ငါးလူ
Thursday, September 23rd, 2010စီ ငယ်ငယ်က မိုးတွင်းဆို မြောင်းထဲဆင်းပြီး ငါးလေးတွေဖမ်းလေ့ရှိတယ်။ အစ်မ ၀မ်းကွဲတွေက ခြောက်ကြတယ်.. မြောင်းထဲဆင်းရင် ငါးရှဥ့်နဲ့ တွေ့ မယ်..။ဝဲပေါက်မယ် ပွေးပေါက်မယ်..နဲ့ ပေါ့..။ စီကလည်းလိမ်မ္မာတယ်..လစ်ရင်လစ်သလို မြောင်းထဲဆင်းဖမ်းတယ်.. ။ မြောင်းထဲမှာငါးဖမ်းရတာ အတော်ခက်တယ်.. စီကတော့ လက်ခုပ်နဲ့ ဖမ်းတော့ ပိုဆိုးတာပေါ့..။သူတို့ ရဲ့ senseတွေကလည်း အတော်ကောင်းတယ်လို့ ပြောလို့ ရမယ်..။ နည်းနည်းလေးကပ်မိလိုက်တာနဲ့ တခြားကို ထွက်ပြေးရော..။ ကိုယ်ဖမ်းတဲ့ ငါးတွေကိုကြည့်ပြီး အင်း..ငါးဖြစ်ရတဲ့ဘ၀ကကောင်းလိုက်တာ..။ငါးဖြစ်ချင်လိုက်တာလို့ စိတ်ကူးဖူးတယ်..။ လွယ်လွယ်နဲ့ ကိုမမိနိုင်ဘူး..။ စင်ကာပူလည်းရောက်ရော.. Japanhourကြည့်ပြီး.. ဘုရာ..ဘုရာ… ဒီဘ၀မှာ ငါးမဖြစ်တာကိုအတော်လေး ၀မ်းသာမိတယ်..။ ဂျပန် ပိုင် ပင်လယ်ထဲမှာ ဖြစ်ရတဲ့ ငါးဘ၀က တခြား ပင်လယ်ထဲက ငါးနဲ့ ယှဉ်ရင်.. မြန်မာနိုင်ငံမှာလူဖြစ်ရသလိုပါပဲလားနော်..။ အရင်လတ်လတ် ခုတ်ထစ်.. [...]