ဘာလိုလိုနဲ့  တနေ့ တနေ့ အချိန်တွေကုန်.. တလ တလနဲ့ အချိန်တွေကုန်…နောက်ဆုံး တနှစ်တနှစ်တောင် ဖင်လှည့်ခေါင်းလှည့် ရင်း ကုန်တော့မှာပါလား။စီ ၂၀၀၈ ကို သေသေချာချာသတိထားမိတဲ့ အချိန်တုန်း  က မတ်လ.. အလုပ်သင် ဘ၀နဲ့ company မှာ လိုက်လျား လိုက်လျား နဲ့ ဘာမှမလုပ်ပဲ အချိန်တန်ရင် ပေးမယ့်ပိုက်ဆံကို ထိုင်စောင့်နေတဲ့အချိန်ပေါ့။လုပ်စရာမရှိတိုင်း calendar ကို ခဏခဏကြည့်တော့မှ အဲဒီတုန်းက မတ်လဖြစ်နေတယ်။
အဲလိုပဲဖင်လှည့်ခေါင်းလှည့်နေလာလိုက်တာ  သြဂုတ်လရောက်မှ အော… ၈လပိုင်းတောင်ရောက်နေပါလားဆိုတာ သတိရလာတယ်။
ဒီလိုပဲ အချိန်တွေကုန်သွားမယ်.. ဘာမှမလုပ်ဖြစ်ဘူး။ လုပ်တိုင်းလည်းမဖြစ်ခဲ့ဘူးဆိုရင် အရင်ကတည်း မမွေးလာတာမှကောင်းအုံးမယ်။
လူတိုင်းမှာတော့ ရည်ရွယ်ချက်ပန်းတိုင် ကိုယ်စီရှိကြပေမယ့် မိန်းမအများစုကတော့ ..(အနည်းစုမပါဘူးနော်)အသက်ကြီးရင် လင်ယူချင်ကြတယ်။ မိန်းမတွေရဲ့ သဘာဝကိုယ် ကအမှီကို ရှာချင်တယ်။ အားကိုးရှာချင်တယ်။ကိုယ်ချစ်နှစ်သက်တဲ့ ယောက်ျား တွေ့ ရင် အဲဒီလူနဲ့ ပေါင်းစပ်ချင်တယ်။ အခြေချချင်တယ်။ အဲလိုမျိုးဖြစ်ရင် အကောင်းဆုံးပေါ့။မဖြစ်နိုင်ဘူးဆိုရင်ရော..
မဖြစ်နိုင်ဘူးဆိုလည်း မယူရုံပဲပေါ့။ကံကြမာကို တော့ စီအပြစ်မပုံချချင်ပါဘူး။ ဒီဘ၀မှာဒီလူနဲ့ တွေ့ ဖို့ ဒီနိုင်ငံထိရောက်လာဖို့ အကြောင်းဖန်ပြီး ဒီမှာအခြေချခဲ့ ပြီပဲ။
အိမ်ထောင်တခုပြုမှ.. ဘ၀တခုပြည့်စုံတာလား။ဒါဆိုလည်းမပြည့်စုံချင်တော့ပါဘူး။