to meet is to part cont’2
Monday, May 18th, 2009ခြေထောက် က ဒဏ်ရာ ထက် ရင်ထဲက တဆစ်ဆစ်နာကျင်ခြင်းက ပိုလို့ ခံရခက်သေးသည်.. ခုချိန်မှာ ဒယ်ဒီသာ ကျုပ်အနားမှာရှိရင် ဒယ်ဒီကို ဖက်ပြီး ကျုပ်အားရပါးရ ငိုမိမှာသေချာသည်.. မငိုပဲနဲ့ မျက်ရည်တွေကျ အလိုလိုကျလာသည်.. ရင်ထဲမှနာကျင်ခြင်းကြောင့်ကျလာတဲ့ မျက်ရည်လော.. ခြေဖမိုးမှ နာကျင်သောကြောင့်ကျလာတဲ့ မျက်ရည်လော..ဘာပဲဖြစ်ဖြစ်အဲဒီညနေက ကျုပ်ဘ၀အတွက် အမုန်းဆုံးသောယောက်ျားတယောက်ကို တွေ့ ရှိလိုက်သည်.. မုန်းတယ်… မုန်းတယ်.. နင်ကို ငါ ရွံတယ်.. ARRRHHHH!!!! ကျုပ်ရဲ့  စိတ်ကို မိုးရေထဲလွတ်ချပေးလိုက်သည်… စိတ်ကို လျှော့ ချလိုက်တော့ လူက မြေကြီးပေါ်ပုံရက်သားကျသွားသည်..တကယ်လို့ သာ ကျုပ်ရဲ့  ဖိနပ်တွေ ခြေအိတ်တွေကို ချွတ်ဖယ်လိုက်မယ်ဆိုရင် ရောင်ကိုင်းနေမယ့် ကျုပ်ရဲ့  ညာခြေဖမိုးကို ခင်ဗျားတို့ မမြင်ချင်ပဲ မြင်ကြရလိမ့်မယ်… [...]