ဗေထုပ်ပုံ(၂၀)
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ယူနီဖောင်းနဲ့ ဆိုတော့ လူအမြင်ကပ်..အဲ လူရှိန်တာပေါ့ ဟဲဟဲဟဲ.
စီအရင်ကပြောခဲ့ သလိုပဲ.. စီfetishအရာတွေထဲမှာ ယူနီဖောင်းနဲ့ ဘဲတွေလဲပါတယ်။သူဟာသူ.. လူဆိုးသူခိုး ရုပ်ပဲထွက်နေ.. ယူနီဖောင်းကိုဝတ်လိုက်တဲ့ အခါ အရမ်းကိုယောက်ျားပီသတဲ့ သူတယောက်ဖြစ်သွားတယ်
မှတ်ချက်။ မြန်မာပြည်က ယူနီဖောင်းမပါ။
စီကလည်း မေးလိုက်တယ်။ နင်က ဘယ် ကလဲလို့ ။ သူ က coastguard police တဲ့ ။သွားပြီ။ အဲဒီအထဲက အဲဒီဘဲကို သူ့ ယူနီဖောင်းနဲ့ မြင်ချင်တဲ့ စိတ်တွေက ထိန်းလို့ မရဘူး။
အဲဒါနဲ့ …webcamကနေ သူကို ယူနီဖောင်းဝတ်ခိုင်းတယ်။ သူက လည်း လိုက်ဝတ်တယ်။
ပြီးတော့ ပြောသေးတယ်။
မင်းတယောက်ပဲ ငါ့ကို webcamကနေ uniform ၀တ်ခိုင်းတာတယောက်ပဲရှိသေးတယ်တဲ့။ ဟားဟားဟား။
သူဘာကိုဆိုလိုလည်းဆိုတာ စီနားလည်လိုက်ပါတယ်။ မသိချင်ယောင်ဆောင်လိုက်တယ်။
Airforce websiteထဲဝင်ကြည့်တော့အလုပ်တွေခေါ်နေတယ်။ ဒါပေမယ့် တက်ရမယ့်  သင်တန်းတွေနဲ့ တင် ဘယ်အဆင့်မှာအသက်က အရင်ထွက်မလဲမသိဘူး။
မြန်မာပြည်တော့မသိဘူး။ ဒီမှာကျတော့ ယောက်ျားရော မိန်းမရော BMT( basic military training)ကို သူ ရမယ့် positionအလိုက် ၂ပတ်ကနေ ၆ပတ်အထိတက်ရတယ်။အဲဒီအလုပ်ရဖို့ ကို တနှစ်ခွဲ ၂နှစ်လောက် လေတပ်ကျောင်းထပ်တက်ရသေးတယ်။
တကယ်ကွာ။ ဘာလို့ လဲမသိဘူး။ လေတပ်မှာ အလုပ်လုပ်ချင်တယ်။
Navyကနေ တော့ ရေနစ်မှာစိုးလို့  ဝေးဝေးရှောင်တယ်
အဲဒါပြောတာပေါ့။ ကြော်ငြာအား ကောင်းရင် ပေါက်တယ်ဆိုတာ။
စင်ကာပူအစိုးရရဲ့ Defense force တွေရဲ့  ကြော်ငြာတွေကတော့ ဟုတ်သော်ရှိမဟုတ်သော်ရှိ ရှယ်ပျံနေတာပဲ။
စီကတော့ဘာရယ်မပါဘူး။ ယူနီဖောင်းလေးလှလို့  ၀င်join ချင်တာပါ။
(ကြည့် စမ်း ကြည့်စမ်း စီဆိုးတာလူတွေသိကုန်ပြီ။ But who cares?
)