အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ဗိုလ်ချုပ်ထိန်မောင် ရဲ့ စခန်းကို စစ်အစိုးရဘက်ကနေ စတိုက်တယ်ဆိုတဲ့သတင်းတပုဒ်ကိုမဖတ်ချင်ပဲဖတ်လိုက်ရတယ်..
နိဝင်ဘာကနေ ဇန်န၀ါရီလဟာ မြန်မာစစ်တပ်ရဲ့ calendar ထဲမှာ ကရင်လူမျိုးအတွက် privilege ပေးတဲ့ကာလလားမသိဘူး
စီ အရင့်အရင်က ရေးခဲ့တဲ့အတိုင်းပဲ.. စစ်အစိုးရမှာ လုပ်စရာကနှစ်ခုပဲရှိတယ်..
ကရင်တွေနဲ့ စစ်တိုက်မယ်.. ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မယ်၊ပြန်ဖမ်းမယ်..။ဒီ၂ခုလေးသာလုပ်တတ်နိုင်ကြေးဆိုရင်တော့  စီတောင် မြန်မာနိုင်ငံရဲ့ ဗြဲစီတန့် ဖြစ်နေတာကြာပြီ..။နှစ်တိုင်း မိုးအကုန် ဆောင်းအ၀င် နိုဝင်ဘာလကစလို့ ဇန်န၀ါရီအထိ စစ်တပ်က ကရင်စစ်တပ်တွေရှိတဲ့နေရာကိုအမြဲထိုးစစ်သွားဆင်တယ်..။သူ့ ခမျာလည်း တရုတ်ပြည်က ၀ယ်ထားတဲ့ ပေါချောင်ကောင်း လက်နက်တွေဒီနည်းနဲ့ မှမသုံးရင် ဖုန်တက်ပြီး ပစ်လို့ မရမှာစိုးလို့ နဲ့ တူတယ်..။
အရင်က ကရင် အချင်းချင်းတိုက်ပေးတယ်။ခု သူတို့ ကိုတိုက်ပေးတဲ့ သူ တို့ နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ကရင်တွေကိုတောင် ပြန်တိုက်နေတယ်။ဒီစစ်အစိုးရပြောတာကို ယုံတဲ့တိုင်းရင်းသားဆိုလို့ ကရင်လူမျိုးပဲရှိတယ်..အဲဒါကြောင့်လည်းခံနေ၇တာ..
ဘယ်တိုင်းရင်းသားမှ ကချင်-ကချင်ချင်းတိုက်တာတို့ ၊ရှမ်း-ရှမ်းချင်းတိုက်တာတို့ ၊မွန်-မွန်ချင်းတိုက်တာတို့ မရှိဘူး။
အစိုးရရဲ့ flowက တခါလာလည်းဒါကြီးပဲ.. ကရင်တွေနဲ့ စစ်တိုက်ပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကိုပြန်ဖမ်းမယ်..။ လူတွေဆူဆူပူပူလုပ်လာရင် ပြန်လွှတ်ပေးမယ်. ဒါပေမယ့် စိတ်ပြောင်းသွားအောင် ကရင်တွေနဲ့ ပြန်တိုက်မယ်..။စစ်အစိုးရဆိုတာ ဒါနဲ့ ပဲလုပ်စားနေတာ.. ဒါကြောင့်လည်း တိုင်းပြည်ကမတိုးတက်တာ။
ဘောလုံးကန်တာတောင် အဆင့်ကလည်းမရှိဘူး။သူများနိုင်ငံတွေ ဘောလုံးအသင်းမှာနိုင်ငံခြားနည်းပြတွေထားတဲ့အချိန်မှာ.. မြန်မာလူမျိုးတွေဘယ်လောက်ကိုယ့်အမျိုးကိုယ်ချစ်လည်းဆိုရင် သုံးစားမရတဲ့မြန်မာလူမျိုးစစ်စစ်နည်းပြနဲ့ ဘောလုံးသွားကန်သေးတယ်။ စိတ်ကလည်း ဒိတ်ကနဲဆို ထိပ်ပဲ။.. မြန်မာဘောလုံးသမားတွေကို နိုင်ငံခြားပြိုင်ပွဲသွားမကန်ခိုင်းခင်.စစ်ကိုင်းချောင်မှာ ၆လလောက် တရားသွားထိုင်ခိုင်းရမယ်။
ဘောလုံးကန်တာပဲ ရုပ်ရှင်ရိုက်နေတာမှမဟုတ်တာ။တွန်းမှာပဲ..တိုက်မှာပဲ ကန်မှာပဲ ညစ်မှာပဲ သူညစ်ကိုယ်ညစ် သူတိုက် ကိုယ်တိုင် သူ တွန်း ကိုယ်တွန်း…အဲဒါကိုပဲ။ ကိုယ် ၄ ၅ခါလောက်အဆော်ခံရပြီဆိုရင် sportmanshipစိတ်ဓါတ်ကမရှိတော့ဘူး..။
စင်ကာပူနဲ့ ကန်တိုင်းမြန်မာရှုံးခဲ့ရတာမှာ သူတို့ စိတ်သူတို့ မထိန်းနိုင်လို့ ။ စင်ကာပူ တချက်တချက် မသိမတာနဲ့ ဆော်တာ.. အဲဒါကိုပဲ ကမ္ဘာပျက်မယ့်အတိုင်းပဲ..။အကွက်ပျက်ပြီး ချကုန်ေ၇ာ။
အဲဒါလည်းအမှတ်မရှိဘူး..။asean cupတိုင်းဒီအချိုးပဲ။
မြန်မာနိုင်ငံမှာအမှတ်မရှိတဲ့ သူများကိုပြပါဆိုရင် အစိုးရပြောတာကိုယုံပြီး ငြိမ်းချမ်းယူထားတဲ့ ကရင်တပ်နဲ့ 
အားကစားစိတ်ဓါတ်မရှိပဲ ဘောလုံးဆိုတာ ကန်လို့ ရရင်ပြီးရော ထင်နေကြတဲ့ မြန်မာဘောလုံးအသင်းကိုပြရမယ်..
အလိမ်ခံရတဲ့သူတွေကတော့  မြန်မာစစ်အစိုးရရွှီးနေတာကို အဟုတ်ကြီးထင်နေတဲ့  ကရင်စစ်တပ်က ကဗိုလ်ချူပ်တွေနဲ့ ..
ဒီတခါ မြန်မာဘောလုံးအသင်းက ဘာဖြစ်တယ်..ညာဖြစ်တယ်..ဘာဖြစ်ရမယ်..ညာဖြစ်ရမယ်.. ဘာရမယ် ညာရမယ်နဲ့  ရွှီးနေတာကို အဟုတ်ထင်နေတဲ့ မြန်မာဘောလုံးဝါသနာရှင်တွေပဲ..။
ဘာပဲဖြစ်ဖြစ် စီကတော့ဒီလူတွေအတွက်မိုးရွာပါစေလို့ ပဲဆုတောင်းပေးတယ်။ ကရင်လူမျိုးတွေနဲ့ စစ်တိုက်တဲ့အခါ မိုးရွာလို့ မြန်မာစစ်တပ်ဘက်က ကျည်ဆံရေစိုပြီး ပစ်မရပါစေနဲ့ လို့ ..။
အဲလိုပဲ မြန်မာဘောလုံးအသင်းကန်တဲ့အခါ မိုးရွာပြီး တဖက်အသင်းအကွက်ပျက်ပါစေလို့ ..။
မြန်မာဘောလုံးအသင်းက ကန်ပဲကန်တတ်တာ။မိုးရွာရင် သူဟာ သူကန်ချင်သလိုကန်လို့ ရပြီလေ။သူ တို့ ကအကွက်တွေဦးနှောက်တွေသုံးတတ်မှာမဟုတ်ဘူး။နည်းပြကိုအားကိုးမယ့်အစား မိုးဒေ၀ါကိုအားကိုးတာမှ အကျိုးရှိအုံးမယ်။နအဖကို အားကိုးမယ့်အစား မိုးဒေ၀ါကိုအားကိုးတာက ပိုအကျိုးရှိတယ်.. ဗိုလ်ချုပ်ထိန်မောင်တို့ ရေ..။
အောင်မြတ်လေး..ရေးရတာ အသက်တို လိုက်တာ.. အဘိုးသာရှိလို့ ကတော့ ထဆဲမှာသေချာတယ်။