ကျေးဇူးရှင်တွေ
Monday, June 13th, 2011ခုတလော စလုံးက မြန်မာတွေအတော်လေး နေမထိထိုင်မသာ ဖြစ်နေကြတယ်။ ဒေါ်လှတွေ အင်မတန်ထိုးဆင်းနေတယ်။ တဒေါ်လာ ကို ၆၁၀ကျပ်ပဲရှိတော့တယ်။ နံပြားတချပ် ၁၀၀ကျပ်ရှိတဲ့အချိန်မှာ တဒေါ်လှဆို ၆ချပ်လောက်ပဲဝယ်လို့ ရတော့မယ်။ စီတို့ အမေခေတ်တုန်းက ၁ဒေါ်လာ ကို ၇၀ကျပ်။ တနေ့ ဈေးဖိုးက ၇၀ကျပ်ပဲကုန်တယ်။အဖ စင်ကာပူကို ရောက်တုန်းက ဘဲဥတလုံး ၂ကျပ်ရှိတယ်။စီတောင် တနေ့ မှ ၅ကျပ်ပဲရတယ်။ ကျောင်းမှာ ရောင်းတဲ့ ကပ်စေးနဲ ထုတ်ချောင်းတောင် တချောင်း ပြား၅၀ပဲရှိတယ်။ ဒါကြောင့်လည်း လူတွေနိုင်ငံခြားကိုထွက်ပြီး အလုပ်လာလုပ်ကြတာ။ မိသားစုစားဝတ်နေရေးဖူလှုံ အောင်လို့ ။ တယောက်မှ အားပြီး ယားလို့ အလုပ်လာလုပ်ကြတာမရှိဘူး။ ဟိုးခေတ်တုန်းက သံရုံးအမှုထမ်းတွေလည်း aircon မတပ်တာ၊ photo copier machine မရှိတာကလွဲလို [...]