Author Archive

မဖိတ်ပါနဲ့ 

Tuesday, November 29th, 2011

လူဆိုတာ သေချိန်တန်ရင်တော့ သေကြမှာပဲ။အဲ သေချိန်မတန်ပဲ သေသွားရတာကိုပဲ နှမြောမိတယ်။ တခါတလေ တရက်လောက်သေဖူးကြည့်ချင်တယ်။ အဲ သေချာတာတခုတော့ရှိတယ်။ စီတယောက်လောကကြီးထဲကလျှော့သွားလို့ ကတော့  ဘာမှထူးထူးခြားခြားဖြစ်သွားမှာမဟုတ်ဘူး။ နောက်တခုက တန်ဖိုးရှိရှိသေချင်တယ်။ လောကမှာ လူတွေအတင်းပြော အပုတ်ချတဲ့နေရာ ၂ခုရှိတယ်။ မင်္ဂလာဆောင်ရယ် အသုဘရယ်။ တခါတလေ သေတဲ့သူကိုအားမနာ အသုဘမှာတောင် အတင်းလာပြောတဲ့သူကရှိသေးတယ်။ ဒါကလည်း သေတာတောင် ကြွားပြီးသေချင်တဲ့လူတွေရဲ့ အပြစ်။ သေတာတောင် မင်္ဂလာဆောင်သလို ရှိရှိသမျှ လူပေါင်းစုံကိုဖိတ်ပြီးအသုဘကို မစည်စည်အောင်လုပ်တာ။ အဲလိုလုပ်ခါမှ သေတဲ့သူက သေပြီးမှ တန်ဖိုးကပိုကျသွားတယ်။သေတော့မှ လူတွေက ငယ်ကျိုးငယ်နာတွေကို အသုဘလားရင်းဖော်ကုန်တာ။ စီလည်း မသေချင်မှာထားရမယ်။ လူတွေကို လျှောက်လျှောက်မဖိတ်ပါနဲ့ လို့ ။

ရီချင်တယ်

Tuesday, November 15th, 2011

အို.. စီရီချင်တယ်.. မတားပါနဲ့ .. စီရီပါရစေ… ရီမယ်နော်.. ဗြဲ…. မြန်မာနိုင်ငံကြီး Replubic နိုင်ငံအဖြစ်ပြောင်းကတည်းက စီဟာ သံရုံးကို တခါမှမရောက်ဖူးပါဘူး..။ဒါပေမယ့် ဒီတပတ်တော့ေ၇ာက်ဖြစ်တယ်..။ ၀မ်းသာရမှာလား ၀မ်းနည်းရမှာလားမသိန်းစီလို့ ကိုယ့်ကိုကိုယ်ပြန်မေးမိပါတယ်..။သံရုံးကို မသွားခင် စီဟာ.. မြန်မာသံရုံးwebsiteကို အခေါက်ခေါက် အခါခါ ဖတ်ရှုလေ့လာပြီး ကြိုတင်ပြင်ဆင်စရာရှိတာပြင်ဆင်ခဲ့ပါတယ်.. မှတ်ချက်။ စာမေးပွဲတွေဖြေတုန်းကတောင် အဲလောက် မပြင်ဆင်ခဲ့ရဘူး. အရင်တုန်းက P.Pအသစ်လုပ်ရင် သက်တမ်းကုန်ခါနီး တလအလိုမှ ပြန်လာခိုင်းတာတို့ ၊၁၀ရက်ကြာမယ် ဘာမယ်နဲ့ ..ခုတော့ ၇ရက်ပဲကြာမယ်ပြောလို့ ဝမ်းသာမိပါတယ်..။ သူများတွေကတော့ မတ်တပ်ရပ် အချိန်ကုန် တဲ့ ဘ၀က လွတ်အောင် ပွဲစားတွေနဲ့ လုပ်ကြပါတယ်..။ စီကတော့ ကိုယ်ထူကိုယ်ထပေါ့..။ အမိသံရုံးကြီးကို ၃နှစ်မှ တခါလွမ်းလွန်..လွန်းလွန် လွန်းလို့ .. ခြေထောက်အညောင်းအခံအလိမ်ခံ..(အလာမှာ [...]

စီ တစခန်းထလာခြင်း

Monday, September 12th, 2011

ဒီblog ကို update မလုပ်တာ ဒီနေ့ မှာ ၃လကြာသွားခဲ့ပါပြီ.. စီ ထုံးစံအတိုင်း စိတ်မပါ၇င် ဘာမှမလုပ်တဲ့ သောက်ကျင့်ကြောင့်လည်းပါပါတယ်.. ခုတော့ ရေးစရာကပေါ်လာပြန်ပါပြီ..။ စီသာ စာရေးဆရာမဆိုရင်တော့ မွဲပြီးသေနိုင်လောက်ပါတယ်.. ရေးလက်စ စာမူတွေကို ဒီအတိုင်းထားပြီး စိတ်ကူးပေါက်မှပြန်ေ၇းတဲ့အတွက်ကြောင့်ပါ..။ စီကိုယ်စီလည်း စာရေးဆရာမ တယောက်လို့ သတ်မှတ်ဖို့ နေနေသာ..အလုပ်တွေများနေ ရှုပ်နေတာကြောင့် bloggerဘ၀ကတောင်အဆင့်ကျပြီး.. ခု ကိုယ့်ကိုကိုယ် အင်တာနက်ပေါ်မှာ  ဘာမှန်းတောင်မသိတဲ့ ဘနဲ့ ဝကို ပိုင်ဆိုင်ထားတဲ့ လူသား သာသာတယောက်အဖြစ်နဲ့ ပဲ ရှင်သန်နေရပါတော့တယ်..။ ခုတော့ လည်း ငုတ်နေတဲ့ စီတဲ့ အ၀ှါက ပြန်ထွက်လာပြန်ပါပြီ (၀ါသနာ)။ ဒီတခါတော့ စီ စာအုပ်တအုပ်ထိထုတ်ဖို့ အတွက်ပါ ရည်ရွယ်ပြီးရေးတော့မှာပါ..။ ကိုယ့်ဟာကိုယ်ရေး.. ကိုယ့်ဟာကိုယ် ထုတ် ကိုယ်ဟာကိုယ်ဝယ်အားပေးသလိုမျိုးတော့မဟုတ်ပါဘူး.. [...]

introduction of my very own Tumblr

Monday, June 13th, 2011

အားလုံးသိကြတဲ့အတိုင်းပဲ စီဟာ စာရေးခြင်းကို အတော်လေးနှစ်သက်သဘောကျသူ တဦးဖြစ်ပါတယ်..။ ရွာမှာရှိစဉ် ကလေးဘ၀ထဲက စာရေးရင် ရေး မရေးရင် ပုံဆွဲတတ်တာ ခုထိ အကျင့်တခုလို ပါပဲ..။ တက်ကနော်လော်ဂျီတွေ တိုးတက်လာတော့  စီနေရာပေါင်းစုံမှာစာရေးခဲ့တယ်..။ blogger..wordpress.. facebook, myspace တချို့ ဆို မှတ်တောင်မမှတ်မိဘူး…။စာရေးရင်ရင်ပြီးရော.. တွေ့ ကရာနေရာမှာ sign up လုပ်ပြီးရေးလိုက်တာပဲ…။ တခါတလေ အဖျက်သမားများကလည်းရှိလို့ တနေရာထဲမှာ အတည်တကျမေ၇းပဲ.. ဂိုဒေါင်တွေအများကြီးထားထားသေးတယ်..။ ဒီနေ့ မှာတော့ စီ Tumblrမှာ စရေးပါတယ်..။ စီဖုန်း ထဲမှာ အဲဒါရှိနေတာကြာပါပြီ..။စီက အများသောအားဖြင့် အပြင်မှာရောက်နေတာများတယ်..။ တခါတလေ blog ရေးတယ်ဆိုတာ.. တနေ့ တာ ဖြစ်တဲ့ အကြောင်းအရာကို တခြားသူတွေသိအောင် ခံစားတင်ပြချင် ပြလို့ ရတယ်…။ [...]

ကျေးဇူးရှင်တွေ

Monday, June 13th, 2011

ခုတလော စလုံးက မြန်မာတွေအတော်လေး နေမထိထိုင်မသာ ဖြစ်နေကြတယ်။ ဒေါ်လှတွေ အင်မတန်ထိုးဆင်းနေတယ်။ တဒေါ်လာ ကို ၆၁၀ကျပ်ပဲရှိတော့တယ်။ နံပြားတချပ် ၁၀၀ကျပ်ရှိတဲ့အချိန်မှာ  တဒေါ်လှဆို ၆ချပ်လောက်ပဲဝယ်လို့ ရတော့မယ်။ စီတို့ အမေခေတ်တုန်းက ၁ဒေါ်လာ ကို ၇၀ကျပ်။ တနေ့ ဈေးဖိုးက ၇၀ကျပ်ပဲကုန်တယ်။အဖ စင်ကာပူကို ရောက်တုန်းက ဘဲဥတလုံး ၂ကျပ်ရှိတယ်။စီတောင် တနေ့ မှ ၅ကျပ်ပဲရတယ်။ ကျောင်းမှာ ရောင်းတဲ့ ကပ်စေးနဲ ထုတ်ချောင်းတောင် တချောင်း ပြား၅၀ပဲရှိတယ်။ ဒါကြောင့်လည်း လူတွေနိုင်ငံခြားကိုထွက်ပြီး အလုပ်လာလုပ်ကြတာ။ မိသားစုစားဝတ်နေရေးဖူလှုံ အောင်လို့ ။ တယောက်မှ အားပြီး ယားလို့ အလုပ်လာလုပ်ကြတာမရှိဘူး။ ဟိုးခေတ်တုန်းက သံရုံးအမှုထမ်းတွေလည်း aircon မတပ်တာ၊ photo copier machine မရှိတာကလွဲလို [...]


foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago