မဟုတ်ရင် ပိုက်ဆံလျှော့လို့ အပေါ်ကအထောင်းခံရအုံးမယ်..။ကြည့်ရတာ ပညာအရည်အချင်းဆို မူလတန်းအောင်ရင် ရမယ်နဲ့ တူတယ်။
“သံရုံးအမှုထမ်းအလို ၇ှိသည်။
ပညာအရည်အချင်း – မူလတန်းအောင်
လုပ်ငန်းအတွေ့ အကြုံ- စံပြငါးဈေးတွင် ငါးရောင်း သက်တမ်းအနဲဆုံး ၃နှစ်နဲ့ အထက်ရှိရ (ရပ်ကွက်ဈေးတွင် ငါးရောင်းဖူးလျှင် စဉ်းစားပေးမည်)
မှတ်ချက်-စဉ်းစားတွေးခေါ်မှုရှိသူများကိုလုံးဝ စဉ်းစားပေးမည် မဟုတ်။”