Archive for the ‘My ဗေထုပ်ပုံ’ Category

ဗေထုပ်ပုံ(-၁၂)

Monday, May 18th, 2009

မွေးရာက ငယ် ငယ်ရာကလတ် လတ်ရာက ကြီး ကြီးရာကအို အိုရာကသေ။ တခါမှ အသက်ကျော်ရာကျော် ရှည်ပြီး နေရပါစေလို့ ဆုမတောင်းခဲ့ဘူး။ ၆၀၊၇၀ လောက်ဆိုတော်ပြီ။ ချစ်သောသူနဲ့  သာ ပေါင်းရပါစေလို့ ပဲဆုတောင်းဘူးတယ်။ အဲဒီနေ့  က တကယ်ကို အမှတ်တမဲ့ လေးဖြစ်ခဲ့တယ်။ သူပါးစပ်က မထွက်စဖူး ထွက်ခဲဖူးတဲ့ စကားတွေကြောင့် ကိုယ် သူ ကို တော်တော်လေးချစ်မိသွားတယ်။ အရင်ကဆို ကိုယ် က သူကို တဖတ်သတ်ချစ်နေရတာမျိုးကြီးခံစားဖူးတယ်။ ခေါင်းထဲမှာသူရော ကိုယ်ကို ကိုယ်လောက်မှချစ်ရဲ့ လားလို့ တွေးမိတယ်။သူရဲ့  များလှတဲ့ အလုပ်တွေနဲ့  ရင်းနှီးလှတဲ့  လုပ်ဖော်ကိုင်ဖက် အမျိုးသမီး တွေကြောင့် ကိုယ်တို့  ခဏခဏ [...]

ဗေထုပ်ပုံ(-၁၁)

Monday, May 18th, 2009

၈ လေးလုံး။ နောက်၂ရက်လောက်ဆိုရောက်တော့မယ်။ ရင်ထဲမှာ အမှန်အတိုင်း ပြောရရင် ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် ၈လေးလုံးတုန်းက ခံစားခဲ့ရတာကတော့  ခုထိမှတ်မိသေးတယ်။ အဲဒီတုန်းက စီ ၄ နှစ် လောက်ပဲရှိအုံးမယ်။ ပြတင်းပေါက်ကို ခုံခုပြီး အပြင်ကို လှမ်းကြည့်တယ်။ အစ်မ၀မ်းကွဲ က မကြည့်နဲ့ ဆိုပြီး မျက်လုံးကို လက်နဲ့ လာကာတယ်။ မကြာခင်မှာပဲ သေနတ်သံတွေကြားရတယ်။ အဲဒါနဲ့ မီးဖို ချောင် က ထမင်းစားပွဲခုံ အောက်မှ အကုန် လုံး ၀င်ပုံးကြတယ်။အရင်က အမျိုးများတဲ့အိမ်ဆိုတော့… ထမင်းစားပွဲခုံအောက်မှာ တိုးတိုးကြိတ်ကြိတ်နဲ့ .. အိမ်တိုင်းကစားရသလိုပဲ.. ပလစ်စတစ်ဖျာကြီး ခင်းထားတာ… ခြေထောက်ကို ဖျာအပြင်ကျော်အောင် မထုတ်ရဲကြဘူး. အတင်းကို ဖျာအပေါ်မှာ ကပ်ထိုင်နေကြတာ။ စီအဖွား က [...]

ဗေထုပ်ပုံ(-၁၀)

Monday, May 18th, 2009

အဆွေအမျိုး… ဆွေမျိုးရင်းခြာ ဆွေနီးမျိုးနီး…ဆွေမကင်း မျိုးမကင်း အို ..အေခၞအေ၀ၞေတြက စုံနေတာပဲ။ ဒါပေမယ့် ဘယ်မှာ ဘူတာသွားဆိုက်လည်းဆိုတော့  အမျိုးကအမျိုးပဲပေါ့။ အဖ က ပြောတယ် စီက တကိုယ်ကောင်းဆန်တယ်တဲ့  ။စီက ဘယ်လို ပြန်ပြီးချေပလဲဆို.. စီတကိုယ်ကောင်းဆန်တာ မဟုတ်ဘူး။ စီဖင်မနိုင် လို့ ပဲဟင်းမစားတာလို့ ။ အဖက လက်ကိုင်ဆွဲတဲ့ ဆောင်ပုဒ်တခုရှိတယ်။ သစ်တပင်ကောင်းရင် ငှက်တသောင်းနားလို့ ရတယ်။ အဲဒီစကား ကစီငယ်ငယ်လေးကတည်းက မြန်မာ ပြည်မှာနေကတည်းက အဖ ကျင့်သုံးလာတာ။ အိမ်မှာဆို အဲဒီကတည်းက ဆွေမျိုးဝမ်းကွဲတွေ..ဆွေနီးမျိုးနီးတွေ အိမ်အကူတွေနဲ့  လူက ၁၈ ၊၂၀လောက် အမြဲရှိတယ်။ တခါတလေ.. အမေ့ရဲ့  အမေ အမျိုးတွေလာတာရှိသေးတယ်။ ရန်ကုန်ကို ဘုရားဖူးလာရတာနဲ [...]

ဗေထုပ်ပုံ(-၉)

Monday, May 18th, 2009

9/8/ 2008 ဆို စင်ကာ ပူ မှာ ၄၃ှနှစ်မြောက် အမျိုးသား နေ့ ကျင်းပတော့မယ်.. ကိုယ့်နိုင်ငံအမျိုးသား နေ့ မဟုတ်ပေမယ့်…ရင်ခုန်တယ်.. မီးရူးမီးပန်းတွေဖောက်တာ ကြည့်ပြီးတော့စိတ်လှုပ်ရှားတယ်.. မှတ်မှတ်ရရ.. ၅တန်း လား ၆ တန်းလားမသိဘူး.. ကျောင်းက လွတ်လို့ .. အမျိုးသား National stadium မှာ သွားကြည့်ခဲ့ရတယ်.. ဘာရယ်မဟုတ်ဘူး.. အမျိုးသားနေ့ သီချင်းဆိုတော့ .. စိတ်ထဲက တခုခုသွားတယ်.. သူများနိုင်ငံက အမျိုးသား နေ့ ဂုဏ်ပြုပွဲသီချင်းကို ..စီက ဘာကိစ ဆိုရမှာလဲဆိုပြီး တွေးခဲ့ဖူးတယ်.. ဒါပေမယ့် … အစမ်းအားလုံးကျင့်ပြီးသွားတော့ ..သီချင်းတွေဆိုကြတာ.. အမျိုးသား national stadium တခုလုံး ကျယ်လောင်နေတာပဲ စီကိုယ်တိုင်လည်း ကြက်သိမ်းတွေ ထမိတယ်… နောက်တော [...]

ဗေထုပ်ပုံ(-၈)

Monday, May 18th, 2009

ဒီတခါဗုံးပေါက်တာ ဒိုက်ဦးမှာတဲ့ .. လူ ၃ယောက်လား မသိဘူးဆိုတာ သေတာ.. တိုက်ဆိုင်တာလို့ ပဲ ခံယူလိုက်မယ်နော်… တမင်တော့ မဖြစ်နိုင်ဘူး…စီ ဗုံး post လည်းတင်ပြီးရော ဗုံးပေါက်တော့တာပဲ… ထန်းသီးကျွေခိုက် ကျီးလာနားမယ်လို့ တော့ မစဉ်းစားနဲ့ နော်.. ကိုယ့်ဖာသာ ကိုယ် ဗုံး ခွဲချင်ရင်ခွဲချင်တယ်ပြော.. နည်းနည်းတော့ တိုးတက်လာပြီ… ဒါပေမယ့် ဗုံးမှန်ပြီး သေသင့်တဲ့ သူက မှားနေသေးတယ်… ဆက်ကြိုးစားအုံး.. စကားမဆက်.. ပြီးခဲ့တဲ့ အပတ်က အိမ်မက်ဆန်းတခုမက်တယ်.. ရန်ကုန်ကို လေဆင်နှာမောင်း ၆ခု တပြိုင်နက် ၀င်မွေ တယ်လို့ .. ပြီးတော့ ရန်ကုန်မြို့ ကြီးက တိုးတက်နေတယ်.. တိုက်တွေဘာတွေနဲ့ .. အဲဒီတိုက်တွေကို လေဆင်နှာမောင်း က အကုန် မွေဖြစ်တာ… [...]


foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago