ချစ်စရာ မုန်းစရာ
Tuesday, March 22nd, 2011သိပ်မုန်းစရာ ကောင်းတဲ့လူတယောက်ရှိတယ်။ ဒါပေမယ့်အချိန်တော်တော်များများမှာ သူဟာ သိပ်ချစ်စရာကောင်းတဲ့သူတယောက်ဖြစ်နေတတ်တယ်။ဒီအကြောင်းကို သူ့ ကိုယ်သူလည်း သတိမထားမိဘူး။ သူကောင်မလေးကတော့ သိနေတယ်။ပြောပြလိုက်ရင် သူ ဘ၀င်မြှင့်သွားမှာစိုးလို့ ဒီအတိုင်းပဲထားထားလိုက်တယ်။ ကောင်မလေးကို အလိုလိုက်လွန်းလို့  ကောင်မလေးဟာ အမြဲတမ်းကလေးကြီးတယောက်ဖြစ်နေတတ်တယ်။ ဘယ်တော့များမှ လူကြီးဆန်အုံးမှာလည်းလို့ သူ ကမေးလိုက်တိုင်း မျက်လုံးပြူးပြီး လျှာပြန်ထုတ်ပြတဲ့  သူ့ ကောင်မလေးရဲ့ အမူအရာကိုမြင်တိုင်း “အင်း ဒီနှစ်လည်း မင်းလူကြီးဆန်မှာမဟုတ်သေးဘူး” သူ စိတ်ထဲကနေသိလိုက်တယ်။ တကယ်တော့ သူ လည်း ကလေးကြီးပါပဲ။ဒါပေမယ့် ကောင်မလေးအတွက် သူဟာ လူကြီးဆန်ချင်တယ်။ကောင်မလေးက အားကိုးရတဲ့ ယောက်ျားတယောက်ဖြစ်ချင်တယ်။ကောင်မလေးရဲ့  ကလေးဆန်ပြီးအနိုင်ကျင့်မှုတွေကို နှစ်တွေကြာလာတာနဲ့ အမျှ သူ နေသားကျလာပြီ။ တခါတလေ ကောင်မလေးနဲ့  အပြင်ထွက်တိုင်း သူရဲ့ ကလေးဆန်တဲ့ အပြုအမူတွေက [...]