foxie284
ရေးချင်တာရေးထားတဲ့ crapbook
Archive for the ‘movie review’ Category
ရုပ်ရှင်ထဲက စစ်သား
Posted in movie review, စီအတွေး  by foxie284 on August 17th, 2010
ဒီနေ့ မနက် အားနေတော့  mio  ကနေ အဖနဲ့ green zoneဆိုတဲ့ ရုပ်ရှင်တစ်ကားကြည့်ဖြစ်တယ်..။သားအဖ နှစ်ယောက်က အားရင် ရုပ်ရှင်ကြည့် ဘောပွဲကြည့်နဲ့  စီ ရုပ်၇ှင်ကြိုက်လှချည့် ရဲ့ မှတ်တယ် အဖနဲ့ သွားတူနေတာကိုး
အဲ စတာလေးပြန်စရအောင်.။
ဇာတ်လမ်းက အီရတ်မှာ WMD( weapon of mass destruction)plant ရှိနေတယ်ဆိုပြီး အမေရိကန် က ၂၀၀၃မှာ အီရတ်ကို ၀င်တိုက်တာ။
အဲဒီမှာ မင်းသားက Matt damon
damn,i love this actor..
awesome dude(စီ့ အသဲ) က အမေရိကန် Chief warrant officerပေါ့။သူ အလုပ်က အဲဒီ WMD siteရှိတဲ့ နေရာကိုသွားပြီးစုံစမ်းဖို့ ပေါ့နော်..။
ရောက်သွားတဲ့အခါကျတော့ ဘာမှလက်နက်၊ ဘာပစည်းမှမရှိပဲ empty warehouse ပဲတွေ့ ရှိတယ်။အဲဒီမှာ သူ နည်းနည်း သံသယ၀င်သွားတယ်.။
ကြည့်ရင်းကြည့်၇င်းနဲ့ ဇာတ်ကရှုပ်လာတယ်။ နိုင်ငံေ၇းရဲ့  နက်ရှိုင်းမှုတွေအများကြီးတွေ့ ရတယ်။
မင်းသား က စစ်သားတယောက်အနေနဲ့  ဘာမှသံသယမ၀င်၊ ဘာမှမစဉ်းစားပဲ အထက် စစ်မိန့် ကိုယုံယုံကြည်ကြည်နဲ့ နာခံပြီး တိုက်ဆိုတိုက်၊ပစ်ဆို ပစ် စုံစမ်းဆို စုံစမ်းရုံသက်သက်
လုပ်လို့ ရတယ်။
အဲဒီမှာမင်းသားက သူကိုယ်တိုင် အဲဒီ WMDနဲ့ ပတ်သက်တဲ့ လူတွေ၊ အမေရိကန်တွေဘက်က အကြီးပိုင်းတွေ ကလူတွေကိုပြန်လိုက်တဲ့အခါကျတော့ အဲဒီ WMD planဆိုတာ ၁၉၉၁ တည်း အပြီးအစီးဖျက်သိမ်းပြီးသားဖြစ်နေတယ် အဲဒါကို ခေါင်းဆောင်ကြီးပိုင်းတွေက ထိန်ချန်ပြီး တော့ အီရတ်မှာ WMD စီမံကိန်းတွေရှိနေပါတယ် ဒါကြောင့် စစ်ကြေငြာပြီး ဆာဒမ်ဟူစိန်ကို အာဏာချပြီး အီရတ်ကိုသိမ်းလိုက်ရော.။
မြန်မာပြည်က စစ်သားတွေမသိဘူးပေါ့နော် ဇာတ်လမ်းထဲက အမေရိကန်စစ်သား (စစ်ဗိုလ်ပဲထားပါတော့)
တယောက်ဟာ ဒီလိုအရေးကြီးတဲ့ missionတခုမှာပါဝင်နေချိန်  ဒီmissionကြီးဟာ တခုခု မှားယွင်းနေတယ်ဆိုတာသိတဲ့အချိန်ကစပြီး  သူ့ ဦးနှောက်သူ သုံးပြီး အထက်က အမိန့် ကိုနာခံမယ့်အစား သူ့  ကအမှန်တရားကိုရှာဖွေဖို့ ကြိုးစားခဲ့တယ် ။ သူ့ မှာ စစ်သားတယောက်ဖြစ်ပေမယ့် အမိန့် ကိုနာခံတတ်ပေမယ့် လိုအပ်ရင် လိုအပ်သလို သူ့ ဦးနှောက်ကို အသုံးချတတ်သေးတယ်။
သူ့ ဦးနှောက်ကသုံးစားလို့ ရသေးတယ်။
စီ ဇာတ်လမ်းထဲက မင်းသား စစ်သားတယောက်ရဲ့  စိတ်ဓါတ်ကိုရေလည်သဘောကျသွားတယ်…။ ဒါရိုက်တာကလည်းအပေးတော်တယ်.။အမေရိကန်စစ်သားတယောက်ဖြစ်လို့ အဲလိုဖြစ်နေလား..။ စစ်သားတယောက်ဖြစ်လို့ အဲလိုစိတ်ဓါတ်ဖြစ်နေတာလား ဆိုတာကတော့ ဒါရိုက်တာကိုမေးမှပဲ သိတော့မယ်..။
စီ တို့ မြန်မာပြည်က စစ်သားတွေရော အရေးကြုံရင် အသုံးချလို့ သုံးစားလို့ ရတဲ့ ဦးနှောက်ရှိသေးလား။
အထက်ကနေ” မင်းတို့  စစ်သားတွေဆိုတာ တိုင်းပြည်ကိုကာကွယ်ဖို့ ဆိုတဲ့ missionပါဝင်နေကြတဲ့သူတွေ။ဒီတော့ တိုင်းပြည်ကိုကာကွယ်ဖို့ ရာ အထက်ကအမိန့် ကိုနာခံတတ်ခံအောင်လုပ်” ပြောတိုင်း ဘာမှမစဉ်းစားပဲ အမိန့် ပေးတိုင်းလုပ်နေကြမှာလား
ဒါမှမဟုတ် ဒီmissionကြီး တခုခုလွဲချော်နေတာကို သိချိန်ကစပြီး ကိုယ်ပိုင်စဉ်းစားဥာဏ်နဲ့ တွေးခေါ်ပြီး fixedလုပ်မှာလား။
စစ်သားကောင်းတယောက်ဟာ အမိန့် ကိုတလွဲမသွေ နာခံတတ်ရမယ်။ စီစဉ်းစားမိတယ် အဲလိုတိုင်းသာဆိုရင် စစ်သားကောင်း= ခွေးကောင်း တကောင်ဖြစ်နေပြီ။ခွေးကောင်းကောင်းတကောင်ဟာ အမိန့် တွေကိုနာခံတတ်တယ်။ ဘာမှမစဉ်းစားတတ်ဘူး ။သခင်က ဒါဆို ဒါ။သခင်က ဟိုဟာဆို ဟိုဟာ။
စီထင်တယ် မြန်မာနိုင်ငံက စစ်သားတွေဟာ အဲလိုတော့ မဟုတ်လောက်ဘူးလို့ ။
အထက်က အမိန့် က တိုင်းသူပြည်သားတွေအတွက် အဓိပါယ်မရှိရင် မလိုအပ်ရင်  အသုံးမ၀င်ရင် နာခံစရာမလိုဘူးလို့ ထင်တယ်။
စစ်သားဆိုတာ လူတွေပဲ။ ခွေးတွေမဟုတ်ဘူး။ လူစိတ်ရှိတဲ့ စစ်တပ်နဲ့ ခွေးစိတ်ရှိတဲ့စစ်တပ် စစ်တိုက်တဲ့အခါ စီယုံတယ် လူစိတ်အပြည့်ရှိတဲ့ စစ်တပ်က နိုင်ကိုနိုင်ရမယ်။ တခါတလေ အင်တာနက်ပေါ်မှာ အစိုးရ ကောင်းကြောင်းအာဘော်တွေ ရွှန်းရွှန်းဝေအောင်အချိန်ကုန်ခံပြီးရေးထားကြတယ်။ အမှားနဲ့ အမှန် က အဖြူနဲ့ အမည်းလို လုံးဝကြီး ကွဲပြားခြားနားနေတာကိုသိသိကြီးနဲ့ အမိန့် ကိုနာခံတတ်ပြီး. လက်ရှိအစိုးရက ကောင်းတယ် ၊တော်တယ် blah blahနဲ့ တကယ်ကောင်းလားမကောင်းလားဆိုတာ မြန်မာပြည်မှာကျန်ခဲ့တဲ့ 
မိသားစုကအသိဆုံးပါ။ကုန်ဈေးနှုန်းက တက်၊စားဝတ်နေရေးမပြေလည်နဲ့   ဒီအစိုးရကြောင့် မိသားစု တစု နှစ်စု မပြေလည်ကျပ်တည်းတယ်ဆိုရင်မပြောလိုပါဘူး..။ခုမှဟာ သန်းလိုက်ချီတဲ့ မိသားစုတွေကျပ်တည်းနေကြတာ..။ အဲဒါကိုပဲ တမင်ဘူးခံပြီး…ကောင်းတယ် တကဲကဲလုပ်နေကြတာ…။
အဲဒါ မြန်မာပြည်က အထက် အမိန့် ကိုနာခံတတ်တဲ့  တိုင်းသူပြည်သားတွေကို ကာကွယ်ပေးမယ့် စစ်သားကောင်းဆိုတာမျိုးတွေလား..။ စီ့အတွက်ကတော့  တိုင်းသူပြည်သားတွေကို သေခါနီး ဘီးတပ်ပေးတဲ့  သခင်အမိန့် ကိုနာခံတတ်တဲ့ ခွေးအမျိုးအစားကောင်းကောင်းတမျိုးလို့ ပဲထင်မိတယ်…။
လူခွေးဆိုတာ အဲဒါမျိုး ဖြစ်မယ်…
ရုပ်၇ှင်ထဲက အမေရိကန် Chief warrant officerလိုမျိုး မြန်မာစစ်တပ်ထဲမှာအနည်းအကျဉ်းလောက်၇ှိလိုက်ရင်… မြန်မာပြည်ကြီး အစောကြီးထဲက လွတ်လပ်နေလောက်ပြီ.။ရုပ်ရှင်ဆိုတာကလည်းအပြင်မှာတကယ်မလုပ်နိုင်တဲ့ အ၇ာတွေကိုလုပ်ပြထားတာဆိုတော့  အဲလို0fficerမျိုး မြန်မာစစ်တပ်ထဲမှာရှိလောက်မယ်မထင်ပါဘူး။
(မှတ်ချက်) လူစိတ်ရှိပြီး လူလို တွေးတောတတ်သော စစ်သားမှမပါ။
Credit Card
Posted in movie review, လျှာရှည်ခြင်း  by foxie284 on July 10th, 2010
မနေ့  နေ့ လည် က ကွာ တိုတိုနဲ့ 
Despicable Me ကားသွားကြည့်တယ်။ Weekendကြည့်ရင် တစောင်မှ ၁၀ဒေါ်လာတည်းပါ။ဘာမှမစားရင် ၁၀ဒေါ်လာပဲကျတယ်။ ပိုက်ဆံအိတ်ထဲမှာ ၁၀ဒေါ်လာတောင်မရှိဘူးဆိုတာမဖြစ်နိုင်ဘူး။
အဲဒီမှာ စီတို့ အရှေ့ က လူ၂ယောက်ပေါ့  credit cardနဲ့ ပေရှည်ပြီး လက်မှတ်ဝယ်နေတာ။ ၁၀ဒေါ်လာတောင်မရှိလည်း ရုပ်ရှင်ကို weekendမှာလာကြည့်မနေတဲ့ တော့ ။
လက်မှတ်တောင်မှ အကြွေးဝယ်ကဒ်နဲ့ ဝယ်ကြည့်တဲ့ သူကရှိသေးတယ်။ အဲလောက်တောင်မွဲတေနေလား။
cashပါရင် လူ ၃ယောက်လောက် အသာလေး serveလို့ ရတဲ့ ဟာကို credit cardနဲ့ ပေးတော့ အချိန်က ကြာသထက်ကြာရော။
စီက သိပ်ရှည်တဲ့ လူစားမဟုတ်ဘူး(စိတ်)။ ပေါ်တင်ပဲ။
“Wah!.. buy ticket also need to use credit card huh?wanna show off izzit?”
တိုတိုကလည်း ဘေးကနေ..
“ya..yar yar.. papaya”.တဲ့ ။
စလုံးမှာ ya ya papayaဆိုရင်..၀မရှိပဲ ၀ိလုပ်ချင်တဲ့ သူတွေကိုသုံးတာ။
credit card နဲ့ ကြည့်ရင် discountရတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့်  ဘယ်သူမှ မ၀ယ်ခင်စောစောစီးစီးကြိုဝယ်ထားပါလား။ လူတန်းကြီးရှည်တော့မှcredit cardနဲ့ transactionလုပ်တာလောက် ya ya ဖြစ်တာမရှိဘူး။
ဘာလည်း သူ့ မှာ credit cardရှိကြောင်း လူများများရှေ့ မှာပြချင်လို့ လား။ဒီလောက်တောင် credit cardသုံးချင်ရင်လည်း ရုပ်ရှင်လက်မှတ်ကို onlineကိုနေ credit card နဲ့ ဝယ်ပါလား။
စီတို့ ရုပ်ရှင်သွားကြည့်ရင် credit card ကိုဘယ်တော့မှမသုံးဘူး။ အထူးသဖြင့်လူအရမ်းများတဲ့ နေ့ တွေဆိုရင်.. ကားကောင်းတွေပြတဲ့ ပွဲတွေဆိုရင်။ကိုယ့်ကြောင့် တခြားသူတွေနှောင့်နှေးကြန့် 
တခါတလေ ရှိသေးတယ်။
ရုပ်၇ှင်ပြဖို့ အချိန်နီးပါတယ်ဆိုမှ.. ကိုယ့် ရှေ့ က လူက credit cardနဲ့ လက်မှတ်ဝယ်တဲ့ အပြင် တခြား အအေးတွေ hotdogတွေကို အေးအေးဆေးဆေးဝယ်နေတာ။ချက်ချင်းဝယ်ရင်တော်သေးတယ်။ ၅မိနစ်လောက် ဟိုဟာရွေး ဒီဟာရွေးနဲ့ နည်းနည်းလေးမှကို အလိုက်ကန်းဆိုးမတတ်တဲ့ဟာတွေ။
ရုပ်ရှင်ကြည့်၇င် hotdog လည်ပင်းမှာ နင်ပါစေတော်..။ တကတည်း လူကို အကုသိုလ်တော်တော်ဖြစ်အောင်လုပ်ချင်ကြတယ်။
ဘာပဲဖြစ်ဖြစ်..Despicable Me  movie ကတော့ AWESOME!!! I LOVE IT.I GAVE 4 1/2  STARS.. WEEE..WWWEEEPP.!
Kick-Ass (movie review)
Posted in movie review  by foxie284 on April 18th, 2010
went to watch movie with my dude yesterday.  cool, man.
 awesome. .. but not those awesome kind like how to train your dragon or.. clash of titan.
easy and relax to watch with mixture of comedy..
i like it.
i like that little gal. :>
percy jackson- lightening thief
Posted in movie review  by foxie284 on February 17th, 2010
awesome! really cool ,man.
i watched it last Saturday.i’ve been waiting for this movie  cos it is kinda  mixture magical n fantasy script. Although de same director of Harry potter movies.. i would say percy’s better. nt those boring kind.
the movie last for 2 hrs and i didnt feel bored at all unlike harry potter’s movies.
ya guys should go n watch it.seriously, awesome,man..
the dude who acted like a geek in the movie also hot too..wait a min, i forget his name.. Bleah!… who cares.. i will call him hottie..lol
တပတ်စာ
Posted in movie review  by foxie284 on December 19th, 2009
ခုတလောမိုးတွေဆက်တိုက်ရွာနေတယ်။ အိပ်လို့ မှကောင်းလိုက်မယ့်ဖြစ်ခြင်း။အရင်တုန်းက ခုလိုချိန်မျိုးဆို orchardမှာX’mas treeတွေနဲ့  ဓါတ်ပုံလိုက်ရိုက်နေပြီ။နှစ်တိုင်း ဒီနေရာ ဒီအပင်ပေမယ့်  ဘယ်လောက်သွားသွားရိုးတယ်လို့ ကိုမရှိဘူး။
အိမ်း။ ဒီနှစ်တော့ သွားဖြစ်မယ်မထင်ပါဘူး။ လုပ်စရာတွေကလည်းရှိ။ ရှင်းစရာတွေကလည်းရှိနဲ့ ။လုပ်ဖော်ကိုင်ဖက်က ပြောတယ်။ ယူကို ကြည့်နေရတာ ကိုယ်တောင်ပျင်းလာပြီတဲ့ ။com’n enjoy life ,babeတဲ့ ။ဟားဟားဟား။ enjoyချင်တာပေါ့။ ဒါပေမယ့် အသက်ကြီးလာတာနဲ့ အမျှ feel က မလာတော့တာခက်တယ်။x’mas eveတိုင်း orchardမှာ လူအုပ်ကြားထဲအချိန်ကုန်ခံ တိုးဝှေ့ နေရာ အရင်တုန်းကပျော်စရာကောင်းပေမယ့်  ဒီနှစ်တော့ အဲလို ထပ်လုပ်ဖို့ နဲနဲလေးမှကို စိတ်မကူးမိတာအမှန်ပဲ။
စီ စိတ်ထဲမှာ လောလောဆယ်ပိုက်ဆံပဲ၇ှိတယ်။ အလုပ်ပဲဆက်တိုက်လုပ်နေတယ်။ အဲလိုမျိုးအချိန်ဆို တိုတိုက စီ့ကိုရေလည်ချစ်။ သူ့ ကို ပြသာနာရှာဖို့ အချိန်မရှိတော့  သူ လည်းနားငြီးသက်သာတယ်။ သူ့ အလုပ်လည်းပိုပြီးတာကိုး။
မနေ့  က သူနဲ့  တွေ့ ဖြစ်တယ်။ ရန်ဖြစ်တာပြန်ချစ်ဖို့ ပါဆိုတာ အတော်မှန်တာပဲ။ ပြီးခဲ့ တဲ့ ၂ပတ်ဆက်တိုက် ၂ယောက်သား ရေလည် fightကျတာ။ မနေ့  ကတော့ မတွေ့ တာကြာတဲ့  သမီးရည်းစားတွေ ပြန်တွေ့ တဲ့ အတိုင်းပဲ။တနေ ကုန် သူနဲ့ အချိန်ဖြုန်းလိုက်တယ်။ I love you ကို ချစ်သူကို ပြောရတာ အတော့်ကို တွန့် တို တဲ့ စီရဲ့ တိုတိုက မနေ့ က တချိန်လုံး
ilove ချည်းပဲပြောပြောနေလို့ နဲနဲတောင်သံသယဖြစ်သွားသေးတယ်။
Avatarကို လည်း သူနဲ့ မနေ့ ကကြည့်တယ်။ ပြောတဲ့ အတိုင်းပဲ ။ရေလည်မိုက်တယ်ကွာ။
၂၀၁၂မှာ ကမာကြီးတကယ်ပျက်မယ်ဆိုရင်လေ။ စီကို အဲဒီဂြိုလ်လေးဆီ မသေခင် တရက်လောက်ပို့ ပေးရင်ပဲ သေရကျိုးနပ်ပါပြီ။ James cameronရဲ့  လက်သံက တော့ အတော့်ကို ပြောင်တယ်လို့ ဆိုရမယ်။တကယ့် paradiseပဲကွာ။
စီတို့ နေတဲ့ ကမာကြီးတရက်လောက်အဲလိုနေရာမျိုးဖြစ်သွားရင်သိပ်ကောင်းမှာပဲ။ ဒါရိုက်တာက ဘယ်ကနေ ဒီလို အိုင်ဒီယာ၊ plot၊scriptတွေရတာလဲမသိဘူး။စီကတော့ အရမ်းကိုကြိုက်နေပြီ။ ခုထိမျက်စိထဲကကိုမထွက်ဘူး။ အဲဒီနေရာလေးတွေ။ကြိုက်တယ်ဗျို့ …!!!!!
မနေ့ က orchardသွားတော့ so called “best ayam penyat”ကို မစားလိုက်ရလို့ စိတ်တော့မကောင်းဘူး။
တိုတိုက တော့ တောပါတယ်။ ဒီတခါမစားရလည်းနောက်တခါ တူတူသွားစားတာပေါ့တဲ့ ။
ဘာပဲဖြစ်ဖြစ် aVAtAr ကို ကြည့်လိုက်၇လို့  စနေ နေ့  အားလပ်၇က်တ၇က်ကုန်၇ကျိုးနပ်ပါပြီဗျို့ ..
foxie :where ya? about 1 month ago[*]
Tsamina mina eh eh Waka Waka eh eh 2 months ago