foxie284
ရေးချင်တာရေးထားတဲ့ crapbook
Waidi
Posted in   by waidi on April 8th, 2009
I am someone who into soccer yet i cant fulfill  my desire of being a good soccer player.
My way of living style is a little bit different from typical gals cos most of them don’t enjoy playing soccer.
Besides playing and watching soccer, i love to write losta stuff. People used to tell me i m emotional  and that’s why i always come out emotional story lines to write about.
One more thing,I love politic  because it is cruel, cunning and merciless. There are a few things in the world that will survive all the way to the end and  well,politic is one of those things.
NO matter how many politician dies, Political will always survive. Ain’t it cool?
I have a perfect family and a few friends whom i think i can click with (friends who have same hobbies as mine)  and that’s enough for me. I dun believe in BFF because, we love ourselves more than anyone else.
No matter how best my friends are i know they have brain to think wat is right and wrong for them. I doubt, they are willing to die for me for the sake of BFF and hence i dun believe in this shit.
I was a burmese, I am a burmese and i will always be a burmese.That’s for sure.
ကျုပ်အကြောင်းကတော့ ဒီလိုပါပဲ။ သူသူငါငါလို ပေါ့။ အဲ မတူတဲ့ အချက်တွေက ကျုပ်ကဘောလုံးကန်တာကို ၀ါသနာပါတယ်။ ကျုပ်ချစ်သူက လည်း ဘောလုံးကန်တယ်။ ဘောလုံးနဲ့ ဖူးစာဆုံကြတာပေါ့နော်။ အဲလိုထင်ရင်မှားလိမ့်မယ်။ ဖူးစာ  ကသူဆုံခိုင်းတဲ့ အချိန်ကျရင် ဆုံနေပြန်ရော။ အဲလိုနဲ့  ကျုပ်တို့ ချစ်သူတွေဖြစ်ကြတယ်လို့ ပဲမှတ်လိုက်ပါ။
အဲဘောလုံးကို ဘယ်အချိန်ကစိတ်ဝင်စားမှန်း မမှတ်မိပေမယ့် စိတ်ဝင်စားမိတဲ့အချိန်မှာတော့ဘောလုံးစကန်နေပြီ။ တော်တော်လေးသဘောကျတယ်။ ဒီအားကစားကို။ တွေ့ ကရာလူ လိုက်ကန်လို့ ရ.. အဲ..ရှင်းပြလို့ တောင်မရ ဖြစ်သွားတယ်။
လောလောဆယ်ကတော့ စင်ကာပူမှာနေပါတယ်။ အရင်တုန်းကလည်းနေတယ်။ နောင်လည်းနေနေရအုံးမယ်နဲ့ တူတယ်။ စီးပွားရေးက ကျတော့   ဟိုနိုင်ငံကူး ဒီနိုင်ငံကူးဖို့ စဉ်းစားရင် ကျုပ် က သေချင်နဲ့ ကျားတောပြောင်းနဲ့  နင်လားနင်လား ဖြစ်သွားနိုင်တယ်။ ဒီတော့ နောင်လည်း ငြိမ်ငြိမ်လေးပဲ စင်ကာပူမှာနေရအုံးမယ်။
စာမေးပွဲတွေဖြေပြီးသွားပြီ။ လောလောဆယ်တော့ အလုပ်မလုပ်သေးဘူးပေါ့။မလုပ်ချင်သေးတာလည်းပါတာပေါ့။ မလုပ်ချင်ဆို သိပ်ပြီး မကမြင်း အဲ သိပ်ပြီးအနားမယူရသေးဘူးလေ။ ဒါကြောင့်ပါ။
ဒီလောက်ပါပဲ။ သိပ်တော့မပြောချင်တော့ဘူး။ ရှေ့ ကြောင်းတွေနောက်ကြောင်းတွေမြင်ကုန် အဲ.. ပေါ်ကုန်မှာစိုးလို့ ။ ဟဲဟဲ။
foxie :where ya? about 1 month ago[*]
Tsamina mina eh eh Waka Waka eh eh 2 months ago