ရေးချင်တာရေး
Thursday, April 19th, 2012၂၀၁၂ထဲရောက်လာတာ အခုဆိုရင် ၄လကျော်သွားပြီ။ . အဲဒီအချိန်လေးအတွင်းမှာ အဖြစ်အပျက်တွေကမြန်ဆန်လိုက်တာ.. လိုက်လို့ တောင်မမှီလို့ အောင်ပဲ.. မင်္ဂလာသတင်း အမင်္ဂလာသတင်း စုံလို့ စုံလို့ … အဲဒီအထဲကစီစိတ်အ၀င်စားဆုံးက တိုင်းရေးပြည်ရေး မြန်မာနိင်ငံအရေးပါပဲ..။ စလုံးသွားလျှောက်ကြမယ့် ဘော်ဘော်တွေလည်း မျှော်လင့်ခြင်းရောင်ခြည်တွေမြန်မာပြည်ကနေ ၀ိုးတိုးဝါးတားပေါ်နေလို့  application formကိုon hold လုပ်ထားကြတဲ့သူတွေလည်းရှိကြသေးတယ်။ လူတွေကပြောကြတယ်.. ကိုယ့်ကမြန်မာနိင်ငံသား.. ကိုယ်နိုင်ငံကိုယ်ပြန်ပြီး ဘာမှမလုပ်စားတတ်ရင်တောင် ငတ်ပြီးသေတဲ့ မသာမရှိဘူးတဲ့..။အလိုလိုနေရင်း အမျိုးတွေက လာကျွေး..မကျွေးရင် သူတွေကျွေးကြလိမ့်မယ်တဲ့ ..။အား..ပါး…. စီရေလည်ကြိုက်သွားတယ်..။ဒီလောက်တောင်မြန်မာပြည်ကြီးဟာ တိုးတက်ကောင်းစားနေပြီပေါ့လို့ ..။ရှာစား လုပ်စားစရာတောင်မလိုလောက်အောင်ချမ်းသာနေပြီပေါ့..။ စာသူငယ်ဟာ ခဲ တခါမှန်ဖူးရင်တောင် နောက်တခါမှန်မှာကြောက်တတ်သေးတာ.. စီတို့ မြန်မာနိုင်ငံသားတွေကတော့ အခါ၁၀၀မှန်လည်း ဟဲဟဲဟဲ ပဲ..။ ဘယ်အရာကိုပဲလုပ်လုပ်..ကြားထဲမှာယုံကြည်မှုတခုထားရှိုဖို့ တော့ လိုပဲ..။ ခုတော့  မြန်မာဗြဲစိတန် [...]