ဒူးခေါင်းရဲ့  တန်ဖိုး
April 16th, 2011
ခုတလော ကြားသိရတဲ့ သတင်းများအရ..မြန်မာယောက်ျားများဟာ အမြင်မှန် အသိမှန်တွေနဲ့  မိန်းမလေးရဲ့  တန်ဖိုးကို ဝေဖန်လေကန်တဲ့ အခါ တခြားနေရာတွေကို သိပ်ဂရုမစိုက်တော့ပဲ…
ဒူးခေါင်းနေရာတွေကို အလေးပေးအရေးထားလာကြတယ်လို့  သတင်းရရှိပါတယ်..
သတင်းအစုံအလင်မှာ.. အဲ.. သတင်းကြေငြာနဲ့ မှားသွားတယ်..။
အရင်တုန်းက ဆိုရင်မိန်းမတယောက်၇ဲ့ တန်ဖိုးကို လေ့လာကြတဲ့အခါ.. faceမှာရှိတယ်.. innerမှာရှိတယ်.. ဟိုဟာရှိတယ်.. ဒီမှာရှိတယ်..
ခုတော့ ဒူးခေါင်းမှာရှိတယ်ဆိုပြီး တွေ့ ရှိချက်အသစ်ကို တင်ပြလာကြပါတယ်..။(အမလေး..ယောက်ျားကြီးဖြစ်ပြီး တင်ကြီးကပြချင်သေးတယ်)
မသိကြလို့ ပါပဲ… အဲ..၂၁၇ာစုရဲ့  ၀တ်စားဆင်ယင်ပုံပြောင်းလဲမှုများကြောင့် မြန်မာယောက်ျားလေးများ မြန်မာမိန်းကလေးများရဲ့ အလှကိုဝေဖန်တဲ့အခါ ခုဆိုရင် ဒူးခေါင်းကို ကြည့်ပြီးအားရပါးရဝေဖန်ကြပါတော့တယ်..
“ကြည့်စမ်း .ဒီဟာမက ..ရုပ်ကသာ ပုံမလာတာ.. ဒူးဂေါင်းကတော့ ခွက်နေပြီ.. ဘယ်နှစ်ကောင်လောက်နဲ့ ပြီးသွားပြီလဲမသိဘူး”
“သူဟာသူ ဘောင်းဘီတိုနဲ့ လှလှပြီထင်နေတာ.. သူ့ အခွက်ကြည့်ရင်အပေါစားမှန်းသိသာတယ်။”
“ဘော်ဒီလေးကမဆိုးပါဘူး..ဒါပေမယ့် အခွက်ကတော်တော်အချိုင့်နေပြီ.. ၁၀တန်းတုန်း ထမီရှည်ဝတ်ထားတော့ မသိသာဘူး.. အခု အတိုဝတ်မှ ဒင်းအတော်ကမြင်းထားမှန်းသိတော့တယ်”
“အန်ဒီရေ.. အန်ဒီသမီးတော့ ဒီမှာ အပြတ်ကို ခွက်နေပြီ..”
ဒါနဲ့ စီ စဉ်းပြီးစားကြည့်တယ်.. မြက်.. အဲ.ဟုတ်ပါဘူး..
ဒူးခေါင်း ချိုင့်တာ ပိန်တာ.. ပြည့်တာ..အရိုးငေါထွက်နေတာ နဲ့ ..မိန်းမတယောက်ရဲ့  တန်ဖိုးကို ဘာကြောင့်ဆုံးဖြတ်ရတာလဲလို့ ..
လူတွေပြောကြတော့ ယောက်ျားတွေဟာ Radicalတွေဆို..?
ခုတော့ ဒင်းတို့ က ကမြင်းတုန်းက ကမြင်းထားပြီးမှ.. “မိန်းမကောင်းမှန်ရင် ဒူးခေါင်းမှာကြည့်”ဆိုပြီးတော့ မိန်းမတယောက်၇ဲ့  တန်ဖိုးကိုအဲလိုဖြတ်ချင်ကြရင်..
ဒင်းတို့ ယောက်ျားတွေမှဟုတ်သေးကြရဲ့  လား.. အောင်ညငေး… ကြားကြလို့ မှကောင်းသေးရဲ့  လား အရပ်ကတို့ေ၇..
samsung galaxy s ll
April 9th, 2011
GALAXY S ll
အများသူငှာ  သိကြတဲ့အတိုင်းပဲ.. စီဟာ Samsung crazy ပါ..
သူ့ ဟာသူ ဘာတွေပဲထုတ်ထုတ် .. Samsung productလည်းဖြစ်..စီကြိုက်တဲ့ productလည်းဖြစ်နေရင်..
စီဝယ်ဖို့ ဝန်မလေးပါဘူး..။
လွန်ခဲ့ တဲ့ ၂လနီးပါးလောက်က Mobile World Congress 2011 မှာ samsumg က galaxy s ll ကို intro လုပ်ခဲ့ပါတယ်..။
အကြောင်းအမျိုးမျိုးကြောင့် စီ updateမလုပ်ခဲ့ပေမယ်.့.. သူသာ market ထဲရောက်လာရင် စီက ၀ယ်ဖို့ အသင့်စောင့်နေမှာပါ..။
လက်ရှိ galaxy s ကို android 2.2 လုပ်ပြီးကတည်းက စီ အတော်လေးကို သဘောကျမိတယ်..။
ဒါကြောင့်လည်း galaxy s ll ကို ဆက်သုံးမိချင်သွားတယ်..:)
http://www.samsung.com/global/microsite/galaxys2/html/feature.html
8/4/2011
April 8th, 2011
April 4th နေ့ က စီ ဒီ blog မှာ စပြီးရေးတာ ၂နှစ်ပြည့်သွားပြီ..။ အဲဒီနေ့ က စာမရေးဖြစ်ဘူး..။
web hosting လုပ်ထားတဲ့ websiteက ပိုက်ပိုက်မဖြတ်ရသေးတော့  blog ကdown သွားတယ်..။
အဲလိုပါပဲ… ပိုက်ဆံရှိရင် အရာအားလုံး မဖြည့်စွမ်းနိုင်ရင်တောင် အရာနီးပါးအားလုံးကို ဖြည့်စွမ်းနိုင်တာပါပဲ..
ဒီနှစ်နှစ်အတွင်းမှာ ဘ၀ဟာ အတက် အကျနဲ့ အမြဲပြောင်းလဲနေတယ်..။
အောင်မြင်ခြင်း ရှုံးနှိမ့်ခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်..
သိပ်ချစ်တဲ့ ယောက်ျားတယောက်ကို ချစ်လွန်းလို့ အကြိမ်ကြိမ် လက်လွှတ်ဆုံးရှုံးခဲ့၇တယ်..။
လူတယောက်ကို ချစ်နေရရင်ပြီးရော ဆိုတာ တကယ်တော့မလွယ်ပါဘူး..။
စီသာ အဲလို မျိုး လုပ်နိုင်၊နေနိုင်မယ်ဆိုရင် သူတောင် စီ့ဘ၀ထဲမှာ ရှိတော့မှာမဟုတ်ဘူး…
အဲဒီတချက်ကတော့ သေချာတယ်…။
မနေ့  က စင်ကာပူသတင်းစာထဲမှာ မြန်မာကောင်မလေး တယောက်
မနှစ်က ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ သတင်းတပုဒ်ပါလာတယ်..
နာမည်က khine thizarတဲ့ ။အသက် ၁၆နှစ်၊ pioneer secondary school မှာ sec 3 ကျောင်းသူလေးပေါ့..။ဘဲနဲ့ပြတ်ပြီး သကာလ… ဘဲက သူမရဲ့ facebookမှာ သူ မကို Loose woman လို insult commentတွေရေးလာပြီးနောက်ပြီး.. တိုက်ပေါ်ကခုန်ချသေသွားတာ…။
ကောင်မလေးက စီနဲ့ ဆို ၁၀နှစ်လောက်ကွာပါတယ်..။ဒါပေမယ့် သူ ကတော့ လောကကြီးထဲကနေ အရင်ထွက်သွားရှာပြီ..။
ယောက်ျားတယောက်ကြောင့်နဲ့ ကိုယ့် အသက်ပေးရလောက်အောင် စီ သတ္တိ မရှိတာအမှန်ပဲ..။
ချစ်သောမေမေက ပြောဖူးတယ်.. တန်ဖိုးရှိအောင်နေပါတဲ့ ..။
စီအ၇င်က ဒါတွေခေါင်းထဲမထည့်ခဲ့ဘူး..
ဘာလို့ လည်းဆိုတော့ ..ကိုယ့်မှာတန်ဖိုးရှိရင် တစုံတယောက်က အဲဒီတန်ဖိုးနဲ့ ညီမျှတဲ ပစ္စည်း တခုနဲ စီ့ ကိုလှဲသွားမှာစိုးလို့ …။ တန်ဖိုးမရှိတော့ အဖိုးလည်းဖြတ်လို့ မရတော့ဘူး..ဘာနဲ့မှလည်းလှဲလှယ်စရာမလို့ တော့ဘူး..။
အဲလိုမျိုးနေလာတာ အတော်လေးကြာခဲ့ပြီ..။
ခုတော့ ကိုယ့်ကိုကိုယ်တန်ဖိုးရှိအောင်နေတယ်.. ဒါပေမယ့်သူ များတွေကိုယ့်တန်ဖိုးကိုသိဖို့ မဟုတ်ဘူး..။
ကိုယ့်တန်ဖိုးကိုယ်သိဖို့ ပဲ..။
ကိုယ့်တန်ဖိုး ကိုကိုယ်သိနေရင်.. ကိုယ့်တန်ဖိုးထက်နည်းတဲ့ (သို့ ) မညီမျှတဲ့  အ၇ာတွေအတွက် ရူးရူးမိုက်မိုက်လုပ်ဖို့  မတွေးဖြစ်တော့ဘူး..။
ချစ်စရာ မုန်းစရာ
March 22nd, 2011
သိပ်မုန်းစရာ ကောင်းတဲ့လူတယောက်ရှိတယ်။ ဒါပေမယ့်အချိန်တော်တော်များများမှာ သူဟာ သိပ်ချစ်စရာကောင်းတဲ့သူတယောက်ဖြစ်နေတတ်တယ်။ဒီအကြောင်းကို သူ့ ကိုယ်သူလည်း သတိမထားမိဘူး။ သူကောင်မလေးကတော့ သိနေတယ်။ပြောပြလိုက်ရင် သူ ဘ၀င်မြှင့်သွားမှာစိုးလို့ ဒီအတိုင်းပဲထားထားလိုက်တယ်။ ကောင်မလေးကို အလိုလိုက်လွန်းလို့  ကောင်မလေးဟာ အမြဲတမ်းကလေးကြီးတယောက်ဖြစ်နေတတ်တယ်။
ဘယ်တော့များမှ လူကြီးဆန်အုံးမှာလည်းလို့ သူ ကမေးလိုက်တိုင်း မျက်လုံးပြူးပြီး လျှာပြန်ထုတ်ပြတဲ့  သူ့ ကောင်မလေးရဲ့ အမူအရာကိုမြင်တိုင်း “အင်း ဒီနှစ်လည်း မင်းလူကြီးဆန်မှာမဟုတ်သေးဘူး” သူ စိတ်ထဲကနေသိလိုက်တယ်။
တကယ်တော့ သူ လည်း ကလေးကြီးပါပဲ။ဒါပေမယ့် ကောင်မလေးအတွက် သူဟာ လူကြီးဆန်ချင်တယ်။ကောင်မလေးက အားကိုးရတဲ့ ယောက်ျားတယောက်ဖြစ်ချင်တယ်။ကောင်မလေးရဲ့  ကလေးဆန်ပြီးအနိုင်ကျင့်မှုတွေကို နှစ်တွေကြာလာတာနဲ့ အမျှ သူ နေသားကျလာပြီ။ တခါတလေ ကောင်မလေးနဲ့  အပြင်ထွက်တိုင်း သူရဲ့ ကလေးဆန်တဲ့ အပြုအမူတွေက မကြာခဏပေါ်လာတယ်။ကောင်မလေးကို အလိုလိုက်လွန်းလို့ 
တဖြည်းဖြည်းနဲ့ နှစ်ယောက်သားဟာ အသက်တွေကြီးလာတာနဲ့ အမျှ မရင့်ကျက်လာပဲ ငယ်ငယ်လာသလို ခံစားလာကြတယ်။
အချစ်ဟာ တခါတရံမှာ ဆန်းကြယ်သလို တခါတရံမှာ ရိုးရိုးလေးဖြစ်နေတတ်တယ်။
ပူလောင်ပါတယ်ဆိုခါမှ ချစ်သူလက်ကိုတွဲပြီး ပြုံးပြုံးကြီးလမ်းတွေလျှောက်ပစ်နေတတ်တယ်။ မုန်းစရာကောင်းတဲ့ ယောက်ျားတယောက်ကို ချစ်နေမိတာလည်း ချစ်စရာကောင်းတဲ့မိန်းမတယောက်ကို မုန်းနေတာနဲ့ သိပ်တော့ကွာမယ်မထင်ပါဘူး။
သတိရမိတယ်.. သူဘာတွေလုပ်နေလဲမသိဘူး..
သူသာ စီ့ဘေးမှာ ရှိတိုင်း စီဟာ အမြဲတိုင်း ကလေးကြီးဖြစ်နေမှာသေချာတယ်..
အရင်ကလည်း ဒီအတိုင်းပဲ..ခုလည်းဒီအတိုင်းပဲ..နောင်လည်းဒီအတိုင်းပဲဖြစ်နေချင်တယ်..
မေ့နေလိုက်တာ
February 19th, 2011
အကျဉ်းသားတွေကို ပေါ်တာအနေနဲ့ေ၇ှ့ တန်းမှာအသုံးကျတယ်ဆိုအချက်..။
ကျည်ဆံမကုန်ပဲ.. စစ်သားတွေအကုန်သေမယ့်နည်းကိုမေ့နေတယ်..။
အစာထဲမှာအဆိပ်ခတ်ပြီးသတ်ရုံပဲ..။ သူတို့ ကလည်းရှေးခတ်ကိုသွားနေတော့  ကိုယ့်တို့ ကလည်းရှေးနည်းသုံးရမယ်..။
ဘုရင်တွေစားတော်ထဲအဆိပ်ခတ်သတ်သလိုမျိုး..။
ရိက္ခာရှိပေမယ့်လည်း အစာအဆိပ်မိရင်သေမှာပဲ..။
ရိက္ခာမရှိပဲ ရှေ့ တက်လို့ မရဘူး..။
တပ်ရင်းတရင်းမှာ စစ်သားဘယ်လောက်ရှိမလဲ..။အစာ၀၀လင်လင်မစားရပဲ စစ်တိုက်နိုင်တဲ့ စစ်သားရှိမှာမဟုတ်ဘူး..။
တနပ်စာစားပြီ တခါတည်းသေမှာပဲ..။
စီကိုသာ ထောင်ထဲကနေ ရှေ့ တန်းကိုခေါ်ထုတ်လာလို့ ကတော့ ကိုယ်တယောက်သေ သူ အယောက်၁၀၀သေကြေးပဲ..။
သေရမယ့်အတူတူ တပ်ရင်းတရင်းလုံးပါ ကိုယ်နဲ့ အတူ သေရွာခေါ်သွားမှာ..။
စစ်မှုထမ်းရလို့ တော့ ကွာ… ငှင်း..ငှင်းငှင်း… အကုန်သေပြီသားမှတ်…။စားဖို မှူးတာဝန်ကို volunteerလုပ်ပစ်လိုက်မယ်.. ဂျား…….
foxie အထူးသဖြင့် မိန်းမတယောက်နဲ့ ဆွေးနွေးရာမှာ အစကတော့ လူကြီးသူကောင်းလိုနဲ့ .. နောက်ဆုံး ကြံရာမရ..ပြောစရာ မရပဲ.. လီးပဲဆိုပြီး တလီးတည်းလီးနေတဲ့ ..ယောက်ျားမျိုးကို အင်မတန် အင်မတန် သနားတယ်..။ 2 months ago[*]
:where ya? about 1 year ago