အမှတ်တရမြန်မာပြည်
Thursday, July 1st, 2010မြန်မာပြည်ကို ခြေချမိလိုက်တာနဲ့ ရင်ထဲက မွန်းကျပ်သွားတယ်။ ဟာ ငါ နိုင်ငံခြားကိုရောက်နေပါလားလို့ ။ ကိုယ့်တိုင်းပြည်ကိုယ်ပြန်လာတာ တခြားနိုင်ငံသွားလည်ရသလိုပဲ။ လေယာဉ်ပျံကြီးဆိုက်တော့  immigrationကိုဖြတ်ရတယ်။ ချစ်မေမေက ပိုပိုလိုလို စလုံး၁၀ဒေါ်လာယူသွားတဲ့။ ကြည့်အုံးပြောပုံက။စီက ခေါင်းမာတော့ ယူသွားမယ် ဒါပေမယ့် ဘယ် officerမှာမပေးဘူး။ စီပြန်လာရင် စီးဖို့  taxiခအနေနဲ့ သုံးမယ်လို့ ။ ကိုယ့်တိုင်းပြည်ကိုယ်ပြန်လာတာ ဘာလို့ ပိုက်ပိုက်ကပေးရမှာလဲ။ စီ့မှာငြိစရာဘာမှမပါဘူး။ ငြိအောင်လည်းမနေဘူး။ မသွားခင်လည်း ချစ်မေမေ ကအထပ်ထပ်မှာသေးတယ်။ passportကြားထဲမှာ သူမကိုယ်တိုင် အသေအချာထည့်ထားပေးတာ။ အဲဒါစီက စင်ကာပူလေဆိပ်လည်းရောက်ရော.. စီ့ ပိုက်ဆံအိတ်ထဲပြောင်းထည့်လိုက်တယ်။မှတ်ရော။ရန်ကုန်မှာ ၇၀၀၀က ဘာမှတောင်သုံးလို့ မလောက်ဘူး။ စင်ကာပူမှာ ၁၀ဒေါ်လာက Mac , KFC ,burger kingတို့ စားလို့ ရသေးတယ်။ [...]